International Organizations
ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မော်ရိုကိုအသင်း အမြင့်ဆုံး အဆင့်ရပ်တည်မှုအဖြစ် အဆင့်-၈ သို့ တက်လှမ်းနိုင်ခဲ့
ဂျီနီဗာ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)
လတ်တလော ထုတ်ပြန်ခဲ့သည့် ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက် (အမျိုးသား) တွင် အာဖရိကနိုင်ငံများဖလား (AFCON) ဒုတိယရရှိသည့် မော်ရိုကိုအသင်းမှာ အဆင့်-၈ သို့ တက်လှမ်းနိုင်ခဲ့ပြီး ၁၉၉၈ ခုနှစ် ဧပြီလနောက်ပိုင်း ထိပ်ဆုံး ၁၀ သင်းထဲတွင် ပထမဆုံးအကြိမ် ပါဝင်လာခဲ့သည်။
မော်ရိုကိုအသင်းမှာ AFCON ဗိုလ်လုပွဲတွင် ဆီနီဂေါအသင်းကို ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း အဆိုပါပြိုင်ပွဲတွင် ငါးပွဲနိုင်၊ တစ်ပွဲသရေကျကာ တစ်ပွဲရှုံးနိမ့်ခဲ့ပြီးနောက် အဆင့်သုံးဆင့်တက်ကာ ၎င်းတို့အတွက် အမြင့်ဆုံးအဆင့်၌ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။
ဆီနီဂေါအသင်းကလည်း နိုင်ပွဲခြောက်ပွဲ၊ သရေပွဲတစ်ပွဲဖြင့် ချန်ပီယံဆုဖလားကို တစ်ကျော့ပြန် ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် အဆင့် ၇ ဆင့်တက်ကာ အဆင့်-၁၂ သို့ ရောက်ရှိလာခဲ့သည်။
ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးခုနစ်သင်းမှာ အပြောင်းအလဲမရှိခဲ့ဘဲ စပိန်အသင်းက ထိပ်ဆုံးမှ ဦးဆောင်နေကာ ယင်းနောက်တွင် အာဂျင်တီးနား၊ ပြင်သစ်၊ အင်္ဂလန်၊ ဘရာဇီး၊ ပေါ်တူဂီနှင့် နယ်သာလန်အသင်းတို့က အစဉ်လိုက် ရပ်တည်လျက်ရှိသည်။
ဘယ်လ်ဂျီယမ်၊ ဂျာမနီနှင့် ခရိုအေးရှားအသင်းတို့မှာမူ အဆင့်တစ်ဆင့်စီ ကျဆင်းသွားခဲ့ပြီး အဆင့်-၉၊ အဆင့်-၁၀ နှင့် အဆင့်-၁၁ တို့တွင် အသီးသီးရပ်တည်လျက်ရှိသည်။ (Xinhua)

မော်ရိုကိုနိုင်ငံ ရာဘတ်မြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၈ ရက်က ဆီနီဂေါအသင်းနှင့် မော်ရိုကိုအသင်းတို့ ယှဉ်ပြိုင်ကစားသည့် အာဖရိကနိုင်ငံများဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် အနိုင်ရရှိပြီးနောက် ဆီနီဂေါ ကစားသမားများ ဆုဖလားနှင့်အတူ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

……………
(English Version)
Morocco climbs to record-high eighth in FIFA rankings
GENEVA, Jan. 19 (Xinhua) — Africa Cup of Nations (AFCON) runner-up Morocco rose to eighth in the latest FIFA men’s world rankings, returning to the top 10 for the first time since April 1998.
Despite a 1-0 loss in the final to Senegal, Morocco climbed three places to its best-ever position after posting five wins, one draw and one loss at AFCON.
Senegal also rose to 12th, up seven places, after reclaiming the continental crown with six wins and one draw.
The top seven teams remained unchanged, with Spain leading the rankings, followed by Argentina, France, England, Brazil, Portugal and the Netherlands.
Belgium, Germany and Croatia each dropped one place to ninth through 11th, respectively.
English Caption 1
Players of Morocco celebrate victory after the Africa Cup of Nations semifinal match between Morocco and Nigeria in Rabat, Morocco, Jan. 14, 2026. (Photo by Aissa/Xinhua)
English Caption 2
Players of Senegal celebrate with the trophy after winning the Africa Cup of Nations final between Senegal and Morocco in Rabat, Morocco, Jan. 18, 2026. (Photo by Aissa/Xinhua)
