Connect with us

North America

ပြင်သစ်ဝိုင်များနှင့် ရှန်ပိန်များကို စည်းကြပ်ခွန် ၂၀၀ ရာခိုင်နှုန်း ကောက်ခံမည်ဟု ထရမ့် ခြိမ်းခြောက်

ပြင်သစ်နိုင်ငံ in Chigny-les-Roses ရှိ Cattier ရုံးချုပ်တွင် ရှန်ပိန်ခွက်များကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ပြင်သစ်နိုင်ငံမှ ဝိုင်များနှင့် ရှန်ပိန်များကို စည်းကြပ်ခွန် ၂၀၀ ရာခိုင်နှုန်း ကောက်ခံမည်ဟု ဇန်နဝါရီ ၁၉ ရက် နှောင်းပိုင်းက ခြိမ်းခြောက်ပြောဆိုလိုက်သည်။
ဂါဇာဒေသပြန်လည်တည်ဆောက်ရေးအတွက် ထရမ့်အဆိုပြုထားသော “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” အဆိုပြုချက်တွင် ပါဝင်ရန် ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန် ငြင်းဆန်ခြင်းနှင့် စပ်လျဉ်း၍ သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို တုံ့ပြန်ဖြေကြားရာ၌ ထရမ့်က “သူ့ရဲ့ ဝိုင်တွေနဲ့ ရှန်ပိန်တွေကို စည်းကြပ်ခွန် ၂၀၀ ရာခိုင်နှုန်း ကောက်ခံမှာပါ။ သူက ပါဝင်လို့ရတာကို မပါဝင်ခဲ့ဘူး” ဟု ပြောခဲ့သည်။

အဆိုပါ ဘုတ်အဖွဲ့၏ လုပ်ပိုင်ခွင့်မှာ စစ်ဒဏ်သင့်ဂါဇာ ပြန်လည်တည်ဆောက်မှုကြီးကြပ်ရေး အခန်းကဏ္ဍထက် ကျော်လွန်နေခြင်းကြောင့် ထရမ့်၏ ဖိတ်ကြားချက်အား ပြင်သစ်က ငြင်းပယ်ရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း မက်ခရွန်နှင့် နီးစပ်သော အမည်မဖော်လိုသူ သတင်းရင်းမြစ်များ၏ ပြောကြားချက်အား ကိုးကား၍ မီဒီယာ၌ သတင်းဖော်ပြထားသည်။ (Xinhua)
……………………………………..
(English Version)
Trump threatens to impose 200 pct tariff on French wines, champagnes
WASHINGTON, Jan. 20 (Xinhua) — U.S. President Donald Trump on late Monday threatened to impose a 200 percent tariff on French wines and champagnes.
In responding to a reporter’s question about French President Emmanuel Macron declining to join the “Board of Peace” initiative he proposed to rebuild Gaza, Trump said: “I’ll put a 200 percent tariff on his wines and champagnes, and he’ll join, but he doesn’t have to join.”
Media reports cited anonymous sources close to Macron as saying that France intends to reject Trump’s invitation, as the board’s charter appears to go beyond its role of overseeing the rebuilding of war-torn Gaza.
Photo: Glasses of champagne are pictured at the headquarters of Cattier in Chigny-les-Roses, France, Sept. 13, 2024. (Xinhua/Gao Jing)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.