North America
Google အား ဒဏ်ရိုက်ခြင်းကြောင့် ဥရောပသမဂ္ဂကိုလည်း စည်းကြပ်ခွန်တိုးကောက်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

ဝါရှင်တန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)
တစ်ဦးတည်းလက်ဝါးကြီးအုပ်ချုပ်ကိုင်ခြင်းကိုတိုက်ဖျက်သည့်ဥပဒေများအား ချိုးဖောက်မှုဖြင့် ဥရောပသမဂ္ဂ (EU) က Google ကို ယူရို ၂.၉၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃.၄၇ ဘီလီယံ) ဒဏ်ရိုက် ခဲ့ပြီးနောက် EU ကိုလည်း စည်းကြပ်ခွန်များ ပိုမိုတိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က စက်တင်ဘာ ၅ ရက်က ခြိမ်းခြောက်လိုက်သည်။
EU ၏ ဒဏ်ရိုက်မည့်ဆုံးဖြတ်ချက်ထွက်ပေါ်လာအပြီး ချက်ချင်းဆိုသလို ထရမ့်က ၎င်းပိုင်ဆိုင်သည့် Truth ဆိုရှယ်မီဒီယာတွင် ” ဥရောပကတော့ ဒီကနေ့မှာပဲ အမေရိကန်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Google ကို ဒေါ်လာ ၃.၅ ဘီလီယံ နောက်တစ်ကြိမ် ဒဏ်ရိုက်လိုက်ပြန်ပါပြီ။ အမေရိကန် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေနဲ့ အလုပ်အကိုင်တွေဆီ စီးဝင်လာမယ့် ငွေကြေးတွေကို ထိထိရောက်ရောက် ယူဆောင် လိုက်တာပါ။ တော်တော်လေးတရားမျှတမှုမရှိသလို အမေရိကန်အခွန်ထမ်းပြည်သူတွေအနေနဲ့လည်း ဒါကို လက်သင့်ခံမှာမဟုတ်ပါဘူး” ဟု တုံ့ပြန်ရေးသားခဲ့သည်။
“ကျွန်တော် အရင်ကပြောခဲ့ဖူးသလိုပါပဲ။ ကျွန်တော့်ရဲ့ အစိုးရက ဒီအရာတွေလိုမျိုး တစ်ဖက် စောင်းနင်းနိုင်တဲ့လုပ်ရပ်တွေကို လက်သင့်ခံဖို့ လုံး၀ခွင့်ပြုမှာမဟုတ်ပါဘူး။ အခွန်ထမ်း အမေရိကန် ကုမ္ပဏီတွေအပေါ် တရားမျှတမှုမရှိတဲ့ပြစ်ဒဏ်တွေ စွပ်စွဲချမှတ်လာခြင်းကို ပယ်ဖျက်နိုင်တဲ့ Section 301 ကို စတင်အသုံးပြုဖို့ ကျွန်တော့်ကို တွန်းအားပေးလိုက်တာပါပဲ” ဟုလည်း ထရမ့်က ထပ်လောင်း ရေးသားခဲ့သည်။
Google မှာ ပြိုင်ဘက်ကုမ္ပဏီများနှင့် ယှဥ်ပြိုင်ရာတွင် ပြိုင်ဆိုင်မှုအားသာချက်တစ်ခုရစေရန် ၎င်းတို့ပိုင်ဆိုင်သည့် ad exchanges (အွန်လိုင်း ကြော်ငြာနေရာလွတ်များကို ဝယ်ယူရောင်းချနိုင်သော ဒစ်ဂျစ်တယ် marketplace ပလက်ဖောင်း) များကို အသုံးပြုခွင့်ပေးခြင်းဖြင့် စျေးကွက်လွှမ်းမိုးမှုကို အသုံးချခဲ့ခြင်းကြောင့် Google ကုမ္ပဏီအား အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံနီးပါး ဒဏ်ရိုက်လိုက် ကြောင်း EU က စက်တင်ဘာ ၅ ရက်၌ ကြေညာခဲ့ခြင်းဖြစ်သည်။ အဆိုပါအပြုအမူများကို ဆက်မလုပ် ဘဲ ရပ်တန့်ရန်လည်း Google အား EU က ညွှန်ကြားခဲ့သည်။
ဘရပ်ဆဲလ်တွင်အခြေစိုက်သည့် EU က Google အား ကုမ္ပဏီများအကြား ယှဥ်ပြိုင်မှုဆိုင်ရာ ဥပဒေကိုချိုးဖောက်မှုဖြင့်ဒဏ်ရိုက်ခြင်းမှာ ယခုတစ်ကြိမ်နှင့်ဆိုလျှင် ၄ ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။
“Google ဟာ သူတို့လွှမ်းမိုးထားတဲ့ ad tech နယ်ပယ်မှာ မလျော်မကန်ပြုမူပြီး ကုန်ပစ္စည်းထုတ်လုပ်သူ တွေ၊ ကြော်ငြာရှင်တွေနဲ့ သုံးစွဲသူတွေကို နာကျင်ထိခိုက်စေခဲ့တယ်ဆိုတာ ဒီကနေ့ ဆုံးဖြတ်ချက်က ပြသနေပါတယ်” ဟု ဥရောပကော်မရှင်၏ ယှဥ်ပြိုင်မှုဆိုင်ရာဥပဒေ ထိပ်တန်းစည်းကမ်းထိန်းသိမ်းရေး မှူး ထရီဆရီဘီရာက ကြေညာချက်ထဲ၌ ထည့်သွင်းပြောကြားခဲ့သည်။
Google ကလည်း EU ၏ဆုံးဖြတ်ချက်အပေါ် အယူခံဝင်သွားမည်ဟု တုံ့ပြန်ကြေညာထားသည်။
EU အဖွဲ့ဝင်နိုင်ငံများနှင့် အမေရိကန်အစိုးရအဖွဲ့တာဝန်ရှိသူများအကြား ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးမှု များ ပုံမှန်ပြုလုပ်နေစဉ်ကာလအတွင်း၌ပင် ဒစ်ဂျစ်တယ်စည်းမျဉ်းများနှင့်ပတ်သက်သည့် EU ၏ အရေး ယူမည့်ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ (Xinhua)
……………………………….
(English Version)
Trump threatens more tariffs on EU following Google fine
WASHINGTON, Sept. 5 (Xinhua) — U.S. President Donald Trump threatened on Friday to impose more tariffs on the European Union (EU) shortly after the bloc slapped a 2.95-billion-euro fine, or 3.47 billion U.S. dollars, on Google for violating anti-monopoly laws.
Right after the EU decision, Trump said on his Truth Social platform that “Europe today ‘hit’ another great American company, Google, with a $3.5 Billion Dollar fine, effectively taking money that would otherwise go to American Investments and Jobs … Very unfair, and the American Taxpayer will not stand for it!”
“As I have said before, my Administration will NOT allow these discriminatory actions to stand … I will be forced to start a Section 301 proceeding to nullify the unfair penalties being charged to these Taxpaying American Companies,” Trump added.
The EU announced Friday a fine of nearly 3.5 billion dollars against Google for abusing its market dominance by giving its own ad exchanges a competitive advantage over rivals. The EU also ordered Google to stop these practices. It is the fourth time Brussels has sanctioned the company with a multibillion-euro fine in an antitrust case.
“Today’s decision shows that Google abused its dominant position in ad tech, harming publishers, advertisers and consumers,” Teresa Ribera, the European Commission’s top antitrust regulator, said in a statement.
Google vowed to appeal the decision.
The EU’s enforcement of digital regulations came up regularly during trade negotiations between the bloc and the Trump administration. ■
Photo:
U.S. President Donald Trump attends the “Making Health Technology Great Again” event at the White House in Washington, D.C, the United States, on July 30, 2025. (Xinhua/Hu Yousong)