International Organizations
အာဂျင်တီးနားအသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အတွက် အသင့်ဖြစ်နေပြီဟု အီကွေဒေါအသင်းနည်းပြ ဆို

ကွီတို၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
စက်တင်ဘာ ၉ ရက်တွင် အာဂျင်တီးနားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အိမ်ကွင်းပွဲစဉ်အတွက် ပြင်ဆင်နေသည့် အီကွေဒေါအသင်း၏ မန်နေဂျာ ဆေဘက်စတီယန် ဘေကာဆေးဆေးက အီကွေဒေါအသင်း၏ စိတ်ဓာတ်အား ချီးကျူးပြောဆိုခဲ့သည်။
အဆိုပါ နှစ်သင်းစလုံးမှာ အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့တွင် ကျင်းပမည့် လာမည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်သွားပြီဖြစ်ကာ အာဂျင်တီးနားအသင်းက တောင်အမေရိကဇုန်တွင် ထိပ်ဆုံး၌ ဦးဆောင်နေပြီး အီကွေဒေါအသင်းကမူ အဆင့်-၄ ၌ ရပ်တည်လျက်ရှိသည်။
“အသင်းသားတွေကြားမှာ တော်တော်လေး သဟဇာတဖြစ်ပြီး သိပ်ကိုစည်းလုံးညီညွတ်တဲ့ မိသားစုတစ်စုကို တည်ဆောက်နေပါတယ်” ဟု တောင်အမေရိကဇုန် ခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ အာဂျင်တီးနားနိုင်ငံသား နည်းပြဖြစ်သူ ဘေကာဆေးဆေးက ပြောသည်။
“ကျွန်တော်တို့ရရှိထားတဲ့ အရာတွေ၊ ပရိသတ်တွေနဲ့ တည်ဆောက်နိုင်ခဲ့တဲ့ ဆက်သွယ်မှုတွေကို တန်ဖိုးထားရပါမယ်။ အီကွေဒေါပြည်သူတွေဟာလည်း ကစားသမားတွေအပေါ်မှာ နက်နက်ရှိုင်းရှိုင်း သံယောဇဉ်ရှိကြတယ်” ဟု ၎င်းက ဆိုသည်။
စက်တင်ဘာ ၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်၌ အီကွေဒေါအသင်းက ပါရာဂွေးအသင်းအား အဝေးကွင်း၌ ဂိုးမရှိသရေကျခဲ့ပြီး အာဂျင်တီးနားအသင်းကမူ ဗင်နီဇွဲလားအား အိမ်ကွင်း၌ ၃ ဂိုးပြတ် အနိုင်ရရှိခဲ့သည်။
ဗင်နီဇွဲလားအသင်းနှင့် ပွဲစဉ်၌ နှစ်ဂိုးသွင်းယူခဲ့သည့် အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီအား လာမည့်ပွဲစဉ်၌ အနားပေးမည်ဖြစ်သော်လည်း လက်ရှိကမ္ဘာ့ချန်ပီယံအသင်းမှာ ဘလွန်းဒီအော ရှစ်ဆုရှင် မက်ဆီမပါဝင်သည့်တိုင်အောင် အားကောင်းသည့် ပြိုင်ဘက်ဖြစ်နေဆဲဖြစ်ကြောင်း ဘေကာဆေးဆေးက ဆိုသည်။
“သူတို့အသင်းက မန်နေဂျာတစ်ယောက်တည်း (လီယွန်နယ် စကာလိုနီ) ရဲ့လက်အောက်မှာ ခုနစ်နှစ်ကြာ အတူတွဲကစားခဲ့တာပါ” ဟု ၎င်းက ပြောသည်။ “သူတို့က သိပ်ကိုဆွဲဆောင်မှုရှိပြီး ဆန်းသစ်တဲ့ ကိုယ်ပိုင်ကစားဟန်ကို တီထွင်ထားပါတယ်။ သူတို့က ကစားကွက်အသာစီးယူပြီး ပွဲကိုထိန်းချုပ်ကစားရတာကို ကြိုက်တယ်။ ကျွန်တော်တို့က သူတို့အဲဒီလိုမလုပ်နိုင်အောင် ဟန့်တားရမယ်ဆိုပေမဲ့ လွယ်ကူမှာတော့ မဟုတ်ပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ပွဲကိုစိုးမိုးထားပြီး တိုက်စစ်ဆင်နိုင်ဖို့ ကြိုးစားသွားမှာဖြစ်သလို ခံစစ်ကလည်း မာကျောမှုရှိရပါမယ်။ အာဂျင်တီးနားအသင်းက ကစားကွက်မျိုးစုံ သုံးနိုင်ပြီး ကြိုတင်မှန်းဆလို့ မရနိုင်တာမို့ ကျွန်တော်တို့အတွက် ကြီးမားတဲ့စိန်ခေါ်မှုဖြစ်လာမှာပါ” ဟု အီကွေဒေါနည်းပြက ဆိုသည်။ (Xinhua)

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့တွင် အာဂျင်တီးနားအသင်းနှင့် ဗင်နီဇွဲလားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလား တောင်အမေရိကဇုန် ခြေစစ်ပွဲစဉ်မတိုင်မီ အာဂျင်တီးနားအသင်းနည်းပြချုပ် လီယွန်နယ် စကာလိုနီအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………….
(English Version)
Ecuador boss says team ready for Argentina test
QUITO, Sept. 7 (Xinhua) — Ecuador manager Sebastian Beccacece has hailed the spirit within his team as it prepares for Tuesday’s home World Cup qualifier against Argentina.
Both teams have already secured a place at next year’s tournament in the United States, Mexico and Canada, with Argentina leading the South American group standings and Ecuador fourth.
“There’s a very nice harmony within the group and we’re building a close-knit family,” the Argentine coach told a news conference ahead of the last day of CONMEBOL qualifiers.
“We have to value what we’ve achieved and the connection that we’ve been able to build with the fans. There’s a deep love among the people [of Ecuador] for these players.”
In the penultimate round of qualifiers on Thursday, Ecuador drew 0-0 away against Paraguay while Argentina won 3-0 at home to Venezuela.
Albiceleste captain Lionel Messi, who scored two goals against the Vinotinto, will be rested for Tuesday’s clash but Beccacece said the reigning world champions remained a formidable opponent, even without the eight-time Ballon d’Or winner.
“It’s a group that has been together for seven years under the same manager [Lionel Scaloni],” he said. “They’ve developed a very attractive, sophisticated and genuine way of playing. They like to take the initiative and control matches. We must avoid that, but it won’t be easy.”
“We will also try to be the protagonists and attack while remaining solid in defense. It will be a big challenge for us because Argentina has many variants and is unpredictable,” he added. ■
English Caption 1
Supporters of Argentina are seen before the 2026 FIFA World Cup CONMEBOL Qualifier football match between Argentina and Venezuela in Buenos Aires, Argentina, Sept. 4, 2025. (Photo by Martin Zabala/Xinhua)
English Caption 2
Lionel Scaloni, head coach of Argentina, reacts before the 2026 FIFA World Cup CONMEBOL Qualifier football match between Argentina and Venezuela in Buenos Aires, Argentina, Sept. 4, 2025. (Photo by Martin Zabala/Xinhua)