Asia
တိုယိုတာ၏ ကမ္ဘာ့ရောင်းအား သြဂုတ်လတွင် ၂.၂ ရာခိုင်နှုန်းမြင့်တက်

တိုကျို၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)
တိုယိုတာမော်တာကော်ပိုရေးရှင်းက ရှစ်လဆက်တိုက်ရောင်းအား မြင့်တက်နေရာတွင် သြဂုတ်လ၌ ကမ္ဘာ့ရောင်းအား ယမန်နှစ်အလားတူကာလထက် ၂.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စုစုပေါင်းအစီးရေ ၈၄၄,၉၆၃ စီး ရောင်းချခဲ့ရကြောင်း ပြည်ပဝယ်လိုအားကောင်းလျက်ရှိကြောင်း စက်တင်ဘာ ၂၉ ရက်က ပြောကြားခဲ့သည်။
ယမန်နှစ်ထက် ပြည်ပရောင်းအား ၄.၄ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ယခုလအတွက် စံချိန်တင်အဖြစ် ၇၄၈,၆၉၄ စီး ရောင်းချခဲ့ရသည်။ အမေရိကန်နိုင်ငံ၏မော်တော်ယာဥ်စည်းကြပ်ခွန် မြင့်မားသည့် သက်ရောက်မှုရှိသော်လည်း ဟိုက်ဘရစ်ကားများ ဝယ်လိုအားခိုင်မာမှုကြောင့် အမေရိကန်နိုင်ငံတွင် ရောင်းအား ၁၃.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၂၂၅,၃၆၇ စီးရောင်းချခဲ့ရကြောင်း တိုယိုတာကားကုမ္ပဏီက ပြောကြားခဲ့သည်။
ဆန့်ကျင်ဘက်အနေနှင့် ထုတ်လုပ်မှုရပ်ဆိုင်းခြင်းများကြောင့် ဖြန့်ဝေမှုနှောင့်နှေးကာ ပြည်တွင်းရောင်းချမှုတွင် ၁၂.၁ ရာခိုင်နှုန်းကျဆင်းပြီး ၉၆,၂၆၉ စီးသာ ရောင်းချခဲ့ရကြောင်း တိုယိုတာက ထပ်မံပြောကြားခဲ့သည်။
တစ်ချိန်တည်းတွင် ကမ္ဘာတစ်ဝန်းတွင် ထုတ်လုပ်မှု ၄.၉ ရာခိုင်နှုန်းမြင့်တက်ကာ ၇၄၄,၁၇၆ စီး ထုတ်လုပ်ခဲ့သည်။ ယမန်နှစ်ထုတ်လုပ်မှုအဆင့်ထက် သုံးလဆက်တိုက်ကျော်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကားကုမ္ပဏီက ပြီးခဲ့သည့်နှစ်က အသိအမှတ်ပြုလက်မှတ် ပြဿနာဖြစ်ပြီးနောက်ပိုင်း ပြန်လည်ကောင်းမွန်လာခဲ့ပြီး ပြည်တွင်းထုတ်လုပ်မှု ၁၂ ရာခိုင်နှုန်း မြင့်တက်ကာ ၂၀၇,၉၉၀ စီးရှိခဲ့ပြီး အမေရိကန်နိုင်ငံတွင် ထုတ်လုပ်မှု ၁၉ ရာခိုင်နှုန်း တိုးတက်လာပြီး ၁၂၆,၀၈၁ စီး ရှိခဲ့ကြောင်းပြောကြားခဲ့သည်။ (Xinhua)
……………………………
(English Version)
Toyota global sales rise 2.2 pct in August
TOKYO, Sept. 29 (Xinhua) — Toyota Motor Corp. said Monday its global sales in August climbed 2.2 percent from a year earlier to 844,963 vehicles, rising for the eighth straight month as strong overseas demand held firm.
Overseas sales increased 4.4 percent from a year earlier to 748,694 vehicles, a record high for the month, with sales in the United States growing 13.6 percent to 225,367 units, driven by a robust demand for hybrid vehicles despite the impact of higher U.S. auto tariffs, the automaker said.
In contrast, domestic sales fell 12.1 percent to 96,269 units, affected by delayed deliveries due to output suspensions, Toyota added.
Meanwhile, global production rose 4.9 percent to 744,176 units, exceeding the previous year’s level for the third consecutive month.
The carmaker said production in the United States grew 19 percent to 126,081 units, while domestic output went up 12 percent to 207,990 units, helped by a rebound following a certification scandal last year.
Photo : This photo taken on July 8, 2025 shows a logo of Japanese automaker Toyota in Tokyo, Japan. (Xinhua/Jia Haocheng)