Connect with us

International Organizations

ခံစစ်ပိုင်းပြဿနာနှင့် ရင်ဆိုင်နေရသည့် မန်စီးတီးအသင်းက မာ့ခ် ဂူဟီကို ခေါ်ယူ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၅ ခုနှစ် ဩဂုတ် ၁၀ ရက်က ခရစ္စတယ်ပဲလေ့စ်နှင့် လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အက်ဖ်အေ ကွန်မြူနတီဒိုင်းလုပွဲအပြီးတွင် ခရစ္စတယ်ပဲလေ့စ် အသင်းခေါင်းဆောင် မာ့ခ်ဂူဟီ ဆုဖလားကိုင်မြှောက်နေပုံကို တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)
လတ်တလော ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရသည့် မန်ချက်စတာစီးတီးအသင်းက ခံစစ်ပိုင်း အားဖြည့်သည့်အနေဖြင့် ခရစ္စတယ်ပဲလေ့စ် အသင်းခေါင်းဆောင် မာ့ခ် ဂူဟီကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ (အမေရိကန်ဒေါ်လာ ၂၆.၈ သန်း) ဖြင့် ခေါ်ယူနိုင်ခဲ့ကြောင်း အတည်ပြုကြေညာခဲ့သည်။
ဂူဟီကို ၂၀၃၁ ခုနှစ် နွေရာသီအထိ သက်တမ်းရှိသည့် ငါးနှစ်ခွဲစာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ပြီဟု မန်စီးတီးအသင်းက ဇန်နဝါရီ ၁၉ ရက်၌ ကြေညာခဲ့သည်။
မန်စီးတီးအနေဖြင့် နောက်ခံလူ ဂျော့စ်ကို ဂဗာဒီယောလ်နှင့် ရူဘင် ဒီယက်စ်တို့ ဒဏ်ရာရရှိခဲ့ပြီးနောက် အဆိုပါ အသက် ၂၅ နှစ်အရွယ် နောက်ခံလူအား ခေါ်ယူရန် ယခုလအစောပိုင်းတွင် ဆွေးနွေးမှုများ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဂဗာဒီယောလ်နှင့် ဒီယက်စ်တို့ ပါဝင်နိုင်ခြင်းမရှိသည့် အကျိုးဆက်ကို မန်ချက်စတာယူနိုက်တက်အား အဝေးကွင်းတွင် ၀-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်၌ ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရပြီး ထိုပွဲစဉ်၌ နည်းပြ ပက်ပ် ဂွါဒီယိုလာက လေးယောက်တန်းခံစစ်တွင် အသက် ၂၁ နှစ်နှင့် ၂၁ နှစ်အောက် လူငယ်ကစားသမားများဖြစ်သည့် ရီကို လူးဝစ်စ်၊ အက်ဘ်ဒူကိုဒီယာ ခူဆာနော့ဗ်နှင့် မက်စ် အယ်လင်းန်တို့ကို အသက် ၃၀ အရွယ် နသန် အကီနှင့် တွဲဖက်ကစားစေခဲ့ကာ ဒုတိယပိုင်းတွင်မူ အယ်လင်းန်၏ နေရာတွင် နောက်ထပ် အသက် ၂၀ အရွယ် ကစားသမားတစ်ဦးဖြစ်သူ နီကို အိုရိုင်လီကို ထပ်မံထည့်သွင်းခဲ့သည်။
ဂူဟီက မန်စီးတီးကစားသမားတစ်ဦး ဖြစ်လာသည့်အတွက် အလွန်ပျော်ရွှင်မိပြီး အလွန့်အလွန် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။
“ဒီအပြောင်းအရွှေ့ဟာ ကျွန်တော့်ရဲ့ကစားသမားဘဝမှာ ကြိုးပမ်းအားထုတ်မှုတွေရဲ့ အကျိုးရလဒ်လို့ ထင်ပါတယ်” ဟုလည်း ၎င်းက ပြောသည်။
“အခုဆိုရင် ကျွန်တော် အင်္ဂလန်ရဲ့ အကောင်းဆုံးအသင်းကို ရောက်နေပြီး မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့ ကစားသမားအစုအဖွဲ့မှာ ပါဝင်ခွင့်ရသွားပါပြီ။ အဲဒီလိုပြောခွင့်ရတာက စိတ်ကျေနပ်စရာပါပဲ” ဟု ဂူဟီက ဆက်လက်ပြောသည်။ (Xinhua)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၅ ခုနှစ် ဩဂုတ် ၁၀ ရက်က ခရစ္စတယ်ပဲလေ့စ်နှင့် လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အက်ဖ်အေ ကွန်မြူနတီဒိုင်းလုပွဲတွင် လီဗာပူးလ်အသင်းမှ မိုဟာမက် ဆာလာ (ဝဲ) နှင့် ခရစ္စတယ်ပဲလေ့စ် အသင်းခေါင်းဆောင် မာ့ခ်ဂူဟီတို့ ခေါင်းယှဉ်တိုက်နေစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၈ ရက်က မန်ချက်စတာစီးတီးနှင့် အဲဗာတန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်ချက်စတာစီးတီးနည်းပြချုပ် ပက်ပ် ဂွါဒီယိုလာ လက်ဟန်ခြေဟန်ဖြင့် ညွှန်ကြားနေစဉ် (ဆင်ဟွာ)

……………….
(English Version)
Manchester City signs Guehi amid defensive crisis
LONDON, Jan. 19 (Xinhua) — Manchester City has confirmed the signing of Crystal Palace captain Marc Guehi in a reported 20 million-pound (26.8 million U.S. dollars) deal to strengthen its defense after recent injury setbacks.
The club announced Monday the signing of Guehi on a five-and-a-half-year deal, through to the summer of 2031.
Manchester City first opened talks with the 25-year-old earlier this month following injuries to defenders Josko Gvardiol and Ruben Dias.
Those absences were evident in Saturday’s 2-0 defeat away to Manchester United, when Pep Guardiola’s side fielded a back four featuring three players aged 21 or under – Rico Lewis, Abdukodir Khusanov and Max Alleyne – alongside 30-year-old Nathan Ake. Alleyne was replaced at halftime by another 20-year-old, Nico O’Reilly.
Guehi said he is “really happy and incredibly proud” to become a Manchester City player.
“This move feels like the culmination of all the hard work I have put into my career,” he said.
“I am now at the best club in England and part of an unbelievable squad of players. It feels good to be able to say that,” he added.
English Caption 1
Crystal Palace’s captain Marc Guehi lifts the trophy after the FA Community Shield final match between Crystal Palace and Liverpool in London, Britain, on Aug. 10, 2025. (Xinhua)
English Caption 2
Liverpool’s Mohamed Salah (L) challenges for a header with Crystal Palace’s captain Marc Guehi during the FA Community Shield final match between Crystal Palace and Liverpool in London, Britain, on Aug. 10, 2025. (Xinhua)
English Caption 3
Manchester City’s head coach Pep Guardiola gestures during the English Premier League match between Manchester City FC and Everton FC in Manchester, Britain, on Oct. 18, 2025. (Xinhua)