Connect with us

North America

ဂရင်းလန်းကို “တစ်နည်းနည်းဖြင့်” အရယူမည်ဟု ထရမ့် ဆို

ဒိန်းမတ်နိုင်ငံ၏ ဂရင်းလန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေရှိ Aasiaat မြို့၌ ဂရင်းလန်းပါလီမန်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများ၏ ပိုစတာများကို ၂၀၂၅ ခုနှစ် မတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် ဒိန်းမတ်နိုင်ငံ၏ ဂရင်းလန်းကျွန်းကို “တစ်နည်းနည်းဖြင့်” အရယူမည်ဟု အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၁၁ ရက်၌ ထပ်လောင်းပြောဆိုခဲ့ကြောင်း သိရသည်။
Air Force One လေယာဉ်ပေါ်တွင် ပြောကြားရာ၌ ထရမ့်က ၎င်းအနေဖြင့် အဆိုပါနယ်မြေကို ငှားရမ်းခြင်း သို့မဟုတ် ရေတိုသဘောတူညီချက်များကို စဉ်းစားနေခြင်းမဟုတ်ဘဲ “အရယူရန်” စဥ်းစားနေခြင်းဖြစ်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းက နေတိုးအဖွဲ့ကို ထိခိုက်စေမည်လောဟု မေးမြန်းရာတွင် ထရမ့်က “ဒါက နေတိုးအဖွဲ့ကို ထိခိုက်စေသလားဆိုရင်တော့ နေတိုးအဖွဲ့ကို ထိခိုက်စေပါတယ်၊ ဒါပေမဲ့လည်း ခင်ဗျားတို့ သိပါတယ်၊ သူတို့ကို ကျွန်တော်တို့ လိုအပ်တာထက် သူတို့က ကျွန်တော့်တို့ကို အများကြီးပိုပြီးလိုအပ်တာလေ” ဟုလည်း ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
Trump says to acquire Greenland “one way or the other”
WASHINGTON, Jan. 11 (Xinhua) — U.S. President Donald Trump on Sunday once again claimed that the United States will acquire Denmark’s Greenland “one way or the other.”
Speaking aboard Air Force One, Trump said he was not considering leasing or short-term arrangements, but “acquiring” the territory.
Asked if that will damage NATO, Trump said, “If it affects NATO and it affects NATO, but you know, they need us much more than we need them.” ■
English Caption
This photo taken on March 11, 2025 shows posters of Greenland’s parliamentary election candidates in Aasiaat, Greenland, an autonomous territory of Denmark. (Photo by Zhang Quanwei/Xinhua)