Africa & Middle East
အီဂျစ်နိုင်ငံက တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်စွာဆက်ဆံရန် အသင့်ရှိဟု ဒုတိယဝန်ကြီးချုပ် ဆို

ကိုင်ရို၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)
အီဂျစ်နိုင်ငံသည် အထူးသဖြင့် စီးပွားရေးကဏ္ဍတွင် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရန် အသင့်ရှိကြောင်း အီဂျစ်နိုင်ငံစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာ ဒုတိယဝန်ကြီးချုပ်၊ စက်မှုလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး Kamel El-Wazir က စက်တင်ဘာ ၁ ရက်၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် အီဂျစ်နိုင်ငံတို့သည် ထိပ်တန်းကုန်သွယ်ဖက်များဖြစ်ကြောင်း တရုတ်ကုမ္ပဏီများကို အီဂျစ်တွင် ပိုမိုရင်းနှီးမြှုပ်နှံရန် တွန်းအားပေးရန်မျှော်လင့်ကြောင်း El-Wazir က ထုတ်ပြန်ချက်တွင် အလေးထားပြောကြား ပြောကြားခဲ့သည်။
အီဂျစ်နိုင်ငံသမ္မတ Abdel-Fattah al-Sisi ၏ သံတမန်အဖြစ် El-Wazir သည် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်ရန် တရုတ်နိုင်ငံသို့လာရောက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အီဂျစ်-တရုတ် ဆက်ဆံရေး ခိုင်မာမှုကိုထင်ရှားစေခဲ့ပြီး အီဂျစ်နိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ၂၀၁၄ ခုနှစ်မှ စတင်၍ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ထူထောင်ခဲ့ကြောင်း ဒုတိယဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
နှစ်နိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည့် တရုတ်-အီဂျစ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အကောင်အထည်ဖော်မှုကို ညွှန်းဆိုကာ El-Wazir က ယင်းသဘောတူညီမှုသည် ယမန်နှစ်များတွင် ရရှိခဲ့သည့် ခိုင်မာသေချာသော တိုးတက်ဖြစ်ထွန်းမှုများအပေါ် အခြေခံ၍ နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် လမ်းပြမြေပုံအဖြစ် ဆောင်ရွက်ပေးကြောင်း ပြောကြားခဲ့သည်။
El-Wazir သည် တရုတ်နိုင်ငံတွင် ရောက်ရှိနေစဉ်အတွင်း တရုတ်နိုင်ငံမှ အဓိကကုမ္ပဏီကြီးများ၏ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုအများအပြား အပါအဝင် အီဂျစ်နိုင်ငံစျေးကွက်သို့ တရုတ်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်ရန် ကြိုးပမ်းသွားမည်ဖြစ်သည်။ (Xinhua)
……………………..
(English Version)
Egypt eyes closer ties with China: deputy PM
CAIRO, Sept. 1 (Xinhua) — Egypt’s Deputy Prime Minister for Industrial Development and Minister of Industry and Transport Kamel El-Wazir said on Monday that his country is ready to further develop relations with China, especially in the economic sector.
In a statement, El-Wazir highlighted that China is Egypt’s top trading partner, voicing his hope to encourage more Chinese companies to invest in Egypt.
According to the statement, El-Wazir is traveling to China as an envoy of Egyptian President Abdel-Fattah al-Sisi to participate in the events commemorating the 80th anniversary of the victory in the Chinese People’s War of Resistance Against Japanese Aggression and the World Anti-Fascist War.
Underscoring the strength of the Egyptian-Chinese relationship, the deputy prime minister noted that Egypt and China have established a comprehensive strategic partnership since 2014.
Referring to an implementation outline of the China-Egypt comprehensive strategic partnership, signed by the two countries in 2024, El-Wazir said the agreement serves as a roadmap for developing and elevating bilateral relations based on tangible achievements from previous years.
El-Wazir’s stay in China includes several meetings with leaders and representatives of major Chinese companies to discuss cooperation, as well as efforts to attract more Chinese investments into the Egyptian market.
Photo: Photo taken on Aug. 17, 2022 shows the construction site of the Central Business District (CBD) project in Egypt’s new administrative capital in east of Cairo, Egypt. (Xinhua/Wang Dongzhen)