International Organizations
တရုတ်ကုမ္ပဏီ Midea က ဘာစီလိုနာဘောလုံးအသင်းကို ငါးနှစ်တာ ကူညီထောက်ပံ့မည်

မက်ဒရစ်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)
တရုတ်အိမ်အသုံးအဆောင်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ Midea သည် ၂၀၂၆-၂၀၂၇ လာလီဂါဘောလုံးရာသီမှစတင်၍ ၂၀၃၀-၂၀၃၁အထိ ငါးနှစ်တာ ကလပ်အသင်း၏ အဓိကမိတ်ဖက်နှင့်တရားဝင်အိမ်သုံးကုန်ပစ္စည်းမိတ်ဖက်အဖြစ် ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဘာစီလိုနာဘောလုံးအသင်းက စက်တင်ဘာ ၂ ရက်တွင် ကြေညာခဲ့သည်။
သဘောတူညီမှုအရ Midea ၏အမှတ်တံဆိပ်ကို ဘာစီလိုနာလက်ရွေးစင်အသင်း အင်္ကျီနှင့် လေ့ကျင့်ရေး ဂျာစီအင်္ကျီ ဘယ်ဘက်လက်မောင်းတွင် တပ်ဆင်မည်ဖြစ်ပြီး ဘာစီလိုနာအသင်း ဒုတိယဥက္ကဋ္ဌ Rafael Yuste နှင့် Midea နိုင်ငံတကာစီးပွားရေးဌာနဥက္ကဋ္ဌ Lewis Fu တို့ ကလပ်ရုံးခန်းတွင်ပြုလုပ်သည့် အခမ်းအနားတွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
“ဘာစီလိုနာဘောလုံးအသင်းအတွက် ဂုဏ်ယူစရာတစ်ခုဖြစ်ကြောင်း ၂၀၂၆-၂၇ ဘောလုံးရာသီမှစ၍ ဘာကာမိသားစုကြီးမှ ကြိုဆိုပါကြောင်း” Yuste က ပြောကြားခဲ့သည်။
ကုမ္ပဏီ၏ ခေတ်မီအိမ်အသုံးအဆောင်ပစ္စည်းနယ်ပယ်တွင် ဦးဆောင်မှုနှင့် ၎င်းလုပ်ဆောင်နေသည့် သုတေသနနှင့်တီထွင်ဆန်းသစ်မှုသည် အနာဂတ်ဆီသို့ရှေးရူနေသည့် ဘာစီလိုနာဘောလုံးအသင်း၏ စိတ်ဓာတ်နှင့်လုံးဝကိုက်ညီကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
“ယခု မိတ်ဖက်ဆောင်ရွက်မှုသည် ဘာစီလိုနာအမှတ်တံဆိပ်၏စွမ်းပကားကို ထပ်မံသရုပ်ဖော်ပေးပြီး ဘာစီလိုနာသည် ၎င်းတို့၏စီမံကိန်းများအတွက် အကောင်းဆုံး ပလက်ဖောင်းအဖြစ် ကမ္ဘာတစ်ဝန်းမှကုမ္ပဏီများကို ဆွဲဆောင်မှု တစ်ခုဖြစ်ကြောင်း Yuste က ဆက်လက်ပြောကြားခဲ့သည်။
တစ်ချိန်တည်းတွင် ဘာစီလိုနာသည် အချိန်တိုင်းအတွက် အအောင်မြင်ဆုံးကလပ်အသင်း တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်း ရေပန်းအစားဆုံးအားကစားအသင်းတစ်ခုဖြစ်ကြောင်း Lewis Fu ကလည်း ပြောကြားခဲ့သည်။
“Midea နဲ့ဘာစီလိုနာအသင်းတို့ဟာ အားကစားကွင်းအတွင်းရော ကွင်းပြင်ပမှာပါ ကမ္ဘာ့နံပါတ်တစ် ဖြစ်မယ့်ရေရှည်မိတ်ဖက်ဆောင်ရွက်မှုကို ကျွန်တော်တို့ရှေ့ဆက်ကြမှာဖြစ်တယ်” ဟု Fu က ပြောကြားခဲ့သည်။
Midea အုပ်စု၏တစ်စိတ်တစ်ပိုင်းဖြစ်သည့် Midea ကို ၁၉၆၈ ခုနှစ်တွင် တရုတ်နိုင်ငံ၌ စတင်တည်ထောင်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းတွင် ဝန်ထမ်းပေါင်း ၁၉၀,၀၀၀ ကျော်အထိရှိလာပြီး ကုမ္ပဏီ၏ဝင်ငွေ အမေရိကန် ဒေါ်လာ ၅၇.၅ ဘီလီယံ ရရှိခဲ့ကြောင်းသိရသည်။ (Xinhua)
…………………
(English Version)
Chinese company Midea to sponsor FC Barcelona for 5-year period
MADRID, Sept. 2 (Xinhua) — FC Barcelona announced on Tuesday that the Chinese home appliance company, Midea, will sponsor the club as a Main Partner and Official Home Appliances Partner for a five-year period from the start of the 2026-27 La Liga season until the 2030-31 campaign.
The deal will see Midea’s logo on the left sleeve of Barca’s first team and training jersey, with the contract signed in a ceremony by Barcelona’s first vice-president Rafael Yuste and president of Midea International Business Lewis Fu at the Club offices.
Yuste said it would “be an honor for FC Barcelona to welcome Midea, starting from the 2026-27 season, into the great Barca family.”
He highlighted the company’s “leadership in the field of smart home solutions and its commitment to research and innovation are perfectly aligned with the spirit of an FC Barcelona that looks to the future.”
“This alliance once again demonstrates the power of the Barca brand as a magnet for companies from around the world that see FC Barcelona as the best platform for their projects,” continued Yuste.
Meanwhile Lewis Fu said that Barca was “one of the most successful clubs of all time and one of the most popular sports teams in the world.”
“We look forward to a long partnership where Midea and FC Barcelona are the world’s No. 1 on and off the field,” Fu said.
Midea forms part of the Midea Group, which was founded in China in 1968 and has grown to have over 190,000 global employees and in 2024, the company created revenue of 57.5 billion U.S. dollars.
Photo : This photo taken on April 15, 2025 shows the booth of China’s Midea Group during the 137th edition of the China Import and Export Fair in Guangzhou, south China’s Guangdong Province. (Xinhua/Deng Hua)