Connect with us

International Organizations

မက်ဒရစ် ဒါဘီတွင် အက်သလက်တီကို အနိုင်ရရှိပြီးနောက် ဘာစီလိုနာက ရီးရဲလ် ဆိုစီဒက်ကို အနိုင်ယူကာ အမှတ်ပေးဇယားထိပ်ဆုံးသို့ ရောက်ရှိလာ

စပိန်နိုင်ငံ ဘာစီလိုနာမြို့ရှိ Olimpico Lluis Companys ဘောလုံးအားကစားကွင်း၌ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၈ ရက်က ဘာစီလိုနာအသင်းနှင့် ရီးရဲလ် ဆိုစီဒက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါပွဲစဉ်တွင် ဘာစီလိုနာအသင်းမှ လာမင်း ယမားလ် (အလယ်) ဂိုးကန်သွင်းရန် ကြိုးပမ်းနေစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)
‌စက်တင်ဘာ ၂၈ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ်၌ ဘာစီလိုနာက ရီးရဲလ် ဆိုစီဒက်အား အိမ်ကွင်း၌ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့် ပွဲစဉ်-၇ အပြီးတွင် အမှတ်ပေးဇယားထိပ်ဆုံးသို့ တက်လှမ်းနိုင်ခဲ့ကာ အဆိုပါပွဲစဉ်တွင် လာမင်း ယမားလ်က လူစားဝင်လာပြီးနောက် အသင်းအတွက် အနိုင်ဂိုးကို ဖန်တီးပေးခဲ့သည်။
ဘာကာနည်းပြ ဟန်ဆီ ဖလစ်ခ်က ယခုပွဲစဉ်၌ ၁၇ နှစ်သားအရွယ် ဆယ်ကျော်သက်ကစားသမား ဒရိုအား ကွင်းလယ်တိုက်စစ်နေရာတွင် စတင်ပွဲထွက်ခွင့်ပေးခဲ့ပြီး ဒါနီ အိုလ်မိုနှင့် ဖယ်ရန် တောရက်စ်တို့မှာမူ အရန်ခုံ၌သာ ရှိနေခဲ့သည်။
ဘာကာက တစ်ပွဲလုံးနီးပါး ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် ကစားနိုင်ခဲ့သော်လည်း အန်ဒါ ဘာရန်နယ်တဲယား၏ ဖန်တီးပေးမှုမှတစ်ဆင့် အယ်လ်ဗာရို အော့ဒရီယိုဇိုလာက ပိုင်ပိုင်နိုင်နိုင် အဆုံးသတ်နိုင်ခဲ့သဖြင့် ဆိုစီဒက်အသင်း အဖွင့်ဂိုးရရှိခဲ့သည်။
ထို့နောက် ပထမပိုင်းမပြီးဆုံးမီတွင် မားကပ်စ် ရက်ရှ်ဖို့ဒ်၏ ထောင့်ကန်ဘောကန်တင်ပေးမှုကို ဂျူးစ် ခွန်ဒဲက အပြင်းခေါင်းတိုက်ကာ ဂိုးသွင်းယူခဲ့သဖြင့် တစ်ဖက်တစ်ဂိုးစီ သရေဖြစ်သွားခဲ့သည်။ သို့သော် ပွဲချိန် ၅၈ မိနစ်တွင် ယမားလ် လူစားဝင်လာပြီးနောက် ပွဲမှာ ပိုမိုစိတ်လှုပ်ရှားစရာကောင်းလာခဲ့သည်။
ယမားလ် လူစားဝင်လာပြီး တစ်မိနစ်အကြာတွင် ၎င်း၏ဖြတ်တင်ဘော ပေးပို့မှုအား ရောဘတ် လီဝန်ဒေါစကီးက ခေါင်းတိုက်သွင်းယူခဲ့သဖြင့် ဘာစီလိုနာအသင်း အနိုင်ဂိုးရရှိသွားခဲ့သည်။
ပွဲချိန်နှောင်းပိုင်းတွင် ဆိုစီဒက်အသင်းမှ တာကဲဖုဆာ ခုဘို၏ကန်ချက်နှင့် ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးတို့၏ ကန်ချက်များမှာ တိုင်ထိထွက်ခဲ့သလို ယမားလ်၏ သွင်းဂိုးတစ်ဂိုးမှာလည်း လူကျွံနေသည့်အတွက် ပယ်ဖျက်ခံခဲ့ရသည်။
စက်တင်ဘာ ၂၇ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် မက်ဒရစ်ဒါဘီပွဲစဉ်တွင် အက်သလက်တီကို မက်ဒရစ်က ရီးရဲလ်မက်ဒရစ်အား အိမ်ကွင်း၌ ၅-၂ ဂိုးဖြင့် အနိုင်ယူကာ ရီးရဲလ်၏ ရာသီအစပိုင်းတွင် ရာနှုန်းပြည့် နိုင်ပွဲဆက်နေမှုကို ရပ်တန့်နိုင်ခဲ့သလို အက်သလက်တီကို၏ ချန်ပီယံမျှော်လင့်ချက်များမှာလည်း ပြန်လည်ရှင်သန်လာခဲ့သည်။
အပြန်အလှန်သွင်းဂိုးများဖြင့် အကြိတ်အနယ်ရှိခဲ့သည့် ပထမပိုင်းတွင် ရော်ဘင် လီနော်မန်းက ခေါင်းတိုက်၍ အက်သလက်တီကိုအတွက် အဖွင့်ဂိုးသွင်းယူခဲ့သော်လည်း ကီလီယန် အမ်ဘာပေနှင့် အာဒါ ဂူလာတို့က ရီးရဲလ်အတွက် ချေပဂိုးနှင့် ဦးဆောင်ဂိုးများ သွင်းယူခဲ့ကာ ပထမပိုင်း မပြီးဆုံးမီတွင် အလက်ဇန်းဒါး ဆော်လော့သ်က အားပါသော ခေါင်းတိုက်ချက်ဖြင့် ချေပဂိုးသွင်းယူခဲ့သဖြင့် ၂ ဂိုးစီ သရေကျနေခဲ့သည်။
ဒုတိယပိုင်းတွင်မူ အက်သလက်တီကိုက အသာစီးရသွားခဲ့ပြီး အာဒါ ဂူလာက နစ်ကို ဂွန်ဇာလက်ဇ်ကို အဝင်ကြမ်းသဖြင့် ရရှိခဲ့သည့် ပင်နယ်တီကို ဟူလီယန် အယ်လ်ဗာရက်ဇ်က အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့သလို အဆိုပါ အာဂျင်တီးနား ကစားသမားကပင် အလွတ်တည်ကန်ဘောမှတစ်ဆင့် လှလှပပ ဂိုးထပ်မံသွင်းနိုင်ခဲ့သဖြင့် ၄-၂ ဂိုး ဖြစ်သွားခဲ့သည်။
ရီးရဲလ်မက်ဒရစ်အနေဖြင့် အက်သလက်တီကိုအား ပြန်လည်တုံ့ပြန်ကစားနိုင်ခြင်းမရှိဘဲ နာကျင်အချိန်ပိုတွင် ဂရီးဇ်မန်းက အက်သလက်တီကိုအတွက် ပဥ္စမဂိုး ထပ်မံသွင်းယူခဲ့သဖြင့် အက်သလက်တီကိုအသင်း ထိုက်ထိုက်တန်တန် နိုင်ပွဲရရှိခဲ့သည်။
ဗီလာရီးရဲလ်နှင့် အက်သလက်တစ် ဘီဘာအိုတို့ ပွဲစဉ်မှာမူ ဖျော်ဖြေမှုပေးနိုင်သည့် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့သော်လည်း အယ်လ်ဘာတို မိုလီရို၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် ဗီလာရီးရဲလ်က အိမ်ကွင်း၌ အနိုင်ရရှိခဲ့ပြီး တတိယနေရာ၌ ရပ်တည်လျက်ရှိသည်။
ဆီဗီလာနှင့် ရာယိုဗယ်လက်ကာနိုအသင်းတို့၏ ပွဲစဉ်၌ ဆီဗီလာက အက်ကော အဒမ်စ်၏ နောက်ကျသွင်းဂိုးဖြင့် ခဲရာခဲဆစ် အနိုင်ကစားခဲ့ပြီး ဆီဗီလာဂိုးသမား အိုဒစ်ဆီစ် ဗလာဟိုဒီမော့စ်က ခြေစွမ်းအသာစီးဖြင့် တိုက်စစ်ဆင်နေသည့် ရာယိုအသင်း၏ ဂိုးကန်သွင်းချက်များကို လက်စွမ်းပြကာကွယ်သွားခဲ့ကာ ပွဲချိန် ၈၇ မိနစ်တွင်မူ အဒမ်စ်က အနိုင်ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။ (Xinhua)

စပိန်နိုင်ငံ ဘာစီလိုနာမြို့ရှိ Olimpico Lluis Companys ဘောလုံးအားကစားကွင်း၌ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၈ ရက်က ဘာစီလိုနာအသင်းနှင့် ရီးရဲလ် ဆိုစီဒက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါပွဲစဉ်တွင် ဘာစီလိုနာ ကစားသမား ဂျရတ် မာတင် (ယာ) နှင့် ရီးရဲလ် ဆိုစီဒက်ကစားသမား ပတ်ဘလို မာရင်တို့ ဘောလုံးယှဉ်လုရန် ကြိုးပမ်းနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

 

…………………………..
(English Version)
Barca go top after beating Real Sociedad after Atletico’s big derby win
MADRID, Sept. 28 (Xinhua) — FC Barcelona went to the top of La Liga after the seventh round of games after Lamine Yamal came off the bench to set up the winning goal in a 2-1 triumph at home to Real Sociedad.
Barca coach Hansi Flick handed a first start to 17-year-old Dro in attacking midfield, while Dani Olmo and Ferran Torres were on the subs’ bench.
Barca controlled nearly all of the ball, but were undone by Ander Barrenetxea, who set up Alvaro Odriozola for a simple finish.
Jules Kounde made it 1-1 just before halftime with a powerful header from Marcus Rashford’s corner but the game was in the balance before Yamal was brought on as a 58th minute substitute.
His first action was to cross for Robert Lewandowski to head in what turned out to be the winning goal, just a minute later.
Takefusa Kubo hit the post for Real Sociedad and Lewandowski did the same for Barca in the closing minutes while Yamal also had a goal ruled out for offside.
Atletico Madrid won Saturday’s Madrid derby 5-2 at home to Real Madrid to end Real’s perfect start to the season and to keep its own title hopes alive.
In a topsy-turvy first half Robin Le Normand headed Atletico ahead, only for Kylian Mbappe and Arda Guler to put Real ahead, before Alexander Sorloth’s powerful header made it 2-2 at the break.
The second half belonged to Atletico, with Arda Guler’s high foot on Nico Gonzalez gifting the home side a penalty that Julian Alvarez slotted away, before the Argentinean scored a wonderful free kick to make it 4-2.
Real Madrid had no answer and Antoine Griezmann rounded off a fine win with Atletico’s fifth goal in injury time.
Villarreal is third after Alberto Moleiro scored the only goal of an entertaining match as Villarreal won 1-0 at home to Athletic Bilbao.
Sevilla produced a smash and grab act to win away to Rayo Vallecano, with Akor Adams scoring a late goal in the 1-0 win after goalkeeper, Odysseas Vlachodimos saved everything a dominant Rayo threw at him, before Adams sneaked the points with his 87th minute winner.
English Caption 1
Lamine Yamal (C) of FC Barcelona shoots during the La Liga football match between FC Barcelona and Real Sociedad in Olimpico Lluis Companys Stadium in Barcelona, Spain, on Sept. 28, 2025. (Photo by Joan Gosa/Xinhua)
English Caption 2
Gerard Martin (R) of FC Barcelona vies with Pablo Marin of Real Sociedad during the La Liga football match between FC Barcelona and Real Sociedad in Olimpico Lluis Companys Stadium in Barcelona, Spain, on Sept. 28, 2025. (Photo by Joan Gosa/Xinhua)
English Caption 3
Marcus Rashford (R) of FC Barcelona vies with Alvaro Odriozola of Real Sociedad during the La Liga football match between FC Barcelona and Real Sociedad in Olimpico Lluis Companys Stadium in Barcelona, Spain, on Sept. 28, 2025. (Photo by Joan Gosa/Xinhua)