International Organizations
အက်သလက်တီကို၏ကစားသမား ဘေနာ အူအတက်ခွဲစိတ်ပြီးနောက် အနည်းဆုံးတစ်လ နားရမည်

မက်ဒရစ်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)
အဲလက်စ်ဘေနာသည် စိုးရိမ်ဖွယ်ရာအူအတက်ရောင်ခြင်းကြောင့် ခွဲစိတ်မှုလုပ်ဆောင်ရန်လိုအပ်ကြောင်း ကလပ်က အတည်ပြုခဲ့ပြီးနောက် အက်သလက်တီကိုမက်ဒရစ်၏ စပိန်လက်ရွေးစင်ကစားသမား အဲလက်စ်ဘေနာသည် ပွဲဦးထွက်မကစားနိုင်သေးဘဲ အနည်းဆုံးနောက်လအထိ ရွှေ့ဆိုင်းရဖွယ်ရှိနေကြောင်း သိရသည်။
ကလပ်က အဆိုပါသတင်းကို ၎င်း၏တရားဝင်ဝက်ဘ်ဆိုက်မှ အတည်ပြုခဲ့ပြီး “ဘေနာ နေကောင်းပါတယ်၊ ဆေးရုံကဆင်းရဖို့မျှော်လင့်နေပါတယ်၊ အက်သလက်တီကိုမက်ဒရစ်နဲ့လေ့ကျင့်ခန်း ဘယ်အချိန်ပြန်ဆင်းမယ် ဆိုတာက သူ့ရဲ့နေပြန်ကောင်းမှုအပေါ်မူတည်နေပါတယ်” ဟု ရှင်းပြခဲ့သည်။
ဗီလာရီးရဲလ်မှ ပြောင်းရွေ့ကြေး ယူရိုသန်း ၄၀ ခန့် (အမေရိကန်ဒေါ်လာ ၄၆.၅ သန်း) ဖြင့် နွေရာသီအကုန်တွင် ပြောင်းရွှေ့လာပြီးနောက် ဘေနာသည် ပွဲကစားရခြင်းမရှိသေးကြောင်းသိရသည်။ ရာသီကြိုတွင်ဒဏ်ရာရခဲ့သည့် ဘေနာသည် လာလီဂါ ပထမပွဲစဥ်သုံးပွဲစလုံးတွင်လည်း ပါဝင်ကစားနိုင်ခြင်းမရှိခဲ့ပေ။
ဘေနာသည် အက်ဘလက်တီကိုအိမ်ကွင်းတွင် ၎င်း၏အသင်းဟောင်းနှင့်ကစားရမည့်ပွဲအတွက် အချိန်မီ ပြန်ကောင်းမည်ဟု မျှော်လင့်ထားခဲ့သော်လည်း ယခုအချိန်တွင်မူ အောက်တိုဘာ အစောပိုင်းအထိ ပါဝင်ကစားနိုင်ဖွယ်မရှိသေးကြောင်း သိရသည်။ (Xinhua)
……………………
(English Version)
Atletico’s Baena sidelined for at least a month after appendix operation
MADRID, Sept. 3 (Xinhua) — The debut of Spain international Alex Baena with Atletico Madrid will be delayed for at least another month after the club confirmed he has needed an operation for acute appendicitis.
The club confirmed the news on its official website, explaining that “Baena is feeling well and hoping to be released from hospital. When he is able to return to training with Atletico Madrid will depend on his recovery.”
Baena has yet to play for Atletico after joining from Villarreal in a move worth around 40 million euros (46.5 million U.S. dollars) over the summer. He suffered an injury in pre-season which kept him from playing in the first three matches in La Liga.
It had looked as if Baena would recover in time to play in Atletico’s home game against his former club, but it now seems certain he won’t be available until early October at the earliest.
Photo : Julian Alvarez(R) of Atletico de Madrid vies with Alex Baena of Villarreal CF during the LaLiga football match between Atletico de Madrid and Villarreal CF, in Madrid, Spain, Jan. 25, 2025. (Photo by Gustavo Valiente/Xinhua)