Asia
မလေးရှားနိုင်ငံကားထုတ်လုပ်ရေးလုပ်ငန်းပရိုတွန်က ပထမဆုံး EV ကားစက်ရုံဖွင့်လှစ်

ကွာလာလမ်ပူ၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)
မလေးရှားနိုင်ငံ အမျိုးသားကားထုတ်လုပ်ရေးလုပ်ငန်းပရိုတွန်သည် နိုင်ငံ၏စက်မှုလုပ်ငန်းခရီးလမ်းတွင် မှတ်တိုင်သစ်တစ်ခုဖြစ်လာမည့် ပထမဆုံးလျှပ်စစ်ကား စက်ရုံကို Perak ပြည်နယ်၌ စတင်ဖွင့်လှစ် လိုက်ပြီဖြစ်သည်။
အဆိုပါလုပ်ဆောင်မှုသည် ပရိုတွန်နှင့် ၎င်း၏ မဟာဗျူဟာမိတ်ဖက် Geely တို့မှတစ်ဆင့် မလေးရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား နီးကပ်စွာပူးပေါင်းလုပ်ဆောင်မှုကိုထင်ဟပ်လျက်ရှိပြီး နိုင်ငံ၏မော်တော်ကား ထုတ်လုပ်ရေးလုပ်ငန်း ပိုမိုမြင့်မားသောအဆင့်တစ်ခုသို့ရောက်ရှိရန် မောင်းနှင်ပေးလျက်ရှိကြောင်း စက်တင်ဘာ ၄ ရက် ဖွင့်ပွဲအခမ်းအနား၌ မလေးရှားနိုင်ငံဝန်ကြီးချုပ်အန်ဝါအီဗရာဟင်က အမှာစကား ပြောကြားခဲ့သည်။
“မော်တော်ကားလုပ်ငန်းနဲ့ စက်မှုလုပ်ငန်းနယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်တာဟာ အကျိုးအမြတ်အတွက် သာမက သူတို့ရဲ့နည်းပညာလွှဲပြောင်းပေးဖို့နဲ့ ဒေသခံတွေအတွက် စက်မှုလုပ်ငန်းတွေမှာပါဝင်နိုင်ဖို့ နေရာဖန်တီးပေးခြင်း စတဲ့ ဆန္ဒလည်း ပါဝင်တယ်ဆိုတာ သက်သေပြနေပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏နည်းပညာလွှဲပြောင်းဆောင်ရွက်ပေးရန် စိတ်ဝင်စားမှုနှင့် ဒေသခံအင်ဂျင်နီယာများကို လေ့ကျင့်ပေးနေမှုသည် ပုံမှန်ရင်းနှီးမြှုပ်နှံမှုမျိုးထက် ကျော်လွန်ကြောင်း မလေးရှားပြည်သူများကို အနာဂတ်မော်တော်ကားနည်းပညာကျွမ်းကျင်ရန်အတွက် ကူညီပေးနေခြင်းဖြစ်ကြောင်း အန်ဝါက အလေးပေးပြောကြားခဲ့သည်။
ပရိုတွန် EV စက်ရုံတည်ထောင်မှုသည် အဆင့်မြင့်နည်းပညာကျွမ်းကျင်တတ်မြောက်မှုကိုဦးစားပေးသည့် နိုင်ငံ၏ အဓိကမူဝါဒများနှင့်ကိုက်ညီကြောင်း အန်ဝါက ထပ်မံပြောကြားခဲ့သည်။
“အဆိုပါ EV မော်တော်ယာဥ်စက်ရုံဖွင့်လှစ်ခြင်းက မူဝါဒများစွာကို ဖြည့်စွမ်းပေးပါတယ်။ ပထမဦးစွာ ကျွန်တော်တို့ရဲ့ စွမ်းအင်ကူးပြောင်းခြင်းလို့ပြောရမယ့် ရာသီဥတုမူဝါဒ၊ ဒုတိယအနေနဲ့ ကျွန်တော်တို့ရဲ့ စက်မှုလုပ်ငန်းလမ်းပြမြေပုံနဲ့ အဓိကစီမံကိန်းလို့ခေါ်ဆိုရမယ့်အရာဖြစ်ပြီး အမျိုးသားမော်တော်ယာဥ် မူဝါဒကိုလည်း ဖြည့်စွမ်းပေးပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
……………………
(English Version)
Malaysia’s national carmaker Proton launches country’s first EV factory
KUALA LUMPUR, Sept. 5 (Xinhua) — Malaysia’s national carmaker Proton launched its first dedicated electric vehicle (EV) factory in Perak state, marking a new milestone in the country’s industrial journey.
This reflects close cooperation between Malaysia and China through Proton and its strategic partner, Geely, thus driving the country’s automotive industry to a higher level, Malaysian Prime Minister Anwar Ibrahim said in his officiating remarks at the launch on Thursday.
“This is proven because not only do they benefit from the collaboration in this field and industry, but their willingness to transfer technology and provide space for locals (to be involved in the industry),” he said.
Anwar emphasized that China’s willingness to engage in technology transfers and the training of local engineers has gone beyond typical investments, helping Malaysians to master future automotive technology.
He added that the development of the Proton EV factory is in line with the country’s key policies, which emphasize mastering high technology.
“The launch of this EV factory fulfils several policies. Firstly, our climate policy, namely the energy transition. Secondly, it also fulfils what we call our industrial roadmap and master plan… and, of course, the national automotive policy,” he said.
Photo : Proton’s newest model, the Proton X90 sports utility vehicle (SUV), is officially launched in Kuala Lumpur, Malaysia, May 7, 2023. (Xinhua/Zhu Wei)