Connect with us

Asia

ကမ္ဘောဒီးယားတွင် ပညာရေးမြှင့်တင်မှုစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၀၅ သန်းကို ကမ္ဘာ့ဘဏ် အတည်ပြု

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ဒီစီရှိ ကမ္ဘာ့ဘဏ်ရုံးချုပ်အား ၂၀၂၂ ခုနှစ် ဧပြီ ၂၀ ရက်က တွေ့မြင်ရစဥ် (ဆင်ဟွာ)

ဖနွမ်းပင်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံတွင် ကလေးငယ်ဦးရေ ၁.၇ သန်းကျော်ကို အကျိုးပြုမည့် ပညာရေးမြှင့်တင်မှု စီမံကိန်းတစ်ခုအား ပံ့ပိုးရန် ချေးငွေနှင့် ထောက်ပံ့ငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၀၅ သန်းကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က စက်တင်ဘာ ၁ ရက် သတင်းထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။
ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ နှင့် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၅ သန်း ပါဝင်သည့် အဆိုပါအတည်ပြုလိုက်သော ပမာဏကို အရှေ့တောင်အာရှနိုင်ငံဖြစ်သော ကမ္ဘောဒီးယားနိုင်ငံတစ်ဝန်းရှိ မူလတန်းကျောင်းများတွင် အခြေခံစာတတ်မြောက်မှုနှင့် ဂဏန်းသင်္ချာတတ်မြောက်ကျွမ်းကျင်မှုများ အားကောင်းလာစေရန်အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အဆိုပါစီမံကိန်းကလည်း အစောပိုင်းကလေးသူငယ်ပညာရေးနှင့် ကလေးပြုစုစောင့်ရှောက်ရေး ဝန်ဆောင်မှုများကို လက်လှမ်းမီနိုင်စေရန် ချဲ့ထွင်ပေးမည်ဖြစ်ပြီး သင်ကြားမှုအရည်အသွေး မြှင့်တင်ပေးခြင်း၊ ကျောင်းအခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ပေးခြင်း၊ ပညာရေးစီမံခန့်ခွဲမှုစနစ်များကို အားကောင်းလာစေခြင်းတို့ကိုလည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………..
(English Version)
World Bank approves 105 mln USD for education improvement project in Cambodia
PHNOM PENH, Sept. 1 (Xinhua) — The World Bank has approved a total of 105 million U.S. dollars in credit and grant to support an education improvement project in Cambodia, expected to benefit over 1.7 million children, said its press release on Monday.
The approved amount, including a 100-million-dollar credit and a 5-million-dollar grant, will be used to strengthen foundational literacy and numeracy skills in primary schools across the Southeast Asian country, the press release said.
The project will also expand access to early childhood education and childcare services, improve teaching quality, upgrade school infrastructure, and strengthen education management systems. ■
English Caption
Photo taken on April 20, 2022 shows the World Bank headquarters in Washington, D.C., the United States. (Xinhua/Liu Jie)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.