International Organizations
ချဲလ်ဆီးကြယ်ပွင့်ဟောင်း ဝီလီယံကို ခေါ်ယူရန် ဂရီမီယို စဥ်းစားနေ

ရီယိုဒီဂျနေးရိုး၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)
ဂရီမီယိုအသင်းက ချဲလ်ဆီးကွင်းလယ်ကစားသမားဟောင်း ဝီလီယံအား အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် စဉ်းစားနေကြောင်း ဘရာဇီးမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
အသက် ၃၇ နှစ်အရွယ် ဝီလီယံမှာ ပရီးမီးယားလိဂ်ကလပ်အသင်း ဖူဟမ်တွင် လေးလကြာကစားပြီးနောက် မေလ၌ လမ်းခွဲခဲ့ပြီးကတည်းက အသင်းမရှိသေးပေ။
Globo Esporte ၏ ဖော်ပြချက်အရ ဝီလီယံက MLS နှင့် ဆော်ဒီအာရေဗျရှိ ကလပ်များ၏ စိတ်ဝင်စားမှုကိုလည်း ဆွဲဆောင်ထားကြောင်း သိရသည်။
ဂရီမီယိုအသင်းက လက်ရှိ၌ ဘရာဇီးစီးရီးအေ အမှတ်ပေးဇယားတွင် အဆင့် ၁၃ နေရာ၌ ရပ်တည်နေပြီး တန်းဆင်းဇုန်နှင့် ၃ မှတ်သာ ကွာဝေးသည်။
ဝီလီယံက ကစားသမားဘ၀တွင် ဘရာဇီးအသင်းအတွက် ပွဲပေါင်း ၇၀ ကစားထားပြီး Corinthians ၊ Shakhtar Donetsk ၊ ချဲလ်ဆီးနှင့် အာဆင်နယ်တို့ အပါအဝင် အခြားကလပ်အသင်းများ၌လည်း ကစားဖူးကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
Ex-Chelsea star Willian on Gremio radar
RIO DE JANEIRO, Sept. 1 (Xinhua) — Gremio is considering a move to sign former Chelsea midfielder Willian on a free transfer, according to media reports in Brazil.
The 37-year-old has been without a club since parting ways with Fulham in May after just four months in his second spell at the Premier League club.
He has also attracted the interest of clubs in the MLS and Saudi Arabia, according to Globo Esporte.
Gremio is currently 13th in Brazil’s Serie A standings, just three points clear of the relegation zone.
Willian has been capped 70 times for Brazil in a career that has included spells at Corinthians, Shakhtar Donetsk, Chelsea and Arsenal, among other clubs. ■
English Caption
Fulham’s Willian Borges da Silva (L) challenges Manchester City’s Manuel Akanji during the English Premier League match between Manchester City FC and Fulham FC in Manchester, Britain, on Sept. 2, 2023. (Xinhua)