Connect with us

International Organizations

အက်သလက်တီကို မက်ဒရစ်အသင်းက ဂူလီယာနို ဆီမြွန်နီကို ၂၀၃၀ ပြည့်နှစ်အထိ စာချုပ်သက်တမ်းတိုး

စပိန်နိုင်ငံ မြို့တော်မက်ဒရစ်၌ အက်သလက်တီကိုမက်ဒရစ်အသင်းနှင့် ရီးရဲလ်ဗယ်လာဒိုးလစ်အသင်းတို့၏ စပိန်လာလီဂါပွဲစဉ်အတွင်း သွင်းဂိုးအတွက် အောင်ပွဲခံနေသည့် အက်သလက်တီကိုမက်ဒရစ်အသင်းမှ ဂူလီယာနိုဆီမြွန်နီကို ၂၀၂၅ ခုနှစ် ဧပြီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

အက်သလက်တီကို မက်ဒရစ်အသင်းက တောင်ပံကစားသမား ဂူလီယာနို ဆီမြွန်နီသည် ၂၀၃၀ ပြည့်နှစ် ဇွန်လအထိ ကလပ်အသင်းနှင့် စာချုပ်သက်တမ်းတိုးလိုက်ကြောင်း ဇန်နဝါရီ ၁၅ ရက်၌ ကြေညာခဲ့သည်။
အသက် ၂၃ နှစ်အရွယ် ဂူလီယာနို ဆီမြွန်နီ၏ ဖခင်မှာ အက်သလက်တီကိုနည်းပြ ဒီယေဂို ဆီမြွန်နီဖြစ်ပြီး ၂၀၂၄ ခုနှစ် နွေရာသီတွင် ဒီပို့တီဗို အလာဗက်စ်အသင်းတွင် အငှားစာချုပ်ဖြင့် သွားရောက်ကစားခဲ့ရာမှ ပြန်လာပြီးနောက် ၎င်း၏ ကစားအားနှင့် အမြန်နှုန်းမှာ အထင်ကြီးလေးစားစရာဖြစ်ခဲ့သည်။
ငယ်ရွယ်သော ဆီမြွန်နီသည် အသင်းသို့ ၎င်းပြန်လာချိန်မှစ၍ ၇၇ ပွဲအပါအဝင် အက်သလက်တီကို ပထမအသင်းတွင် ၇၈ ပွဲ ကစားခဲ့ပြီး ရှစ်ဂိုး သွင်းယူခဲ့သည်။ ၎င်းသည် ယခုရာသီတွင် ပြိုင်ပွဲစုံ၌ ၂,၀၆၉ မိနစ် ကစားခဲ့သည်။
ဆီမြွန်နီသည် ၂၀၁၉ ခုနှစ်တွင် အက်သလက်တီကိုအသင်းသို့ ရောက်ရှိခဲ့ပြီး ကလပ်အသင်း၏ B အသင်းအတွက် ၅၁ ပွဲတွင် ၂၉ ဂိုး သွင်းယူခဲ့ပြီးနောက် ဒုတိယတန်းကလပ် ဇာရာဂိုဇာအသင်းတွင် အငှားစာချုပ်ဖြင့် ခြေစွမ်းပြနိုင်ခဲ့သည်။ အလာဗက်စ်အသင်းနှင့်အတူ ထိပ်တန်းအသင်းစာရင်း၌ ၎င်း၏ ပထမဆုံးရာသီမှာမူ ရာသီကြိုတွင် ခြေထောက်ကျိုးသွားပြီးနောက် အဆုံးသတ်သွားခဲ့သည်။
မိသားစုဆက်ဆံရေးကြောင့် အစောပိုင်းတွင် သံသယများရှိခဲ့သော်လည်း ဆီမြွန်နီက ၎င်း၏ စိတ်အားထက်သန်သော စွမ်းဆောင်ရည်များဖြင့် ဝေဖန်သူများအား ၎င်းကို လျင်မြန်စွာ ယုံကြည်အားပေးလာစေခဲ့သည်။ ၎င်းသည် အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ကိုးပွဲကစားခဲ့ပြီး ၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ်အားကစားပြိုင်ပွဲ၌လည်း နိုင်ငံကိုယ်စားပြုကစားခဲ့ကြောင်း သိရသည်။ (Xinhua)


………………
(English Version)
Atletico Madrid extends Giuliano Simeone contract through 2030
MADRID, Jan. 15 (Xinhua) — Atletico Madrid announced Thursday that winger Giuliano Simeone has extended his contract with the club through June 2030.
The 23-year-old, whose father is Atletico coach Diego Simeone, has impressed with his work rate and pace since returning from a loan spell at Deportivo Alaves in the summer of 2024.
The younger Simeone has made 78 first-team appearances for Atletico, including 77 since his return, scoring eight goals. He has logged 2,069 minutes in all competitions this season.
Simeone joined Atletico in 2019 and scored 29 goals in 51 matches for the club’s B team before enjoying a productive loan spell with second-division Zaragoza. His first season in the top flight with Alaves was cut short after he suffered a broken leg in pre-season.
Despite early skepticism due to his family ties, Simeone quickly won over critics with a series of committed performances. He has made nine appearances for Argentina’s national team and also represented his country at the Paris 2024 Olympic Games. ■
English Caption
Giuliano Simeone of Atletico de Madrid celebrates a goal during the LaLiga football match between Atletico de Madrid and Real Valladolid CF in Madrid, Spain, April 14, 2025. (Photo by Gustavo Valiente/Xinhua)