Connect with us

Europe

အာတိတ်ဒေသ၌ တင်းမာမှုများ မြင့်တက်လာစဉ် ဥရောပသမဂ္ဂနှင့် နေတိုးမဟာမိတ်နိုင်ငံများက ဂရင်းလန်းကျွန်းအား ထောက်ခံအားပေး

ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ဂရင်းလန်းကျွန်း အီလူလစ်ဆက်မြို့အနီးရှိ ဒစ္စကို ပင်လယ်အော်၌ ရေခဲစိုင်ကြီးတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

အော်စလို၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

မဟာဗျူဟာအရ အရေးပါသော ဂရင်းလန်းကျွန်းနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မကြာမီက ပြောကြားချက်များကြောင့် အာတိတ်ဒေသ၏ လုံခြုံရေးအပေါ် စိုးရိမ်မှုများ မြင့်တက်လာခိုက် ဥရောပသမဂ္ဂ (အီးယူ) နှင့် နေတိုးအဖွဲ့ဝင် မဟာမိတ်များက ဂရင်းလန်းကျွန်းအား နိုင်ငံရေးနှင့် စစ်ရေးအရ ထောက်ခံအားပေးမှုများ တိုးမြှင့်လုပ်ဆောင်ခဲ့ကြသည်။
ဒိန်းမတ်အနေဖြင့် ဂရင်းလန်းကျွန်းနှင့် ယင်း၏အနီးတစ်ဝိုက်တွင် စစ်အင်အားဖြန့်ကြက်မှုကို တိုးမြှင့်ကာ နေတိုးအဖွဲ့ဝင် မဟာမိတ်များနှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေသည်ဟု ဒိန်းမတ် ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၄ ရက်၌ အတည်ပြုခဲ့သည်။ ဇန်နဝါရီ ၁၄ ရက်၌ စတင်ခဲ့သည့် စစ်အင်အား တိုးမြှင့်မှု၌ စစ်သင်္ဘောများ၊ လေယာဉ်များနှင့် စစ်သည်များ စသည့် ထပ်တိုးအားဖြည့်မှုများ ပါဝင်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ ဝါရှင်တန်မြို့တွင် အမေရိကန်-ဒိန်းမတ်-ဂရင်းလန်း သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ ယင်းကဲ့သို့ ကြေညာခဲ့ခြင်းလည်းဖြစ်သည်။
“အခုလိုလုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်ကတော့ အာတိတ်ဒေသရဲ့ တစ်မူထူးခြားတဲ့ အခြေအနေတွေအောက်မှာ လှုပ်ရှားနိုင်စွမ်းရှိအောင် လေ့ကျင့်ဖို့နဲ့ အာတိတ်ဒေသမှာ နေတိုးအဖွဲ့ရဲ့ ခြေကုပ်ယူမှု ပိုမိုခိုင်မာစေဖို့ပဲဖြစ်ပြီး ဒါဟာ ဥရောပအတွက်တင်မကဘဲ အတ္တလန္တိတ်ဖြတ်ကျော် လုံခြုံရေးအတွက်ပါ အကျိုးရှိစေမှာပါ” ဟု ဒိန်းမတ် ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

ဒိန်းမတ်ကာကွယ်ရေးဝန်ကြီး ထရိုးစ်လွန် ပိုလ်ဆင်က ယင်းသို့လုပ်ဆောင်ခြင်းမှာ အာတိတ်ဒေသ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ပြတ်ပြတ်သားသား တုံ့ပြန်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကာ အစိုးရအနေဖြင့် ဂရင်းလန်းကျွန်း အနီးတစ်ဝိုက်တွင် ဒိန်းမတ်နှင့် နေတိုးအဖွဲ့ဝင် မဟာမိတ်များ၏ အမြဲတမ်းတပ်စွဲထားမှုကို အင်အားပိုမိုတိုးမြှင့်ရန် စိတ်ပိုင်းဖြတ်ထားသည်ဟုလည်း ပြောကြားခဲ့သည်။
နေတိုးမဟာမိတ်နိုင်ငံများကလည်း ဒိန်းမတ်နည်းတူ လုပ်ဆောင်လျက် ခိုင်ခိုင်မာမာ ဝန်းရံအားပေးမှုကို ပြသခဲ့သည်။ ဆွီဒင်ဝန်ကြီးချုပ် အုဖ် ခရစ္စတာဆန်က ဆွီဒင်အနေဖြင့် ဒိန်းမတ်၏ မေတ္တာရပ်ခံချက်အရ ဂရင်းလန်းကျွန်းသို့ တပ်ဖွဲ့ဝင်များ စေလွှတ်ထားကြောင်း ဇန်နဝါရီ ၁၄ ရက်က ပြောကြားခဲ့ကာ ထိုသို့ တပ်ဖြန့်ချထားမှုမှာ ဒိန်းမတ်နိုင်ငံက စီမံရေးဆွဲထားသည့် “အာတိတ်ဒေသ ကြံ့ကြံ့ခံနိုင်စွမ်း” ဟု အမည်ပေးထားသော စစ်ဆင်ရေးအတွက် ပြင်ဆင်မှုများနှင့် ဆက်စပ်နေကြောင်း ဆက်လက်ပြောကြားခဲ့သည်။ ဆွီဒင်စစ်တပ်ကလည်း ဂရင်းလန်းသို့ ကနဦးရောက်ရှိလာသည့် နိုင်ငံတကာတပ်ဖွဲ့တွင် ဆွီဒင်တပ်ဖွဲ့ဝင်များ ပါဝင်သည်ဟု အတည်ပြုခဲ့သည်။
နော်ဝေနိုင်ငံကလည်း တပ်ဖွဲ့ဝင်များ စေလွှတ်ကာ အားဖြည့်ပံ့ပိုးပေးခဲ့သည်။ ဇန်နဝါရီ ၁၄ ရက်က ဒိန်းမတ်ကာကွယ်ရေးဝန်ကြီးနှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ နော်ဝေကာကွယ်ရေးဝန်ကြီး Tore Sandvik က နော်ဝေအနေဖြင့် မဟာမိတ်များနှင့် နောက်ထပ် ပူးပေါင်းဆောင်ရွက်မှုများကို အသေးစိတ် စီစဉ်ရေးဆွဲရန် စစ်တပ်အရာရှိနှစ်ဦးအား ဂရင်းလန်းသို့ စေလွှတ်မည်ဟု ပြောကြားခဲ့သည်။ ဂရင်းလန်းကျွန်းနှင့် ယင်း၏အနီးတစ်ဝိုက် အပါအဝင် အာတိတ်ဒေသ လုံခြုံရေးအတွက် မည်သို့အားဖြည့်ဆောင်ရွက်သွားမည်ကို နေတိုးအဖွဲ့ဝင်နိုင်ငံများအကြား ဆက်လက်ဆွေးနွေးနေသည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
တပ်ဖွဲ့ဝင်များ တိုက်ရိုက် ဖြန့်ကြက်စေလွှတ်မှုအပြင် နိုင်ငံအလိုက်သာမက ဥရောပသမဂ္ဂအဆင့်၌လည်း နိုင်ငံရေးအရ ထောက်ခံအားပေးမှုကို ပြသခဲ့ကြသည်။ နေတိုးအဖွဲ့အနေဖြင့် အာတိတ်ဒေသ၌ စစ်ရေးနှင့် လုံခြုံရေးအရ တပ်စွဲထားမှုကို အရှိန်မြှင့်လုပ်ဆောင်ရန် ဗြိတိန်နိုင်ငံခြား‌ရေးဝန်ကြီး အီဗက် ကူးပါးက ဇန်နဝါရီ ၁၄ ရက်၌ တိုက်တွန်းခဲ့ပြီး အာတိတ်ဒေသမှာ ပထဝီနိုင်ငံရေး အားပြိုင်မှု၏ ရှေ့တန်းစစ်မျက်နှာ ဖြစ်လာပြီဟု ရည်ညွှန်းပြောဆိုခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260115/d92ecb111d164aada727fa39e6e14e26/c.html

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် ကျေးဇူးတော်နေ့အထိမ်းအမှတ် ကြက်ဆင်ဘေးမဲ့လွှတ်ပွဲ အခမ်းအနား၌ အမှာစကားပြောကြားနေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (နေတိုး) ထိပ်သီးအစည်းအဝေး ကျင်းပရာနေရာ၌ လုံခြုံရေးတာဝန်ယူနေသည့် တပ်ဖွဲ့ဝင်တစ်ဦးအား ၂၀၂၅ ခုနှစ် ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………….
(English Version)
EU, NATO allies rally behind Greenland amid rising Arctic tensions
OSLO, Jan. 14 (Xinhua) — The European Union (EU) and NATO allies have stepped up political and military support for Greenland, as concerns grow over security in the Arctic following recent statements by U.S. President Donald Trump about the strategically important island.
The Danish Ministry of Defense confirmed Wednesday that Denmark is increasing its military presence in and around Greenland, working closely with NATO allies. According to a press release, the enhanced presence starting Wednesday includes additional capabilities such as ships, aircraft and soldiers. The announcement came ahead of a meeting between Denmark, Greenland and the United States held in Washington.
“The purpose is to train the ability to operate under the unique Arctic conditions and to strengthen the alliance’s footprint in the Arctic, benefiting both European and transatlantic security,” the ministry said.
Danish Defense Minister Troels Lund Poulsen described the move as “a clear response to the challenges facing the Arctic” and said the government is committed to establishing “a more permanent and larger military presence” for Denmark and its NATO allies in and around Greenland.
Denmark’s actions have been accompanied by concrete support from NATO allies. Swedish Prime Minister Ulf Kristersson said on Wednesday that Sweden had sent military personnel to Greenland at Denmark’s request, noting that the deployment is linked to preparations for “Arctic Endurance,” an operation planned by Denmark. The Swedish Armed Forces confirmed that Swedish personnel were among the initial contingent arriving on the island.
Norway has also contributed personnel. At a press conference with his Danish counterpart held on Wednesday, Norwegian Defense Minister Tore Sandvik said that Norway is sending two military staffers to Greenland to “map out the further cooperation between allies.” He added that there is ongoing dialogue within NATO on how to strengthen security in the Arctic, including in and around Greenland.
Beyond direct military deployments, political support has been voiced at both national and EU levels. British Foreign Secretary Yvette Cooper on Wednesday called on NATO to “step up its military and security presence in the Arctic,” describing the region as “a front line of geopolitical competition.”
https://english.news.cn/20260115/d92ecb111d164aada727fa39e6e14e26/c.html
English Caption 1
An iceberg is seen at the Disko Bay close to Ilulissat, Greenland, an autonomous territory of Denmark, March 22, 2025. (Xinhua/Zhao Dingzhe)
English Caption 2
U.S. President Donald Trump speaks during the National Thanksgiving Turkey Pardoning Ceremony at the White House in Washington, D.C., the United States, Nov. 25, 2025. (Xinhua/Hu Yousong)
English Caption 3
A security personnel is on duty at the venue of the North Atlantic Treaty Organization (NATO) summit in The Hague, the Netherlands, June 24, 2025. (Xinhua/Zhao Dingzhe)