Asia
ထိုင်းဝန်ကြီးချုပ်သစ် အနူတင်၏ လူနည်းစုအစိုးရ ရင်ဆိုင်ရမည့် စိန်ခေါ်မှုများ

ဘန်ကောက်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
ထိုင်းပါလီမန်က အတိုက်အခံ Bhumjaithai ပါတီခေါင်းဆောင် အနူတင် ချန်ဗီရာကူးလ်အား ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် စက်တင်ဘာ ၅ ရက်က တင်မြှောက်ခဲ့သည်။
ဤအခြေအနေက နိုင်ငံရေးမငြိမ်သက်မှုများကို ယာယီအားဖြင့် ပြေလျော့သွားစေဖွယ်ရှိသော်လည်း ဘက်ပေါင်းစုံ အာဏာလွန်ဆွဲအားပြိုင်မှုများ ဆက်ရှိနေဦးမည့် အခြေအနေကို ဖြစ်ပေါ်စေခဲ့သည်။
အနူတင် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရခြင်းက နိုင်ငံရေးမငြိမ်သက်မှုများကို အခိုက်အတန့်အားဖြင့် သက်သာရာရစေနိုင်သော်လည်း ၎င်းအနေဖြင့် သိသာထင်ရှားသော စီမံအုပ်ချုပ်ရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည့် လူနည်းစုအစိုးရကို ဦးဆောင်ရမည်ဖြစ်သည်။
၎င်းအနေဖြင့် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး လမ်းဖွင့်ပေးရန်အတွက် ဝန်ကြီးချုပ်တာဝန် စတင်ထမ်းဆောင်ချိန်မှစ၍ လေးလအတွင်း အောက်လွှတ်တော်အား ဖျက်သိမ်းမည်ဟု ကတိပြုထားခြင်းက နိုင်ငံရေးအခြေအနေ အကြီးအကျယ် မငြိမ်သက်မှုကို ဆက်လက်ဖြစ်ပေါ်စေမည်ဖြစ်သည်။
ညှိနှိုင်းမှုနည်းလမ်းဖြင့် ဝန်ကြီးချုပ်ဖြစ်လာသူ
၁၉၆၆ ခုနှစ်တွင် မွေးဖွားခဲ့သည့် အနူတင်မှာ ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်ကာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖူးသူဖြစ်သည်။
၎င်း၏ Bhumjaithai ပါတီမှာ ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီးတွင် အာဏာရ ဖြူထိုင်းပါတီ ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရ၌ ဒုတိယအင်အားအကြီးဆုံး မိတ်ဖက်ဖြစ်လာခဲ့သည်။
သို့ရာတွင် ထိုစဉ်က ဝန်ကြီးချုပ်ဖြစ်သည့် ပေထုံတန် ရှင်နာဝပ်ထရာနှင့် ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ ဆမ်ဒတ် တက်ချို ဟွန်ဆန်တို့ နယ်စပ်ပြဿနာနှင့် စပ်လျဉ်း၍ အငြင်းပွားဖွယ် ဖုန်းပြောဆိုမှု ပေါက်ကြားခဲ့ပြီးနောက် Bhumjaithai ပါတီက ဇွန်လလယ်တွင် ယင်း၏ထောက်ခံမှုကို ပြန်လည်ရုပ်သိမ်းခဲ့သည်။
ပေထုံတန်အား ကျင့်ဝတ်ချိုးဖောက်မှုဖြင့် ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားရန် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဩဂုတ် ၂၉ ရက်တွင် ဆုံးဖြတ်ခဲ့ပြီးနောက် နိုင်ငံရေးအုပ်စုများအကြား အကြိတ်အနယ် ညှိနှိုင်းဆွေးနွေးမှုများ စတင်ပြုလုပ်ခဲ့ကြသည်။
ဖြူထိုင်းပါတီက ယင်း၏ တစ်ဦးတည်းသော ကျန်ရှိနေသည့် ဝန်ကြီးချုပ်လောင်းအား အမည်စာရင်းတင်သွင်းရန် ကြိုးပမ်းခဲ့သော်လည်း ပါလီမန်တွင် ထောက်ခံမှုအများစုကို မရရှိခဲ့ပေ။
အောက်လွှတ်တော်၌ အမတ်နေရာ သုံးပုံတစ်ပုံနီးပါးကို ထိန်းချုပ်ထားသော အဓိက အတိုက်အခံပါတီဖြစ်သည့် ပြည်သူ့ပါတီက ဝန်ကြီးချုပ်တင်မြှောက်ရာတွင် အဓိက အဆုံးအဖြတ်ပေးသူအဖြစ် ပေါ်ထွက်လာခဲ့သည်။
ပြည်သူ့ပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အောက်လွှတ်တော် ဖျက်သိမ်းရေးအတွက် တိတိကျကျ အချိန်သတ်မှတ်ပေးရေး အပါအဝင် ယင်းတို့၏ သတ်မှတ်ချက်များကို တောင်းဆိုခဲ့ရာ အနူတင်က ယင်းသတ်မှတ်ချက်များကို ပထမဆုံး လူသိရှင်ကြားလက်ခံခဲ့သည်။
နောက်ဆုံးတွင် ပြည်သူ့ပါတီနှင့် အနူတင်၏ Bhumjaithai ပါတီတို့ကြား အဓိကသတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ သဘောတူညီမှုရရှိခဲ့ပြီးနောက် အနူတင်မှာ ထိုင်းနိုင်ငံ၏ ၃၂ ဦးမြောက် ဝန်ကြီးချုပ်နှင့် ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲနောက်ပိုင်း တတိယမြောက် ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခံခဲ့ရသည်။
ကြိုလင့်နေသော ခက်ခဲကြမ်းတမ်းသည့် လမ်းခရီး
Bhumjaithai ပါတီ ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရအဖွဲ့ထဲမှ ပါတီများက အစိုးရအဖွဲ့တွင် ရာထူးနေရာများရယူရန် ရည်ရွယ်ထားကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။
Bhumjaithai ပါတီက အစိုးရအဖွဲ့ရာထူးနေရာ ၃၅ နေရာအနက် ၁၂ နေရာ ရယူမည်ဖြစ်သလို အနူတင်မှာ ပြည်ထဲရေးဝန်ကြီးအဖြစ်လည်း တာဝန်ယူသွားမည်ဟု ကနဦး အစီအစဉ်ရေးဆွဲထားမှုအရ သိရသည်။
ပြည်သူ့ပါတီကလည်း အရေးပါသော ဝန်ကြီးဌာနများဖြစ်သည့် ဘဏ္ဍာရေး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး၊ နိုင်ငံခြားရေး စသည့် ဝန်ကြီးဌာနများကို ကိုင်တွယ်လိုသည်ဟု တောင်းဆိုထားကြောင်း သတင်းထွက်ပေါ်လျက်ရှိသည်။
အနူတင်၏ လူနည်းစုအစိုးရအနေဖြင့် ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရနိုင်သည်ဟု ထိုင်းမီဒီယာများက သုံးသပ်ထားသည်။
ပထမဆုံးအချက်မှာ ၎င်း၏ပါတီအနေဖြင့် ပါလီမန်၌ အမတ်နေရာအများစု ရရှိထားခြင်းမရှိဘဲ မူဝါဒများကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေးမှာ မေးခွန်းထုတ်စရာအဖြစ် ရှိနေဆဲဖြစ်သည်။
ပြည်သူ့ပါတီက အနူတင်အား ထောက်ခံမဲပေးခဲ့သော်လည်း အတိုက်အခံအဖြစ်သာ ဆက်လက်ရပ်တည်သွားမည်ဟု အကြိမ်ကြိမ် ပြောဆိုထားသလို အယုံအကြည်မရှိအဆိုအား အချိန်မရွေး တင်သွင်းနိုင်သည့် အခွင့်အရေးရှိနေကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/6y9

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အောက်လွှတ်တော်၌ အတိုက်အခံ Bhumjaithai ပါတီခေါင်းဆောင် အနူတင် ချန်ဗီရာကူးလ်အား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အောက်လွှတ်တော်၏ အတွင်းဘက်မြင်ကွင်းအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အောက်လွှတ်တော်၌ မဲခွဲဆုံးဖြတ်မှုရလဒ်ကို စောင့်ဆိုင်းနေသည့် အတိုက်အခံ Bhumjaithai ပါတီခေါင်းဆောင် အနူတင် ချန်ဗီရာကူးလ် (ရှေ့) အား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………………………………………
(English Version)
Thailand’s new PM Anutin faces challenges with minority government
BANGKOK, Sept. 6 (Xinhua) — Thailand’s parliament elected the opposition Bhumjaithai Party’s leader, Anutin Charnvirakul, as the country’s new prime minister on Friday.
Media and analysts believe this development may temporarily ease political turmoil but sets the stage for continued multilateral power struggles.
While Anutin’s election may offer a respite from political instability, he will lead a minority government facing significant governance challenges.
His promise to dissolve the House of Representatives within four months after taking office to pave the way for a general election will keep the political climate highly volatile.
A COMPROMISE PREMIER
Born in 1966, Anutin is a seasoned politician who previously served as deputy prime minister and minister of public health.
After the 2023 general election, his Bhumjaithai Party became the second-largest partner in the ruling Pheu Thai-led coalition.
However, the Bhumjaithai Party withdrew its support in mid-June following the leak of a controversial phone call between then-Prime Minister Paetongtarn Shinawatra and Cambodian Senate President Samdech Techo Hun Sen over the border dispute.
In the wake of a constitutional court ruling that removed Paetongtarn’s premiership over ethics violations on Aug. 29, intense negotiations began among various political factions.