Connect with us

International Organizations

နယူးကာဆယ်ယူနိုက်တက်အား အီဆက်ခ်ကျေးဇူးတင်စကားဆို

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့၌ အာဆင်နယ်နှင့်ကစားခဲ့သည့် လိဂ်ဖလားဆီမီးဖိုင်နယ် ပထမအကျော့ပွဲတွင် နယူးကာဆယ်အတွက် ဂိုးသွင်းခဲ့ကြသည့် အန်တိုနီဂေါ်ဒွန် (ဝဲ) နှင့် အလက်ဇန်းဒါး အီဆက်တို့အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်ကတွေ့ရစဥ်(ဆင်ဟွာ)

လန်ဒန်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)
အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးရက်တွင် လီဗာပူးလ်အသင်းသို့ ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်း (အမေရိကန်ဒေါ်လာ ၁၆၇ သန်း) ဖြင့် ပြောင်းရွှေ့နိုင်ခဲ့ပြီးနောက် နယူးကာဆယ်ယူနိုက် တက်အား တိုက်စစ်မှူး အီဆက်က နှုတ်ဆက်ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆွီဒင်တိုက်စစ်မှူး အီဆက်ခ်က နယူးကာဆယ်ကို ကိုယ်စားပြုကစားခွင့်ရခဲ့ခြင်းအား ဂုဏ်ယူစရာအဖြစ် ဖော်ပြခဲ့သည်။ အလားတူ တိုင်းဆိုက်ဒ်ကို နှုတ်ဆက်ခွဲခွာခြင်းနှင့်အတူ ကလပ်ပရိသတ်များ ရင်ထဲထိရှစေသည့် အလေးအနက်ကျေးဇူးတင်စကားကို ပြောကြားခဲ့ခြင်းဖြစ်သည်။
အီဆက်မှာ ၂၀၂၂ ခုနှစ်အတွင်း ရီးရဲလ်ဆိုစီဒက်မှ နယူးကာဆယ်သို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ကာ အချိန်တိုအတွင်း အဓိကကစားသမားတစ်ဦးလည်းဖြစ်လာခဲ့သည်။ အီဆက်၏ အမှတ်ရဖွယ် အကောင်းဆုံးစွမ်းဆောင်မှုမှာ လွန်ခဲ့သည့် မတ်လအတွင်းက ကာရာဘောင်းဖလား ဗိုလ်လုပွဲတွင် လီဗာပူးလ်ကို ၂-၁ ဖြင့်အနိုင်ရခဲ့ရာ၌ အီဆက်က ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး နယူးကာဆယ်အတွက် နှစ်ပေါင်း ၇၀ အတွင်း အဓိကကျသည့် ပထမဆုံးဖလားတစ်လုံးကို ရယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့အောင်မြင်မှုများရခဲ့သော်လည်း နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်း အီဆက်က နယူးကာဆယ်မှ ထွက်ခွာခွင့်ပြုရန် တောင်းဆိုခဲ့သည်။ ထို့အတူ လက်ရှိရာသီတွင်လည်း နယူးကာဆယ်အတွက် ကစားပေးခဲ့ခြင်းမရှိပေ။ ပြောင်းရွှေ့ခွင့်ရရေးအတွက် ကစားပေးရန် ငြင်းဆန်ခဲ့ခြင်းနှင့်အတူ အီဆက်ကိုလည်း နယူးကာဆယ်က ပထမအသင်း လူစာရင်းမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။
နယူးကာဆယ်ကမူ အီဆက်ထွက်ခွာသွားမှုကို ကလပ်၏ တရားဝင်ဝက်ဆိုက်မှ တိုတောင်းသည့် ထုတ်ပြန်ချက်ဖြင့် အတည်ပြုခဲ့သည်။ အီဆက်ကမူ အန်ဖီးလ်တွင် ကစားသမားဘ၀ အခန်းသစ် မစတင်မီ ရှည်လျားသောခံစားချက်အပြည့်နှုတ်ဆက်စာကို အင်စတာဂရမ်တွင် ပို့စ်တင်ရေးသားခဲ့ ခြင်းဖြစ်သည်။
“ကျွန်တော်တို့ အတူလက်တွဲခဲ့ကြတဲ့ မမေ့နိုင်ဖွယ် ၃ နှစ်တာ ကာလအတွက် နယူးကာဆယ်ကစားဖော်တွေ၊ ဝန်ထမ်းတွေ၊ နယူးကာဆယ်မြို့၊ အံ့ဩဖွယ်ရာကောင်းတဲ့ ပရိသတ်တွေကို အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်” ဟု အီဆက်က အင်စတာဂရမ်တွင် ပို့စ်တင်ရေးသားခဲ့ခြင်းဖြစ်သည်။
အလားတူ “ကျွန်တော်တို့ အတူတကွသမိုင်းရေးထိုးနိုင်ခဲ့ကြပါတယ်။ နယူးကာဆယ် အမှန်တကယ် ပိုင်ဆိုင်တဲ့ နေရာကို ပြန်လည်ရောက်ရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့ကြပါတယ်။ ဒီခရီးစဉ်တစ်လျှောက် အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့တာကလည်း ဂုဏ်ယူစရာပါပဲ။ နှစ်ပေါင်း ၇၀ ကျော်အတွင်း ပထမဆုံး ဖလားတစ်လုံး ရယူပေးနိုင်ခဲ့သလို ချန်ပီယံလိဂ်ကစားခွင့်ရအောင် စွမ်းဆောင်နိုင်ခဲ့ကြတာပါ။ ထာ၀ရ ကျေးဇူးတင်လျက်ပါ နယူးကာဆယ်”ဟု အီဆက်ခ်က ဆက်လက်ရေးသားခဲ့ခြင်းဖြစ်သည်။ (Xinhua)
………………….
(English Version)
Isak expresses gratitude to Newcastle United
LONDON, Sept. 2 (Xinhua)
Striker Alexander Isak has bid farewell to Newcastle United after completing a British record 125 million-pound (167 million U.S. dollars) move to Liverpool on transfer deadline day.
The Swedish international described it as “an honor” to represent Newcastle, thanking the club’s supporters in a heartfelt message as he departs Tyneside.
Isak joined the Magpies from Real Sociedad in 2022 and quickly became a key figure. His most memorable moment came in March when he scored in the Carabao Cup final to help Newcastle defeat Liverpool 2-1 and secure its first major trophy in 70 years.
Despite his success, the 25-year-old requested a move during the summer and did not feature in the current campaign after being frozen out of the first-team squad amid reports he had refused to play to force the transfer.
The club confirmed his exit with a short statement on its official website, while Isak posted a longer personal reflection before starting his new chapter at Anfield.
“I want to express my gratitude to my teammates, the staff, and above all, the city of Newcastle and all the amazing supporters for the three unforgettable years we shared together,” Isak wrote on Instagram.
“Together, we have written history and brought the club to the place where it truly belongs. It has been an honor to be part of the journey, from reaching the Champions League to winning the first trophy in over 70 years. Forever grateful. Thank you, Newcastle,” he added. ■

Photo:
Newcastle United’s goal-scorers Anthony Gordon (L) and Alexander Isak talk after the English Football League Cup semifinal 1st leg match between Arsenal and Newcastle United in London, Britain, Jan. 7, 2025. (Xinhua)