International Organizations
အယ်လ်ကာရက်ဇ်က ဆင်နာကို အနိုင်ယူကာ ဒုတိယမြောက် ယူအက်စ်အိုးပင်း ချန်ပီယံဆုကို ဆွတ်ခူး

ဝါရှင်တန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
စက်တင်ဘာ ၇ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ယူအက်စ်အိုးပင်း အမျိုးသားတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ကားလို့စ် အယ်လ်ကာရက်ဇ်က ဂျန်းနစ် ဆင်နာအား ၆-၂၊ ၃-၆၊ ၆-၁၊ ၆-၄ ဖြင့် အနိုင်ယူကာ ယူအက်စ်အိုးပင်း ဆုဖလားကို ဒုတိယအကြိမ် ရယူနိုင်ခဲ့သည်။
ယခုအနိုင်ရလဒ်ကြောင့် အသက် ၂၂ နှစ်အရွယ် စပိန်ကစားသမားအနေဖြင့် ယခုရာသီ၌ ဒုတိယမြောက် ဂရင်းစလင်းဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သလို Open Era တွင် ဗြောင်ဘော့ဂ်ပြီးလျှင် ဂရင်းစလင်းချန်ပီယံဆု ခြောက်ကြိမ် ဆွတ်ခူးနိုင်ခဲ့သည့် ဒုတိယအသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ထို့အတူ အယ်လ်ကာရက်ဇ်အနေဖြင့် ၂၀၂၃ ခုနှစ် စက်တင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ATP အဆင့်သတ်မှတ်ချက်၌ ကမ္ဘာ့အဆင့်-၁ နေရာသို့လည်း ပြန်လည်တက်လှမ်းနိုင်တော့မည်ဖြစ်သည်။
နိုဗက် ဂျိုကိုဗစ် ၂၀၂၃ ခုနှစ် ယူအက်စ်အိုးပင်း ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက်ပိုင်း အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ဂရင်းစလင်းချန်ပီယံဆု ရှစ်ဆုလုံးကို အယ်လ်ကာရက်ဇ်နှင့် ဆင်နာတို့နှစ်ဦးတည်းသာ တစ်လှည့်စီရယူခဲ့ကြသည်။
“ဂျန်းနစ်အကြောင်းကို စပြီးပြောချင်ပါတယ်။ ဒီရာသီမှာ ခင်ဗျားစွမ်းဆောင်ခဲ့တဲ့အရာတွေက မယုံနိုင်လောက်အောင်ပါပဲ” ဟု အယ်လ်ကာရက်ဇ်က ဆုပေးပွဲအခမ်းအနား၌ ပြောကြားခဲ့သည်။ “ကျွန်တော့်မိသားစုထက် ခင်ဗျားနဲ့ဆုံဖြစ်တဲ့အကြိမ်ကတောင် ပိုများပါသေးတယ်။ ခင်ဗျားနဲ့ တင်းနစ်ကွင်းတစ်ကွင်းတည်းမှာ အတူကစားရတာနဲ့ အဝတ်လဲခန်းတစ်ခုတည်းကို အတူမျှသုံးရတာ သိပ်ကောင်းပါတယ်။ ခင်ဗျားရဲ့အဖွဲ့နဲ့အတူ ကြိုးစားအားထုတ်မှုတွေကြောင့် ခင်ဗျား တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာပြီး ဒီပြိုင်ပွဲတစ်ခုလုံးမှာ သိပ်ကောင်းတဲ့လက်စွမ်းကို ပြနိုင်ခဲ့တယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အသက် ၂၄ နှစ်အရွယ် အီတလီတင်းနစ်ကစားသမား ဂျန်းနစ် ဆင်နာကလည်း “ကျွန်တော် ဒီနေ့ အကောင်းဆုံးကြိုးစားခဲ့တာပါ။ ဒီထက်ပိုပြီး မစွမ်းဆောင်နိုင်တော့ပါဘူး” ဟု ပြန်လည်ပြောကြားခဲ့သည်။ “ခင်ဗျား အကောင်းဆုံးလုပ်နေတာပါ။ ဒီနေ့ စွမ်းဆောင်ရည်တွေရဲ့ နောက်ကွယ်မှာ ကြိုးစားအားထုတ်မှုတွေ အများကြီးရှိနေမှန်း ကျွန်တော်သိပါတယ်။ ခင်ဗျားက ကျွန်တော့်ထက်ပိုတော်ပါတယ်။ သိပ်ကိုကြည်နူးစရာကောင်းတဲ့ ဒီအခိုက်အတန့်ကို ကျေကျေနပ်နပ်ကြီး ခံစားလိုက်ပါ” ဟု ဆင်နာက ဆိုသည်။ (Xinhua)

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ၂၀၂၅ ခုနှစ် ယူအက်စ်အိုးပင်း အမျိုးသားတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် စပိန်တင်းနစ်ကစားသမား ကားလို့စ် အယ်လ်ကာရက်ဇ်နှင့် အီတလီတင်းနစ်ကစားသမား ဂျန်းနစ် ဆင်နာတို့ ယှဉ်ပြိုင်ကစားရာ၌ ကားလို့စ် အယ်လ်ကာရက်ဇ် (ဝဲ) စပေးဘောပေးနေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ၂၀၂၅ ခုနှစ် ယူအက်စ်အိုးပင်း အမျိုးသားတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် စပိန်တင်းနစ်ကစားသမား ကားလို့စ် အယ်လ်ကာရက်ဇ်နှင့် အီတလီတင်းနစ်ကစားသမား ဂျန်းနစ် ဆင်နာတို့ ယှဉ်ပြိုင်ကစားရာ၌ ဂျန်းနစ် ဆင်နာ စပေးဘောအား တုံ့ပြန်နေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………….
(English Version)
Alcaraz beats Sinner to claim second US Open title
WASHINGTON, Sept. 7 (Xinhua) — Carlos Alcaraz defeated Jannik Sinner 6-2, 3-6, 6-1, 6-4 to win the US Open men’s singles title for the second time on Sunday.
With this victory, the 22-year-old Spaniard secured his second Grand Slam title of the season and became the second-youngest player in the Open Era to win six Grand Slam titles after Bjorn Borg.
Alcaraz will also return to world number one in the ATP rankings for the first time since September 2023.
Since Novak Djokovic lifted the 2023 US Open trophy, all eight Grand Slam men’s singles titles have been shared between Alcaraz and Sinner.
“I want to start with Jannik. It is unbelievable what you have done this season,” Alcaraz said on the trophy ceremony. “I see you more than my family, and it’s great to share the court and the locker room with you. You improve every day working with your team, so congratulations to you, and it was a great performance this whole tournament.”
“I tried my best today. I couldn’t do more,” the 24-year-old Italian replied. “You are doing an amazing job. I know there’s a lot of hard work behind this performance today, you were better than me. Enjoy it. It’s a great moment.” ■
English Caption 1
Carlos Alcaraz of Spain poses with his trophy after winning the men’s singles final match between Carlos Alcaraz of Spain and Jannik Sinner of Italy at the 2025 US Open tennis championships in New York, the United States, Sept. 7, 2025. (Xinhua/Wu Xiaoling)
English Caption 2
Carlos Alcaraz (L) of Spain serves during the men’s singles final match between Carlos Alcaraz of Spain and Jannik Sinner of Italy at the 2025 US Open tennis championships in New York, the United States, Sept. 7, 2025. (Xinhua/Wu Xiaoling)
English Caption 3
Jannik Sinner of Italy hits a return during the men’s singles final match between Carlos Alcaraz of Spain and Jannik Sinner of Italy at the 2025 US Open tennis championships in New York, the United States, Sept. 7, 2025. (Xinhua/Li Rui)