Connect with us

International Organizations

မန်ချက်စတာယူနိုက်တက် ယာယီနည်းပြချုပ်အဖြစ် မိုက်ကယ် ကာရစ်အား ခန့်အပ်

ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က မန်ချက်စတာယူနိုက်တက်နှင့် ဘရိုက်တန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်၌ မန်ချက်စတာယူနိုက်တက်အသင်းမှ ဘန်ဂျမင် ဆက်စ်ကို (ယာ) ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

မိုက်ကယ် ကာရစ်အား အသင်း၏နည်းပြချုပ်အဖြစ် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီကုန်အထိ ခန့်အပ်ကြောင်း မန်ချက်စတာယူနိုက်တက်အသင်းက ဇန်နဝါရီ ၁၄ ရက်၌ အတည်ပြုကြေညာခဲ့သည်။
ယူနိုက်တက် ကွင်းလယ်ကစားသမားဟောင်းဖြစ်သူ ကာရစ်မှာ အင်္ဂလန်နိုင်ငံသား လက်ထောက်နည်းပြဟောင်းဖြစ်သူ စတိဗ် ဟော်လန်၊ ဂျိုနသန် ဝုဒ်ဂိတ်၊ ဂျွန်နီ အီဗန်စ်၊ ထရားဗစ်စ် ဘင်နီယန်တို့ ပါဝင်သော နည်းပြအဖွဲ့နှင့်အတူ အသင်းထံ တစ်ကျော့ပြန် ရောက်ရှိလာခြင်းဖြစ်သည်။

အသက် ၄၄ နှစ်အရွယ် ကာရစ်မှာ ၂၀၂၁ ခုနှစ်တွင် အိုလေဂန်နာ ဆိုးရှားလ် နည်းပြရာထူးမှ ထုတ်ပယ်ခံရပြီးနောက် ယူနိုက်တက်အား ယာယီနည်းပြအဖြစ် သုံးပွဲကိုင်တွယ်ခဲ့ဖူးသည်။ ၎င်းအနေဖြင့် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဇန်နဝါရီ ၁၇ ရက်တွင် အိုးထရက်ဖို့ဒ်၌ မန်ချက်စတာစီးတီးနှင့် ယှဉ်ပြိုင်ကစားမည့် မန်ချက်စတာဒါဘီပွဲစဉ်တွင် အသင်းအား စတင်ကိုင်တွယ်သွားမည်ဖြစ်သည်။
ယူနိုက်တက်အနေဖြင့် အသင်းအား ၁၄ လကြာ ကိုင်တွယ်ခဲ့သည့် နည်းပြ ရူဘင် အာမိုရင်မ်အား ဇန်နဝါရီ ၅ ရက်က ထုတ်ပယ်ခဲ့သဖြင့် ဒါရင်း ဖလက်ချာက ယာယီနည်းပြအဖြစ် အသင်း၏ပွဲစဉ်နှစ်ပွဲကို ခေတ္တကိုင်တွယ်ခဲ့ပြီးနောက် ကာရစ်အား ရာသီကုန်အထိ နည်းပြအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
“ဒီတံခါးပေါက်တွေကိုဖြတ်ပြီး ပြန်လာရတာနဲ့ အသင်းရဲ့အစိတ်အပိုင်း ပြန်ဖြစ်ခွင့်ရတဲ့ ခံစားချက်က မယုံနိုင်စရာပါပဲ” ဟု ယူနိုက်တက်၏ Inside Carrington podcast အစီအစဉ်၌ ကာရစ်က ပြောကြားခဲ့သည်။
“ဒါက ကြီးမားတဲ့တာဝန်တစ်ခုနဲ့ အကြီးအကျယ် ပျော်ရွှင်ဝမ်းမြောက်စရာတစ်ခုဖြစ်သလို ဒီမှာရှိနေရတာကလည်း ထူးခြားတဲ့ အခွင့်အရေးကောင်းတစ်ခုပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ အကောင်းဆုံး လုပ်ပြချင်ပါတယ်။ ဒီနေရာက အဲဒါနဲ့ထိုက်တန်ပါတယ်” ဟု ကာရစ်က ဆက်လက်ပြောသည်။ (Xinhua)

ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က မန်ချက်စတာယူနိုက်တက်နှင့် ဘရိုက်တန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အပြီးတွင် ထိုစဉ်က မန်ချက်စတာယူနိုက်တက် ယာယီနည်းပြဖြစ်သူ ဒါရင်း ဖလက်ချာ (ဝဲ-ဒုတိယ) ဒိုင်လူကြီးများနှင့် စကားပြောနေစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က မန်ချက်စတာယူနိုက်တက်နှင့် ဘရိုက်တန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်၌ မန်ချက်စတာယူနိုက်တက်အသင်းမှ ဒီယိုဂို ဒါလော့ (ဝဲ) ဘောလုံးထိန်းရန် ကြိုးပမ်းနေစဉ် (ဆင်ဟွာ)

……………….
(English Version)
Carrick appointed caretaker head coach of Manchester United
LONDON, Jan. 13 (Xinhua) — Manchester United confirmed on Wednesday that Michael Carrick has been appointed head coach until the end of the 2025/26 season.
A former United midfielder, Carrick returns to the club with a coaching team comprising former England assistant Steve Holland, while Jonathan Woodgate, Jonny Evans and Travis Binnion will also be part of his backroom staff.
Carrick, 44, previously took temporary charge of the club for three matches following Ole Gunnar Solskjaer’s dismissal in 2021. He is set to be back in the Old Trafford dugout on Saturday for the Premier League derby against Manchester City.
United sacked Ruben Amorim on January 5 after 14 months at the helm, with Darren Fletcher stepping in as caretaker manager for two games before Carrick’s appointment.
“It’s an unbelievable feeling to come back through the doors and be part of the club again,” Carrick said on the club’s Inside Carrington podcast.
“It’s a big responsibility, a massive pleasure and a privilege to be here, but we want to do a good job – this place deserves that,” he added.
English Caption 1
Manchester United’s Benjamin Sesko (R) celebrates after scoring during the FA Cup 3rd Round match between Manchester United FC and Brighton & Hove Albion FC in Manchester, Britain, on Jan. 11, 2026. (Xinhua)
English Caption 2
Manchester United’s manager Darren Fletcher (2nd L) speaks with referees after the FA Cup 3rd Round match between Manchester United FC and Brighton & Hove Albion FC in Manchester, Britain, on Jan. 11, 2026. (Xinhua)
English Caption 3
Manchester United’s Diogo Dalot (L) controls the ball during the FA Cup 3rd Round match between Manchester United FC and Brighton & Hove Albion FC in Manchester, Britain, on Jan. 11, 2026. (Xinhua)