Asia
ရာသီဥတုမူဝါဒအခြေခံဘတ်ဂျက်ထောက်ပံ့မှု အစီအစဉ်အတွက် AIIB မှ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံကို ဘင်္ဂလားဒေ့ရှ် ချေးယူ

ဒါကာ၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)
ရာသီဥတုမူဝါဒအခြေခံဘတ်ဂျက်ထောက်ပံ့မှုအစီအစဉ်အောက်မှ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံကို အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ထံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တောင်းခံချေးယူ လိုက်ကြောင်း သိရသည်။
တာဝန်ရှိသူများ၏ အဆိုအရ အဆိုပြုထားသည့် ဘတ်ဂျက်ထောက်ပံ့ရေးချေးငွေအား ရေရှည် တည်တံ့သည့်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများကို အကောင်အထည်ဖော်မည့်အစိုးရအစီအမံများ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ရာသီဥတုဆိုင်ရာမူဝါဒများကို အားဖြည့်လုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်း အင်္ဂလိပ်သတင်းစာတစ်စောင်ဖြစ်သည့် Financial Express ၏ စက်တင်ဘာ ၂ ရက် သတင်းဖော်ပြမှုအရ သိရသည်။
အဆိုပြုချက်တောင်းခံချက်အရ ချေးငွေ၏ ပထမဆုံးအသုတ်အား ၂၀၂၅ ခုနှစ်အတွင်း ရရှိဖွယ်ရှိသလို နောက်အသုတ်အား ၂၀၂၆ ခုနှစ်အတွင်း ရရှိမည်ဖြစ်ကြောင်း၊ နောက်ဆုံးအသုတ်မှာမူ ၂၀၂၈ ခုနှစ်တွင် ရရှိမည်ဖြစ်ကြောင်း သတင်းဖော်ပြမှုအရ သိရသည်။
ထောက်ပံ့ရေးအစီအစဉ်အောက်တွင် စွမ်းအင်ဌာန၊ လျှပ်စစ်ဌာန၊ အိမ်ယာနှင့်ပြည်သူ့လုပ်ငန်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဝန်ကြီးဌာနများက ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သတင်းဖော်ပြမှုအရ သိရသည်။ (Xinhua)
………………………..
(English Version)
Bangladesh eyes 1.5 bln USD from AIIB for climate policy-based budget-support program
DHAKA, Sept. 2 (Xinhua) — Bangladesh has sought 1.5 billion U.S. dollars in credit from the Asian Infrastructure Investment Bank (AIIB) under its climate policy-based budget-support program.
Officials said proposed budget support aims to strengthen climate policies as part of government measures for pursuing sustainable development objectives, leading English newspaper the Financial Express (FE) reported Tuesday.
As per the proposal, the first tranche of the credit is expected to be available by this year while the next tranche may arrive next year and the final one in 2028, said the report.
The Energy Division, Power Division, Ministry of Housing and Public Works, and the Ministry of Agriculture would carry out reforms under the support program. ■
Photo:
This photo taken on June 11, 2025 shows the exterior view of headquarters of the Asian Infrastructure Investment Bank (AIIB) in Beijing, capital of China. (Xinhua/Li Xin)