Connect with us

International Organizations

လာလီဂါတွင် ဘာစီလိုနာက ရီးရဲလ်ဆိုစီဒက်ကို ရှုံးနိမ့်ခဲ့သဖြင့် ချန်ပီယံဆုအတွက် အကြိတ်အနယ်ပိုရှိလာ

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၈ ရက်က အက်သလက်တီကို မက်ဒရစ်နှင့် ဒီပေါ်တီဗို အလာဗက်စ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်တွင် အက်သလက်တီကိုအသင်းမှ အလက်ဇန်းဒါး ဆော်လော့ (ဝဲ-ပထမ) ဂိုးသွင်းပြီးနောက် အသင်းဖော်များနှင့်အတူ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

ဇန်နဝါရီ ၁၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါပွဲစဉ်- ၂၀ တွင် ရီးရဲလ်ဆိုစီဒက်က ဘာစီလိုနာကို အိမ်ကွင်းတွင် ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ ဘာစီလိုနာအနေဖြင့် ယခင်ရက်က နိုင်ပွဲရရှိခဲ့သည့် ရီးရဲလ်မက်ဒရစ်အား အမှတ်ပေးဇယားတွင် တစ်မှတ်အသာဖြင့်သာ ဦးဆောင်လျက်ရှိသည်။

ဆိုစီဒက်အတွက် အနိုင်ဂိုးများကို မစ်ကယ် အိုယာဇာဘာနှင့် ဂွန်ကာလို ဂီဒက်စ်တို့က သွင်းယူခဲ့ပြီး မားကပ်စ် ရက်ဖို့ဒ်က ဘာစီလိုနာအတွက် ချေပဂိုးတစ်ဂိုး သွင်းယူခဲ့သည်။ ဘာစီလိုနာအသင်းမှာ ပထမပိုင်းတွင် သွင်းဂိုးသုံးဂိုး ရရှိခဲ့သော်လည်း လာမင်း ယမားလ် မဆိုစလောက် လူကျွံနေမှုကြောင့် အပါအဝင် အဆိုပါသွင်းဂိုးများကို VAR က ပယ်ဖျက်ခဲ့သလို ဂိုးတိုင်ထိမှန်မှုများကြောင့်လည်း ဂိုးကံခေခဲ့ရသည်။
ပွဲချိန် ၃၂ မိနစ်တွင် အိုယာဇာဘာက အဝေးတိုင်ဆီသို့ မြေမကျကန်သွင်း၍ ဆိုစီဒက်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ကာ အဆိုပါဂိုးအတွက် ကစားကွက်ဖော်ဆောင်စဉ် ဒါနီ အိုလ်မိုအား ပြစ်ဒဏ်ကျူးလွန်ခဲ့သည်ဟု ဘာစီလိုနာအသင်းဘက်က စောဒကတက်ခဲ့သည်။

ဒုတိယပိုင်း ပြန်စပြီးနောက် ဘာစီလိုနာက အချိန်ကြာမြင့်စွာ ပွဲကိုထိန်းချုပ်ထားသော်လည်း အိုလ်မို၏ ဂိုးကန်ချက်များမှာ နှစ်ကြိမ်ဆက်တိုက် တိုင်ထိခဲ့သလို ဆိုစီဒက်ဂိုးသမား အဲလက်စ် ရီမီရိုကလည်း ရောဘတ် လီဝန်ဒေါစကီး၏ ကန်ချက်ကို ကာကွယ်သွားခဲ့သည်။ ထို့နောက် ပွဲချိန်မိနစ် ၇၀ တွင် ရက်ဖို့ဒ်က ချေပဂိုး ပြန်လည်သွင်းယူခဲ့သော်လည်း တစ်မိနစ်အကြာမှာပင် ကားလို့စ် ဆိုလာ၏ ခေါင်းတိုက်ချက်ကို ဘာစီလိုနာဂိုးသမား ယိုအန် ဂါစီယာ ပိုင်ပိုင်နိုင်နိုင် ဖမ်းမိခြင်းမရှိဘဲ ပြန်အံထွက်လာစဉ် ဂီဒက်စ်က ပိတ်သွင်းကာ အနိုင်ဂိုးသွင်းယူခဲ့သည်။

ထို့နောက် ဘာစီလိုနာက ကစားအားတင်ကာ ပြန်ဖိကစားခဲ့သော်လည်း ဂျူးစ်ခွန်ဒဲ၏ကန်ချက် တိုင်ထိခဲ့သလို ထောင့်ကန်ဘောမှတစ်ဆင့် ရက်ဖို့ဒ်၏ တိုက်ရိုက်ကန်သွင်းမှုမှာလည်း ဂိုးတိုင်ကိုသာ ထိမှန်ခဲ့သည်။ ပွဲချိန်နှောင်းပိုင်းတွင် ဆိုစီဒက်အသင်းမှ ဆိုလာက ပက်ဒရီအား ဖျက်ထုတ်ပုံကြမ်းခဲ့သဖြင့် ထုတ်ပယ်ခံခဲ့ရသော်လည်း ဆိုစီဒက်က အနိုင်ရလဒ်ကို ထိန်းကစားနိုင်ခဲ့သည်။
ဇန်နဝါရီ ၁၇ ရက်တွင် ရီးရဲလ်မက်ဒရစ်က လီဗန်တေးကို ကီလီယန် အမ်ဘာပေ၊ ရာအူး အဆန်စီယိုတို့၏ သွင်းဂိုးများနှင့်အတူ အိမ်ကွင်းတွင် ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဆန်တီယာဂို ဘာနေဗျူးတွင် ကစားခဲ့သည့် အဆိုပါပွဲစဉ်တွင် ဂျုဒ်ဘယ်လင်ဟမ်နှင့် ဗင်နီစီယက်စ် ဂျူနီယာတို့ကို ပစ်မှတ်ထားသည့် ပရိသတ်များ၏ ဝေဖန်သံများနှင့် လှောင်ပြောင်အော်ဟစ်သံများ ထွက်ပေါ်ခဲ့သည်။
အခြားပွဲစဉ်တွင် အက်သလက်တီကို မက်ဒရစ်က ဒီပေါ်တီဗို အလာဗက်စ်ကို အလက်ဇန်းဒါး ဆော်လော့၏ ဒုတိယပိုင်း ခေါင်းတိုက်ဂိုးနှင့်အတူ အိမ်ကွင်းတွင် ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်အတွက် အဆင့်-၃ နေရာမှ ဗီလာရီးရဲလ်နှင့် ရမှတ်တူအနေအထားတွင် ရှိနေသည်။

ထို့အတူ ဆယ်လ်တာဗီဂိုက ရာယို ဗယ်လက်ကာနိုကို ၃ ဂိုးပြတ် အနိုင်ကစားပြီး အဆင့်-၇ ၌ ရပ်တည်နေကာ ဗလင်စီယာကလည်း ဂီတာဖေးကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်အတွက် အောက်ဆုံးသုံးသင်းထဲမှ ရုန်းထွက်နိုင်ခဲ့သည်။ ဘက်တစ်ကလည်း ဗီလာရီးရဲလ်ကို အိမ်ကွင်းတွင် ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မာယော့ကာက အက်သလက်တစ် ဘီဘာအိုကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဗီဒက် မူရီကီက မာယော့ကာအတွက် ဟက်ထရစ်သွင်းယူခဲ့သလို အိုဆာဆူနာက အိုဗီယေဒိုကို ဗစ်တာ မူနော့ဇ်၏ နောက်ကျအနိုင်ဂိုးကြောင့် ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ လာလီဂါပွဲစဉ်-၂၀ ၏ အစောဆုံးပွဲစဉ်အဖြစ် ဇန်နဝါရီ ၁၆ ရက်က ဂျီရိုနာနှင့် အက်စပန်ညိုတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဂျီရိုနာက အဝေးကွင်းတွင် ၂-၀ ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။ (Xinhua)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၈ ရက်က အက်သလက်တီကို မက်ဒရစ်နှင့် ဒီပေါ်တီဗို အလာဗက်စ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်တွင် အက်သလက်တီကိုအသင်းမှ အလက်ဇန်းဒါး ဆော်လော့ (ယာ) နှင့် အလာဗက်စ်အသင်းမှ နာဟူရယ်လ် တီနာဂလီယာတို့ ယှဉ်ပြိုင်ကစားနေစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က ရီးရဲလ်မက်ဒရစ်နှင့် လီဗန်တေးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါဘောလုံးပွဲစဉ်၌ ရီးရဲလ်မက်ဒရစ်အသင်းမှ ကီလီယန် အမ်ဘာပေ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

………………
(English Version)
Real Sociedad beats Barcelona as La Liga title race tightens
MADRID, Jan. 18 (Xinhua) — Real Sociedad beat FC Barcelona 2-1 at home on Sunday to cut Barcelona’s lead at the top of La Liga to one point after Real Madrid won a day earlier.
Mikel Oyarzabal and Goncalo Guedes scored for Real Sociedad, while Marcus Rashford netted Barcelona’s equalizer. Barcelona had three first-half goals ruled out by VAR, including one for a marginal offside against Lamine Yamal, and hit the woodwork several times.
Oyarzabal put Real Sociedad ahead in the 32nd minute with a volley at the far post, with Barcelona protesting a foul on Dani Olmo in the build-up.
Barcelona controlled long spells after the break, with Olmo hitting the post twice in quick succession and goalkeeper Alex Remiro saving from Robert Lewandowski. Rashford equalized in the 70th minute, but Guedes restored the lead a minute later with a volley after Joan Garcia failed to hold Carlos Soler’s header.
Barcelona pressed again but hit the woodwork through Jules Kounde and Rashford, who also struck the post directly from a corner. Soler was sent off late for a challenge on Pedri, but Real Sociedad held on.
Real Madrid won 2-0 at home to Levante on Saturday with goals from Kylian Mbappe and Raul Asencio. The match at the Santiago Bernabeu was also marked by boos from sections of the crowd, including criticism aimed at Jude Bellingham and Vinicius Jr.
Elsewhere, Atletico Madrid drew level on points with Villarreal in third place after a 1-0 home win over Deportivo Alaves, sealed by an Alexander Sorloth header early in the second half.
Celta Vigo beat Rayo Vallecano 3-0 to strengthen its hold on seventh, while Valencia climbed out of the bottom three with a 1-0 win at Getafe. Betis beat Villarreal 2-0 at home.
Mallorca beat Athletic Bilbao 3-2, with Vedat Muriqi scoring a hat-trick, while Osasuna edged Oviedo 3-2 on a late Victor Munoz goal.
The round began on Friday, when Girona won 2-0 away to Espanyol
English Caption 1
Atletico de Madrid’s Alexander Sorloth (1st L) celebrates with teammates after scoring during La Liga football match between Atletico de Madrid and Deportivo Alaves in Madrid, Spain, on Jan. 18, 2026. (Photo by Gustavo Valiente/Xinhua)
English Caption 2
Atletico de Madrid’s Alexander Sorloth (R) vies with Deportivo Alaves’s Nahuel Tenaglia during La Liga football match between Atletico de Madrid and Deportivo Alaves in Madrid, Spain, on Jan. 18, 2026. (Photo by Gustavo Valiente/Xinhua)
English Caption 3
Real Madrid’s Kylian Mbappe celebrates a scored goal during the La Liga football match between Real Madrid and Levante UD in Madrid, Spain, on Jan. 17, 2026. (Photo by Gustavo Valiente/Xinhua)