Connect with us

International Organizations

ချီလီအသင်းမှ ပီရက်ဇ် ဒူးအရွတ်စုတ်ပြဲဒဏ်ရာ၏ ထိုးနှက်တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရ

ဆန်တီယာဂို၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
ချီလီကွင်းလယ်ကစားသမား ဆီဆာ ပီရက်ဇ်သည် ဒူးအရွတ် စုတ်ပြဲသွားပြီးနောက် တစ်နှစ်အထိ အနားယူရမည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ပီရူးနိုင်ငံဘောလုံးအဖွဲ့ချုပ်က စက်တင်ဘာ ၈ ရက်၌ ထုတ်ပြန်ခဲ့သည်။
အသက် ၂၂ နှစ်အရွယ် ကစားသမား ပီရက်ဇ်က စက်တင်ဘာ ၉ ရက်၌ မြို့တော်ဆန်တီယာဂိုတွင် ဥရုဂွေးအသင်းနှင့် ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်မီ ချီလီအသင်းနှင့် လေ့ကျင့်နေစဉ် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ဒူးအရွတ်စုတ်ပြဲသွားခြင်းကို MRI စစ်ဆေးမှုဖြင့် အတည်ပြုခဲ့ကြောင်း ချီလီဘောလုံးအဖွဲ့ချုပ်၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။
နည်းပြဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့် အသင်းတစ်သင်းလုံးက ထိုသတင်းအတွက် များစွာစိတ်မကောင်းဖြစ်ရပြီး ပီရက်ဇ်အနေဖြင့် ခွန်အားပြည့်ဝကာ ပြန်လည်ကျန်းမာလာရန် ဆုမွန်ကောင်းတောင်းကြောင်းလည်း ၎င်းထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။
အာဂျင်တီးနားကလပ် Defensa y Justicia တွင် ကစားနေသော ပီရက်ဇ်အား အကူးအပြောင်းကာလတွင် ချီလီအသင်း၏ အနာဂတ်၌ အဓိကကျသော ကစားသမားများထဲမှ တစ်ဦးအဖြစ် ယူဆထားကြသည်။
ချီလီအသင်းသည် တောင်အမေရိကခြေစစ်ပွဲအုပ်စု ၁၀ သင်း၏ အောက်ဆုံး၌ ရှိနေပြီး အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့တွင် ကျင်းပမည့် လာမည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ဆုရနိုင်ခြေရှိသောအသင်းများတွင် မပါဝင်ကြောင်း သိရသည်။ (Xinhua)
………………….
(English Version)
Chile’s Perez suffers ACL injury blow
SANTIAGO, Sept. 7 (Xinhua) — Chile midfielder Cesar Perez faces up to a year on the sidelines after suffering a ruptured anterior cruciate ligament, the country’s football federation said on Sunday.
The 22-year-old sustained the injury while training with the national team ahead of its final World Cup qualifier against Uruguay in Santiago on Tuesday.
“The diagnosis was confirmed by an MRI scan,” read a statement on the federation’s website.
“The coaching staff, officials and the entire squad deeply regret the news and wish him much strength and success in his recovery,” it added.
Perez, who plays for Argentine club Defensa y Justicia, is considered one of the future mainstays of a Chile side in transition.
The Roja is bottom of the 10-team South American qualifying group and out of the running for next year’s tournament in the United States, Mexico and Canada. ■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.