Connect with us

International Organizations

ဩစတြေးလျအိုးပင်း အဖွင့်ပွဲစဉ်တွင် တရုတ်တင်းနစ်မယ် ပိုင်က အံ့အားသင့်ဖွယ် လက်စွမ်းပြနိုင်ခဲ့၊ အယ်လ်ကာရက်ဇ်နှင့် ဆာဘလန်ကာတို့လည်း နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၈ ရက်က တရုတ်တင်းနစ်မယ် ပိုင်ကျော်ရွှန်နှင့် အနာစတာရှာ ပတ်ဗ်လျူချန်ကိုဗာတို့ ယှဉ်ပြိုင်ခဲ့သည့် ဩစတြေးလျအိုးပင်း အမျိုးသမီးတစ်ဦးချင်း ပထမအဆင့် ပွဲစဉ်၌ အမှတ်ရပြီးနောက် ပိုင်ကျော်ရွှန် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

မဲလ်ဘုန်း၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

ဇန်နဝါရီ ၁၈ ရက်က ယှဉ်ပြိုင်ခဲ့သည့် ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်များတွင် လက်ရည်စစ်ပွဲ အောင်မြင်ခဲ့သည့် တရုတ်တင်းနစ်မယ် ပိုင်ကျော်ရွှန်က အနာစတာရှာ ပတ်ဗ်လျူချန်ကိုဗာကို အံ့အားသင့်ဖွယ် အနိုင်ယူခဲ့သလို ဆီဒင်အမြင့်ဆုံး ကစားသမားများဖြစ်သည့် ကားလို့စ် အယ်လ်ကာရက်ဇ်နှင့် အရီနာ ဆာဘလန်ကာတို့မှာလည်း ဒုတိယအဆင့်သို့ အသီးသီးတက်ရောက်နိုင်ခဲ့သည်။
အပူချိန် ၃၀ ဒီဂရီဆဲစီးယပ်နီးပါးရှိသည့် ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့၏ ပူနွေးသော ရာသီဥတုအောက်တွင် ယခုတင်းနစ်ရာသီ၏ ပထမဆုံး အဓိကပြိုင်ပွဲကြီးကို စတင်ကျင်းပလျက်ရှိသည်။

ပိုင်က အံ့မခန်းစွမ်းဆောင်ရည် ပြသခဲ့ပြီးနောက် ဒုတိယအဆင့်သို့ တရုတ်ကစားသမား တစ်ဦးထက်မနည်း ကျိန်းသေပေါက် တက်ရောက်နိုင်မည်ဖြစ်သည်။
ညအချိန် ယှဉ်ပြိုင်ခဲ့သည့် ပိုင်နှင့် ယခင် ကမ္ဘာ့အဆင့်-၁၁ တင်းနစ်မယ် ပတ်ဗ်လျူချန်ကိုဗာတို့၏ ပွဲစဉ်မှာ အကြိတ်အနယ်ရှိခဲ့ပြီး ၎င်းတို့နှစ်ဦးလုံးမှာ အလွန်စိတ်လှုပ်ရှားစရာကောင်းသည့် တတိယပွဲလတ် ပွဲပိုကစားရာတွင် match point ရရှိနိုင်မည့် အခွင့်အရေးများကို ဖြုန်းတီးပစ်ခဲ့သည်။

သို့သော် Kia Arena အားကစားကွင်း၌ ပွဲကစားချိန် ၂ နာရီနှင့် ၄၃ မိနစ် ကြာမြင့်ခဲ့သည့် အဆိုပါပွဲစဉ်၌ ပိုင်က နောက်ဆုံးတွင် ၆-၄၊ ၂-၆၊ ၇-၆ (၁၂-၁၀) ဖြင့် အနိုင်ရရှိခဲ့ပြီး ဂရင်းစလင်းပြိုင်ပွဲတွင် ဒုတိယအကြိမ် နိုင်ပွဲရရှိခဲ့သည်။ အသက် ၂၃ နှစ်အရွယ် ပိုင်မှာ ဒုတိယအဆင့်ပွဲစဉ်အဖြစ် Rod Laver Arena အားကစားကွင်း၏ ပင်မတင်းနစ်ကွင်း၌ ဆာဘလန်ကာနှင့် ရင်ဆိုင်ကစားမည်ဖြစ်သည်။
“ကျွန်မခန္ဓာကိုယ်က နည်းနည်းတော့ ပင်ပန်းနေပါတယ်” ဟု လက်ရည်စစ်ပွဲ သုံးပွဲစလုံးကို အနိုင်ရခဲ့သည့် ပိုင်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။ “ဆာဘလန်ကာက ကမ္ဘာ့အဆင့်တစ် ကစားသမားမို့ အားလုံးက သူနဲ့ယှဉ်ပြိုင်ချင်ကြတယ်။ ကျွန်မလည်း သူနဲ့ ပျော်ပျော်ကြီးယှဉ်ပြိုင်သွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
အခြားပွဲစဉ်တွင် ဆာဘလန်ကာက တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရထားသည့် ဘယ်သန် ပြင်သစ်တင်းနစ်မယ် တီယန့်ဆိုအာ ရာကိုတိုမန်ဂါ ရာဂျာအိုနာနှင့် ယှဉ်ပြိုင်ရာတွင် အခက်အခဲအချို့ ရှိခဲ့သော်လည်း ၆-၄၊ ၆-၁ ဖြင့် အနိုင်ရရှိခဲ့သည်။ ထိုပွဲစဉ်မှာ ၁ နာရီနှင့် ၁၆ မိနစ် ကြာမြင့်ခဲ့သည်။

Rod Laver Arena အားကစားကွင်း၌ ညဘက် အဖွင့်ပွဲစဉ်ဖြစ်သည့် အဆိုပါပွဲစဉ်တွင် ဂရင်းစလင်းဆုဖလားကို ငါးကြိမ်မြောက် ကိုင်မြှောက်နိုင်ရန် ကြိုးပမ်းနေသည့် ဆာဘလန်က ပြိုင်ဘက်မတုံ့ပြန်နိုင်သည့် စပေးဘောရိုက်ချက်များမှ ၂၃ မှတ် ရယူနိုင်ခဲ့သည်။
“မျက်နှာသစ်လူငယ်ကစားသမားတွေနဲ့ ယှဉ်ပြိုင်ရတာက အမြဲတမ်း ခက်ခဲလေ့ရှိပါတယ်။ သူ့အကြောင်းကို ကောင်းကောင်းမသိသလို သူက ဘယ်သန်လားဆိုတာလည်း မသိနိုင်ဘူးလေ” ဟု ဆာဘလန်ကာက ဆိုသည်။ ၎င်းအနေဖြင့် ဩစတြေးလျအိုးပင်း ချန်ပီယံဆုကို သုံးနှစ်ဆက်တိုက် ဆွတ်ခူးနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ယမန်နှစ် ဗိုလ်လုပွဲတွင် အမေရိကန်တင်းနစ်မယ် မက်ဒီဆင်ကီးစ်အား အရေးနိမ့်ခဲ့သည်။

“ကျွန်မအတွက် ပွဲအစပိုင်းမှာ ခက်ခဲခဲ့ပေမဲ့ နှစ်ပွဲပြတ်အနိုင်ရလဒ်နဲ့ ပွဲသိမ်းနိုင်ခဲ့တာမို့ သိပ်ပျော်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။
အီတလီတင်းနစ်မယ် ဂျက်စမင် ‌ပေါင်လီနီ (ဆီဒင်-၇) နှင့် ယူကရိန်းတင်းနစ်မယ် အယ်လီနာ ဆဗစ်တိုလီနာ (ဆီဒင်-၁၂) တို့ကလည်း ဒုတိယအဆင့်သို့ အလွယ်တကူ တက်လှမ်းနိုင်ခဲ့သည်။
လက်ရည်စစ်ပွဲ ယှဉ်ပြိုင်စရာမလိုဘဲ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရထားသည့် အသက် ၄၅ နှစ်အရွယ် ဝါရင့်တင်းနစ်မယ် ဗီးနပ်စ် ဝီလီယမ်စ်ကမူ အံ့အားသင့်ဖွယ် နိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့ခြင်းမရှိဘဲ ဆားဘီးယား တင်းနစ်မယ် အိုလ်ဂါ ဒါနီလိုဗစ်နှင့် သုံးပွဲအထိ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။
အမျိုးသားတစ်ဦးချင်း ပွဲစဉ်အဖြစ် ညအချိန် ယှဉ်ပြိုင်ခဲ့သည့် အယ်လ်ကာရက်ဇ်နှင့် ဩစတြေးလျ တင်းနစ်ကစားသမား အဒမ် ဝေါ်လ်တန်တို့၏ ပွဲစဉ်မှာ ၂ နာရီနှင့် ၅ မိနစ် ကြာမြင့်ခဲ့ပြီး အယ်လ်ကာရက်ဇ်က ၆-၃၊ ၇-၆ (၂)၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့သည်။

အသက် ၂၂ နှစ်အရွယ် အယ်လ်ကာရက်ဇ်မှာ ၎င်းရယူနိုင်ခြင်းမရှိသေးသည့် တစ်ခုတည်းသော ဂရင်းစလင်း ဆုဖလားဖြစ်သည့် ဩစတြေးလျအိုးပင်း ဆုဖလားကို အရယူရန် ပစ်မှတ်ထားလျက်ရှိကာ ၎င်းအနေဖြင့် Melbourne Park တွင် ကွာတားဖိုင်နယ်အဆင့်ကို ကျော်ဖြတ်နိုင်ဖူးခြင်း မရှိသေးပေ။
“ဒါက ပွဲကောင်းတစ်ပွဲပါပဲ။ ကျွန်တော် ပျော်ရွှင်မိသလို ဒီနေ့ကစားခဲ့တဲ့ လက်စွမ်းကိုလည်း ကျေနပ်အားရမိပါတယ်” ဟု အယ်လ်ကာရက်ဇ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။ (Xinhua)

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၈ ရက်က ပြင်သစ်တင်းနစ်မယ် တီယန့်ဆိုအာ ရာကိုတိုမန်ဂါ ရာဂျာအိုနာနှင့် ယှဉ်ပြိုင်ခဲ့သည့် ဩစတြေးလျအိုးပင်း အမျိုးသမီးတစ်ဦးချင်း ပထမအဆင့် ပွဲစဉ်၌ ဘီလာရုစ်တင်းနစ်မယ် အရီနာ ဆာဘလန်ကာအား တွေ့ရစဉ် (ဆင်ဟွာ)

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၈ ရက်က စပိန်တင်းနစ်ကစားသမား ကားလို့စ် အယ်လ်ကာရက်ဇ်နှင့် ဩစတြေးလျ တင်းနစ်ကစားသမား အဒမ် ဝေါ်လ်တန်တို့ ယှဉ်ပြိုင်သည့် ဩစတြေးလျအိုးပင်း အမျိုးသားတစ်ဦးချင်း ပထမအဆင့် ပွဲစဉ်၌ ပြိုင်ဘက်၏ စပေးဘောကို တုံ့ပြန်နေသည့် အယ်လ်ကာရက်ဇ်အား တွေ့ရစဉ် (ဆင်ဟွာ)

…………………..
(English Version)
China’s Bai produces heroics, Alcaraz and Sabalenka cruise on Australian Open’s first day
MELBOURNE, Jan. 18 (Xinhua) — Chinese qualifier Bai Zhouxuan produced a dramatic upset over Anastasia Pavlyuchenkova on Sunday’s first day of the Australian Open, where top seeds Carlos Alcaraz and Aryna Sabalenka cruised into the second round.
The first major of the year got underway amid warm temperatures that reached close to 30 degrees Celsius in Melbourne.
China is guaranteed at least one player into the second round after Bai’s heroics.
The night session thriller between Bai and Pavlyuchenkova, a former world No.11, saw both players squander match points in a nerve-jangling third set tiebreak.
But Bai emerged with her second victory at a grand slam after prevailing 6-4, 2-6, 7-6 (12-10) in two hours and 43 minutes at Kia Arena.
The 23-year-old will face Sabalenka in the second round on the center court of Rod Laver Arena.
“My body is a little bit tired,” said Bai, who won three matches in the qualifying draw. “[Sabalenka] is the number one, so everyone wants to play her and I will enjoy playing her.”
Sabalenka overcame difficulties adjusting to left-handed French wildcard Tiantsoa Rakotomanga Rajaonah before cruising to a 6-4, 6-1 victory in one hour and 16 minutes.
Opening the night session on Rod Laver Arena, Sabalenka hit 23 winners as she made her push towards a fifth Grand Slam title.
“It’s always tricky playing someone young, someone that you don’t really know yet and who is also a lefty,” said Sabalenka, whose bid for a three-peat of Australian Open titles was thwarted by American Madison Keys in last year’s classic final.
“It was a tricky start for me, but I’m super happy to close this match in straight sets.”
Seventh-seeded Italian Jasmine Paolini and Elina Svitolina, the Ukrainian 12th seed, also eased through to the second round.
Wildcard Venus Williams fell short of a remarkable win at the age of 45 after a three-set heartbreak to Serbia’s Olga Danilovic.
In the night session, Alcaraz cruised past Australia’s Adam Walton 6-3, 7-6 (2), 6-2 in two hours and five minutes.
The 22-year-old is eyeing the only grand slam title that has eluded him, having never progressed past the quarterfinals at Melbourne Park.
“It’s been a good match, I felt great and I am pleased with the level that I played today,” Alcaraz said.