Africa & Middle East
အာဖဂန်နစ္စတန်အရှေ့ပိုင်းတွင် ငလျင်ကြောင့် လူဦးရေ ၁,၁၂၄ ဦးသေဆုံး၊ ၃, ၂၅၁ ဦးဒဏ်ရာရ

ကဘူးလ်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန် အရှေ့ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူဦးရေ ၁,၁၂၄ ဦး အထိရှိလာပြီး ဒဏ်ရာရသူ ၃,၂၅၁ ဦး ရှိခဲ့ကြောင်း စက်တင်ဘာ ၃ ရက် အာဖဂန်လခြမ်းနီအဖွဲ့ အဆိုအရ သိရသည်။
ငလျင်ကြောင့် အဓိကအားဖြင့် Kunar ပြည်နယ် က ဒေသခံ နေအိမ်ပေါင်း ၈,၀၀၀ ကျော်မှာ လုံးဝနီးပါးနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ရကြောင်း အာဖဂန်လခြမ်းနီအဖွဲ့ သတင်းထုတ်ပြန်ရေး ခေါင်းဆောင် Juma Khan Nayeel က ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ကူညီကယ်ဆယ်ရေးအဖွဲ့များက အပျက်အစီးများအောက် ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်၊ ထုတ်ယူ လျက်ရှိပြီး ငလျင်ကြောင့် အသေအပျောက်နှင့်ဒဏ်ရာရသူ နောက်ဆုံးစာရင်း မထုတ်ပြန်ရသေးကြောင်း သိရသည်။
အဆိုပါငလျင်သည် အာဖဂန်နစ္စတန်အရှေ့ပိုင်းတွင် သြဂုတ် ၃၁ ရက် ဒေသစံတော်ချိန် ည ၁၁း၄၇ နာရီအချိန်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး နန်ဂါဟာပြည်နယ် မြို့တော်ဂျလာလာဘတ်၏ အရှေ့မြောက်ဘက် ၂၇ ကီလိုမီတာ၊ မြေအောက်အနက် ၈ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

အာဖဂန်နစ္စတန်နိုင်ငံ Kunar ပြည်နယ် Nurgal ခရိုင်တွင် ငလျင်ကြောင့်ထိခိုက်ခဲ့ရသည့် နေရာတစ်ခုကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
……………………..
(English Version)
Eastern Afghanistan earthquake death toll rises to 1,124, 3,251 injured
KABUL, Sept. 2 (Xinhua) — The death toll from the powerful earthquake that struck eastern Afghanistan has climbed to 1,124, with 3,251 others injured, according to the Afghan Red Crescent Society on Tuesday.
Over 8,000 residential houses, primarily in Kunar province, have been completely or partially destroyed due to the earthquake, Juma Khan Nayeel, head of information and publication at the Afghan Red Crescent Society, told Xinhua.
Relief and rescue teams are working to pull out people trapped under the rubble, and the figures for fatalities and injuries have not yet been finalized.
The earthquake struck the eastern part of Afghanistan at 11:47 p.m. local time on Aug. 31, with the epicenter located 27 km northeast of Jalalabad, the capital of Nangarhar province, at a depth of eight km.
Photo : This photo taken on Sept. 1, 2025 shows a view of the earthquake-hit area in Nurgal district of Kunar province, Afghanistan. (Photo By Saifurahman Safi/Xinhua)