Asia
လေဆိပ်အသစ်က နိုင်ငံတကာခရီးသွားဧည့်သည်များအတွက် တံခါးပေါက် ဖြစ်လာမည်ဟု ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်က ဆို

ဖနွမ်းပင်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်မန်နက်က စက်တင်ဘာ ၉ တွင် လုပ်ငန်းစတင်လည်ပတ်မည့် Techo နိုင်ငံတကာလေဆိပ် (TIA) သည် အရှေ့တောင်အာရှနိုင်ငံဖြစ်သော ကမ္ဘောဒီးယားသို့ လာရောက်မည့် နိုင်ငံတကာခရီးသွားဧည့်သည်များအတွက် တံခါးပေါက်အသစ်တစ်ခုဖြစ်လာမည်ဟု ပြောကြားခဲ့သည်။
4F အဆင့်ရှိ အဆိုပါလေဆိပ်သည် ကမ္ဘောဒီးယားနိုင်ငံဖနွမ်းပင်မြို့၏ လေဆိပ်သစ်ဖြစ်ကြောင်း သိရသည်။
“ကမ္ဘောဒီးယားနိုင်ငံအတွက် ကမ္ဘာ့နိုင်ငံများနှင့်ဆက်သွယ်မှုပိုမိုကျယ်ပြန့်စေမည့် နောက်ထပ်အခွင့်အလမ်း တစ်ရပ်ဖြစ်ပြီး အမျိုးသားစီးပွားရေး၊ ခရီးသွားလုပ်ငန်းနှင့် နိုင်ငံတကာစီးပွားရေးကို တိုးမြှင့်ရာတွင် ကဏ္ဍအားလုံး အတွက် အကျိုးကျေးဇူးရရှိစေမည်” ဟု ဟွန်မန်နက်က ၎င်း၏တရားဝင်လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
လေဆိပ်တည်ဆောက်မှုသည် ၂၀၃၀ ပြည့်နှစ်တွင် ဝင်ငွေအလယ်အလတ် အမြင့်ပိုင်းနိုင်ငံအဖြစ် ရောက်ရှိရန်၊ ၂၀၅၀ ပြည့်နှစ်တွင် ဝင်ငွေအမြင့်ပိုင်းနိုင်ငံအဆင့် ရောက်ရှိရန် စွမ်းဆောင်လျက်ရှိသည့် အစိုးရ၏ရည်မှန်းချက်နှင့် ကိုက်ညီကြောင်း ၎င်းကပြောကြားခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်စေပြီး စီးပွားရေးအခွင့်အလမ်းများ ကျယ်ပြန့်လာကာ ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာစေမည်ဖြစ်ကြောင်းသိရသည်။
“ကမ္ဘောဒီးယားနိုင်ငံသည် ကမ္ဘာတစ်ဝန်းမှ ခရီးသွားဧည့်သည်များကို နွေးထွေးစွာကြိုဆိုလျက်ရှိပြီး Techo နိုင်ငံတကာလေဆိပ်သည် နိုင်ငံတကာမစ်ရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းများ အတွက် တံခါးပေါက်သစ်အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယား လေဆိပ်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက်က အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံထား သည့် အဆိုပါလေဆိပ်သည် ဖနွမ်းပင်မြို့မှ ၂၀ ကီလိုမီတာခန့်အကွာရှိ ၂,၆၀၀ ဟက်တာ နေရာအကျယ်အဝန်း တွင် တည်ဆောက်ထားခြင်းဖြစ်သည်။
လေဆိပ်သည် ပထမအဆင့်အနေနှင့် တစ်နှစ်လျှင် ခရီးသွားဧည့်သည်စုစုပေါင်း ၁၃ သန်းအထိ ကိုင်တွယ် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး Airbus A380 ၊ ဘိုရင်း ၇၄၇ တို့ကဲ့သို့ ကမ္ဘာ့အကြီးဆုံးလေယာဥ်များဆင်းသက်ရပ်နား နိုင်မည်ဖြစ်သည်။ (Xinhua)
……………………
(English Version)
Cambodian PM says new airport “gateway” for international travelers
PHNOM PENH, Sept. 4 (Xinhua) — Cambodian Prime Minister Hun Manet said on Thursday that the Techo International Airport (TIA), scheduled to begin operations on Sept. 9, will serve as a new gateway for international travelers to the Southeast Asian country.
The 4F-level airport is the new airport for Phnom Penh, the capital of Cambodia.
“This marks another opportunity for Cambodia to broaden its global connections, bringing benefits across all sectors while boosting the national economy, tourism, and international business,” Hun Manet said in a post on his official social media platform.
The airport development has aligned with the government’s vision of achieving an upper-middle-income status by 2030 and a high-income status by 2050, he said, adding that it will boost investment, expand business opportunities, and enhance services.
“Cambodia warmly welcomes travelers from around the world, with Techo International Airport serving as a new gateway for international missions, business, and tourism,” he said.
Invested by Cambodia Airport Investment Co., Ltd, the 1.5-billion-U.S.-dollar airport has been developed on an area of 2,600 hectares, about 20 km from Phnom Penh.
The airport is capable of handling up to 13 million passengers a year in the first phase and accommodating the landing of the world’s largest aircraft such as Airbus A380 and Boeing 747.
Photo : This photo taken on Aug. 11, 2025 shows the interior of the Techo International Airport in Kandal province, Cambodia. (Photo by Phearum/Xinhua)