Connect with us

North America

ဗင်နီဇွဲလား ရွှေ့ပြောင်းနေထိုင်သူများအတွက် အကာအကွယ်ပေးထားသည့် အနေအထားကို အမေရိကန် ရပ်ဆိုင်း

ဝါရှင်တန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ခရစ္စတီ နိုအမ်က ဗင်နီဇွဲလားနိုင်ငံသားများအတွက် ယာယီကာကွယ်မှုအဆင့် (TPS) သတ်မှတ်ခြင်းကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း စက်တင်ဘာ ၄ ရက်၌ ကြေညာခဲ့သည်။
အဆိုပါ ၂၀၂၁ ခုနှစ် သတ်မှတ်ခြင်းသည် စက်တင်ဘာ ၁၀ ရက်၌ သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ယင်းအား အဆုံးသတ်မည့် ထိုကြေညာချက်မှာ အမေရိကန်ဖက်ဒရယ်အစိုးရဂျာနယ် Federal Register တွင် ဖော်ပြပြီးနောက် ရက်ပေါင်း ၆၀ အကြာ၌ စတင်အကျုံးဝင်မည်ဖြစ်သည်။
ဗင်နီဇွဲလားနိုင်ငံရှိ အခြေအနေများမှာ အကျိုးခံစားခွင့်ရှိသူများကို နေရပ်ပြန်ပို့ခြင်းမှ အကာအကွယ်ပေးကာ အမေရိကန်တွင် တရားဝင်အလုပ်လုပ်ခွင့်ပြုသည့် TPS နှင့် ကျိုးကြောင်းသင့်လျော်မှု မရှိတော့ကြောင်း အစိုးရဌာနများအကြား အပြန်အလှန်ပြန်လည်သုံးသပ်မှုများက တွေ့ရှိခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ခရီးသွားအကူအညီနှင့် အကန့်အသတ်ရှိသော ငွေကြေးဆွဲဆောင်မှုများ ကမ်းလှမ်းထားသည့် အမေရိကန်နိုင်ငံအတွင်းမှ ထွက်ခွာရေးအစီအစဉ်ကို အသုံးပြုရန် ဗင်နီဇွဲလားနိုင်ငံသားများအား ညွှန်ကြားထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အုပ်ချုပ်ရေးပိုင်းမှ ဗင်နီဇွဲလားရွှေ့ပြောင်းနေထိုင်သူများအတွက် အဆိုပါအကာအကွယ်များကို ပြန်လည်ရုပ်သိမ်းရန် အစောပိုင်းက ကြိုးပမ်းမှုများအား မေးခွန်းထုတ်ခဲ့သည့် မကြာသေးမီက တရားရုံး စီရင်ချက်များ ရှိခဲ့သော်လည်း ယခုကြေညာချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ပြည်နှင်ဒဏ်ပေးခြင်းများကို ဆက်လက်လုပ်ဆောင်ရန် အုပ်ချုပ်ရေးပိုင်းမှ ပြင်ဆင်နေချိန်၌ တရားရေးဆိုင်ရာ စိန်ခေါ်မှုများ ဆက်လက်ရှိနေဦးမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
U.S. ends protected status for Venezuelan migrants
WASHINGTON, Sept. 3 (Xinhua) — U.S. Secretary of Homeland Security Kristi Noem announced Wednesday that the United States will terminate the Temporary Protected Status (TPS) designation for Venezuelan nationals.
The 2021 designation is set to expire on Sept. 10, with the termination becoming effective 60 days after publication in the Federal Register.
The Department of Homeland Security said that interagency reviews found conditions in Venezuela no longer justify TPS, which shields beneficiaries from deportation and allows them to work legally in the United States.
Venezuelans are being directed to use a departure program offering travel assistance and limited financial incentives.
This move comes despite recent court rulings questioning earlier attempts by the administration of President Donald Trump to roll back protections. Legal challenges are expected to continue as the administration prepares to proceed with deportations. ■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.