Asia
အထွေထွေရွေးကောက်ပွဲအတွက် အောက်လွှတ်တော်အား ဖျက်သိမ်းရန် ထိုင်းယာယီဝန်ကြီးချုပ် ကြိုးပမ်း

ဘန်ကောက်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)
ထိုင်းယာယီအစိုးရအနေဖြင့် အောက်လွှတ်တော်ကို ဖျက်သိမ်းရန် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ထိုင်းယာယီဝန်ကြီးချုပ် ဖွမ်ထမ် ဝီချာယာချိုင်းက စက်တင်ဘာ ၃ ရက်၌ ကြေညာခဲ့ရာ အထွေထွေရွေးကောက်ပွဲအား စောစီးစွာကျင်းပဖွယ်ရှိသည့် အခြေအနေသို့ ဦးတည်လျက်ရှိသည်။
အောက်လွှတ်တော်အား ဖျက်သိမ်းရေးအတွက် ဘုရင်မဟာဝဇီရာလောင်ကွန်းထံမှ စက်တင်ဘာ ၂ ရက်၌ ခွင့်ပြုချက်တောင်းခံထားကြောင်းနှင့် ဘုရင်၏ ခွင့်ပြုမိန့်ကို စောင့်ဆိုင်းနေကြောင်း ဖွမ်ထမ်က အစိုးရအိမ်တော်၌ သတင်းထောက်များအား ပြောကြားခဲ့သည်။
စိန်ခေါ်မှုများ ဆက်လက်တည်ရှိနေသည်ကို ထောက်ရှု၍ စီးပွားရေး ထပ်မံကျဆင်းမှုကို ဟန့်တားနိုင်ရေးအတွက် နိုင်ငံရေးတည်ငြိမ်မှုကို ပြန်လည်ဆောင်ကြဉ်းပေးရန် မုချလိုအပ်နေကြောင်း၊ သို့ဖြစ်၍ ဥပဒေအကြံပေးအဖွဲ့နှင့် ဆွေးနွေးတိုင်ပင်ပြီးနောက် ဆုံးဖြတ်ချက်ချနိုင်သည့် အခွင့်အာဏာကို မဲဆန္ဒရှင်များထံ ပြန်လည်အပ်နှင်းခြင်းက ကျိုးကြောင်းဆီလျော်မှုရှိသည့် လုပ်ထုံးလုပ်နည်း ဖြစ်လာမည်ဖြစ်ကြောင်း ၎င်းက အလေးအနက်ပြောကြားခဲ့သည်။
“မိမိအနေနဲ့ ယာယီဝန်ကြီးချုပ်တစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်အရ သဘောထားအမြင် အသီးသီးကို စေ့စေ့စပ်စပ် ပြန်လည်သုံးသပ်ခဲ့ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီမိုကရေစီဖြစ်စဉ်နဲ့အညီ ပြဿနာကို ဖြေရှင်းရာမှာ ထည့်သွင်းသုံးသပ်နိုင်စေဖို့ အခြေအနေကို ဘုရင့်ထံ တင်ပြဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု ၎င်းက ဆိုသည်။
အာဏာရ ဖြူထိုင်းပါတီအနေဖြင့် အောက်လွှတ်တော်တွင် အမတ်နေရာအများစုကို ဆုံးရှုံးခဲ့ရသလို ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ်ထရာအား ကျင့်ဝတ်ချိုးဖောက်မှုဖြင့် လွန်ခဲ့သည့် သီတင်းပတ်က ရာထူးမှဖယ်ရှားခဲ့ပြီးနောက် ဖြူထိုင်းပါတီအနေဖြင့် အစိုးရသစ်ဖွဲ့စည်းရန် ရုန်းကန်နေရချိန်တွင် ပါလီမန်ကို ဖျက်သိမ်းမည့် ကြိုးပမ်းမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၏ အဓိက အတိုက်အခံပါတီဖြစ်သည့် ပြည်သူ့ပါတီက လာမည့် ပါလီမန်ရွေးကောက်ပွဲအတွက် ကြိုတင်တွေးဆလျက် Bhumjaithai ပါတီခေါင်းဆောင် အနူတင် ချန်ဗီရာကူးလ်အား ဝန်ကြီးချုပ်နေရာအတွက် ထောက်ခံမည်ဟု စက်တင်ဘာ ၃ ရက်က ဆုံးဖြတ်ခဲ့သည်။
ဖြူထိုင်းပါတီကမူ ယင်း၏ တစ်ဦးတည်းသော ဝန်ကြီးချုပ်လောင်းအဖြစ် ကျန်ရှိနေသူအား အမည်စာရင်းတင်သွင်းနိုင်ရန် ကြိုးပမ်းသည့်အနေဖြင့် အောက်လွှတ်တော် အမတ်နေရာ သုံးပုံတစ်ပုံနီးပါးကို ထိန်းချုပ်ထားသော ပြည်သူ့ပါတီ၏ ထောက်ခံမှုကို ရရှိရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
Acting Thai PM seeks to dissolve lower house for general election
BANGKOK, Sept. 3 (Xinhua) — Thailand’s acting Prime Minister Phumtham Wechayachai announced on Wednesday that his caretaker government has moved to dissolve the lower house of parliament, potentially leading to an early general election.
Speaking to reporters at the government house, Phumtham confirmed that a decree to disband the House of Representatives was submitted to King Maha Vajiralongkorn on Tuesday and now awaits royal approval.
Given ongoing challenges, Phumtham said restoring political stability was essential to prevent further economic decline, stressing that the appropriate course of action would be to return decision-making authority to the electorate after discussions with the legal team.
“In my capacity as acting prime minister, I have reviewed all these opinions thoroughly and decided to report the situation to the King for his consideration in resolving the problem in accordance with the democratic process under the constitution,” he said.
The move to seek parliament dissolution came as the ruling Pheu Thai Party lost its majority in the lower house and is struggling to form a new government following a constitutional court ruling that removed Paetongtarn Shinawatra from her premiership over ethics violations last week.
The Southeast Asian country’s main opposition, the People’s Party, on Wednesday decided to back Bhumjaithai Party leader Anutin Charnvirakul as the next prime minister in anticipation of the parliamentary vote.
The Pheu Thai Party had sought support from the People’s Party, which controls nearly a third of lower house seats, in a bid to nominate its only remaining prime ministerial candidate, Chaikasem Nitisiri. ■
English Caption
Thai Deputy Prime Minister and Interior Minister Phumtham Wechayachai is pictured at the government house in Bangkok, Thailand, July 3, 2025. (Thai government house/Handout via Xinhua)