International Organizations
၂၀၂၆ ကမ္ဘာ့ဖလားတွင် မက်ဆီ သို့မဟုတ် အမ်ဘာပေ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ထိပ်တန်းဂိုးသွင်းရှင် ဖြစ်လာမည်ဟု လက်ရှိသွင်းဂိုးစံချိန်ရှင် ကလိုဆေး ပြော
ဘာလင်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)
ကနေဒါ၊ မက္ကဆီကိုနှင့် အမေရိကန်နိုင်ငံတို့တွင် ကျင်းပမည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၎င်း၏ကမ္ဘာ့ဖလားသွင်းဂိုး ၁၆ ဂိုးစံချိန်အား ချိုးဖျက်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ကမ္ဘာ့ဖလား သွင်းဂိုးစံချိန်ရှင် မီရိုဆလက်ဗ် ကလိုဆေးက ပြောကြားခဲ့သည်။
“ဒီစံချိန်က တစ်နေ့မှာ ကျိုးပျက်တော့မယ်ဆိုတာ ကျွန်တော်သိပါတယ်” ဟု အဆိုပါ ဂျာမနီလက်ရွေးစင် တိုက်စစ်မှူးဟောင်းက ရုပ်သံအင်တာဗျူး အများအပြားတွင် ပြောကြားခဲ့ကာ နောက်ဆုံးတွင် အခြားထိပ်တန်းကစားသမားများက ၎င်းအား ကျော်ဖြတ်သွားလိမ့်မည်ဟု ခန့်မှန်းထားသည်။
ကမ္ဘာ့ဖလားသွင်းဂိုး ၁၃ ဂိုး သွင်းယူထားသည့် လီယွန်နယ် မက်ဆီနှင့် ၁၂ ဂိုး သွင်းယူထားသည့် ကီလီယန် အမ်ဘာပေတို့က ထိုသို့စွမ်းဆောင်နိုင်ရန် ဖြစ်နိုင်ခြေအများဆုံးဖြစ်ကြောင်း ကလိုဆေးက ပြောသည်။
ပြိုင်ပွဲဝင်အသင်း တိုးချဲ့ထားသည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲက ဂိုးသွင်းနိုင်မည့် အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးလိမ့်မည်ဟု အသက် ၄၇ နှစ်အရွယ် ကလိုဆေးက ဆက်လက်ပြောသည်။
“ဒါဟာ နိုင်ငံငယ်လေးတွေ ပါဝင်ယှဉ်ပြိုင်ခွင့်ရမယ့် အခွင့်အလမ်းတစ်ခုပါပဲ။ သူတို့အတွက် အခွင့်အရေးရတာ သိပ်ကောင်းတယ်” ဟု ဂျာမန်ဒုတိယတန်းကလပ် အက်ဖ်စီ နုရင်ဘတ်ကို နည်းပြနေသည့် ကလိုဆေးက ထပ်လောင်းပြောကြားခဲ့သည်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်းပေါင်း ၄၈ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
၂၀၁၄ ကမ္ဘာ့ဖလားကို ဂျာမနီအသင်းနှင့်အတူ ဆွတ်ခူးနိုင်ခဲ့သည့် ကလိုဆေးမှာ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၀ နှင့် ၂၀၁၄ စသည့် ကမ္ဘာ့ဖလားပြိုင်ပွဲလေးခုတွင် ၁၆ ဂိုး သွင်းယူခဲ့သူဖြစ်သည်။ ၎င်းမှာ ၁၉၃၀ ပြည့်နှစ်နောက်ပိုင်း ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ် လေးပွဲတွင် ပါဝင်ခွင့်ရရှိခဲ့သည့် တစ်ဦးတည်းသော ကစားသမားလည်းဖြစ်သည်။
မက်ဆီနှင့် အမ်ဘာပေတို့မှာမူ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်နှစ်ပွဲ ပါဝင်ကစားထားသည်။
အင်တာမိုင်ယာမီ တိုက်စစ်မှူး မက်ဆီမှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စံချိန်တင်အဖြစ် ခြောက်ကြိမ်မြောက် ပါဝင်ကစားခွင့်ရမည်ဖြစ်ကာ ၂၆ ပွဲ ပါဝင်ကစားထားသည့်အတွက် ကမ္ဘာ့ဖလားတွင် ပွဲအများဆုံး ကစားထားသည့် ကစားသမားလည်းဖြစ်သည်။ ၎င်းသည် ကမ္ဘာ့ဖလားပွဲစဉ် ၂၅ ပွဲ ကစားထားသည့် ဂျာမနီ ဘောလုံးအကျော်အမော် လိုသာ မက်သီးယက်စ်၏ စံချိန်ကို ကာတာနိုင်ငံ၌ ကျင်းပသည့် ၂၀၂၂ ကမ္ဘာ့ဖလားတွင် ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်က အဲဒီကတည်းက မက်ဆီကို အရူးအမူးအားပေးခဲ့တဲ့ ပရိသတ်တစ်ယောက်ပါ။ ဒါကြောင့် အမ်ဘာပေကလည်း အကောင်းဆုံးဂိုးသွင်းရှင်တစ်ယောက်ဆိုတာ သိပေမဲ့ သူလုပ်ပြနိုင်မယ်လို့ ကျွန်တော် လေးလေးနက်နက် မျှော်လင့်ထားတာပါ” ဟု ၎င်းက ပြောသည်။
အသက် ၃၈ နှစ်အရွယ် မက်ဆီမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ ငါးခုတွင် ၁၃ ဂိုး သွင်းယူထားပြီး အသက် ၂၇ နှစ်အရွယ် အမ်ဘာပေမှာမူ ကမ္ဘာ့ဖလားပြိုင်ပွဲ နှစ်ခုတွင် ၁၂ ဂိုး သွင်းယူထားသည်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီအတွက် နောက်ဆုံးဖြစ်နိုင်သော်လည်း အမ်ဘာပေမှာမူ သွင်းဂိုးများ ထပ်မံသွင်းယူရန် အခွင့်အရေး ပိုမိုရရှိနိုင်ဖွယ်ရှိသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ဆီမီးဖိုင်နယ် လေးကြိမ်ကစားထားတဲ့ ကျွန်တော့်ရဲ့မှတ်တမ်းကို ဆက်ပြီးထိန်းထားနိုင်မှာပါ” ဟု ကလိုဆေးက ဆိုသည်။ ဘရာဇီးမှာရရှိခဲ့တဲ့ ၂၀၁၄ ဆုဖလားက အသင်းလိုက်အောင်မြင်မှုအရကြည့်ရင် အရေးအပါဆုံးပါပဲ” ဟု ၎င်းက ဆက်လက်ပြောသည်။
၁၉၅၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၁၃ ဂိုး သွင်းယူနိုင်ခဲ့သည့် ပြင်သစ်တိုက်စစ်မှူး ဂျက်ဖောင်တိန်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲ တစ်ခုတည်းတွင် သွင်းဂိုးအများဆုံး စံချိန်ရှင်အဖြစ် ရပ်တည်နေဆဲဖြစ်သည်။ (Xinhua)

ဂျာမနီနိုင်ငံ စတုဂတ်မြို့တွင် ၂၀၂၅ ခုနှစ် ဇွန် ၈ ရက်က ဂျာမနီနှင့် ပြင်သစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ နေးရှင်းစ်လိဂ်-A တတိယနေရာလုပွဲ၌ ပြင်သစ်အသင်းမှ ကီလီယန် အမ်ဘာပေ (ယာ) ဂိုးသွင်းရန် ကြိုးပမ်းနေစဉ် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် တရားဝင်အသုံးပြုမည့် ဘောလုံးဖြစ်သော”TRIONDA” အား တွေ့ရစဉ် (ဓာတ်ပုံ-FIFA)
………………….
(English Version)
Messi or Mbappe take over as World Cup top scorers in 2026, says recordholder Klose
BERLIN, Jan. 10 (Xinhua) — World Cup record scorer Miroslav Klose said he expects his mark of 16 goals to be broken at the 2026 tournament in Canada, Mexico and the United States.
“I knew the record was going to fall one day,” the former Germany striker said in several TV interviews, predicting other top players will eventually pass him.
Klose said Lionel Messi, on 13 World Cup goals, and Kylian Mbappe, on 12, are the most likely to do it.
The 47-year-old said the expanded World Cup field will create more opportunities to score.
“It is a chance for smaller countries to participate. It’s great they get the chance to be around,” added Klose, who coaches second-division side 1. FC Nuremberg. The 2026 tournament will feature 48 teams.
Klose, who won the 2014 World Cup with Germany, scored his 16 goals across four tournaments in 2002, 2006, 2010 and 2014. He is also the only player to have featured in four World Cup semifinals since 1930.
Messi and Mbappe have each played in two World Cup semifinals.
Inter Miami forward Messi is expected to play in a record sixth World Cup and is the most-capped player with 26 World Cup appearances. He surpassed Germany’s Lothar Matthaeus, who made 25 appearances, at the 2022 tournament in Qatar.
Klose said he will be rooting for Messi.
“I am a mad Messi fan and have been ever since. Therefore, I keep my fingers crossed for him despite knowing Mbappe is one of the best,” he said.
Messi, 38, has scored 13 goals across five World Cups, while Mbappe, 27, has 12 in two tournaments. The 2026 World Cup is likely to be Messi’s last, while Mbappe is expected to have further chances to add to his tally.
“At least I will keep my record of four semifinals for now,” Klose said. He added that the 2014 title in Brazil stands above all as a team achievement.
Just Fontaine remains the World Cup record scorer for a single tournament after the French striker netted 13 goals at the 1958 finals.
English Caption 1
Lionel Messi of Argentina celebrates his goal during the 2026 FIFA World Cup CONMEBOL Qualifier football match between Argentina and Venezuela in Buenos Aires, Argentina, Sept. 4, 2025. (Photo by Martin Zabala/Xinhua)
English Caption 2
Kylian Mbappe (R) of France shoots during the UEFA Nations League A third-place match between Germany and France in Stuttgart, Germany, June 8, 2025. (Photo by Philippe Ruiz/Xinhua)
English Caption 3
This photo shows “TRIONDA,” the official match ball for the 2026 FIFA World Cup. (Photo credit to FIFA)
