Connect with us

International Organizations

ဩစတြေးလျအိုးပင်းတွင် ဆန်းကျွင့်ချိန်၊ ဂျိုကိုဗစ်နှင့် ဆဝိုင်ယာတက်ခ်တို့ ဒုတိယအဆင့်သို့ တက်ရောက်

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က စပိန်တင်းနစ်ကစားသမား ရောဘတ်တို ဘော်တစ္စတာ-အာဂက်နှင့် ယှဉ်ပြိုင်ခဲ့သည့် ဩစတြေးလျအိုးပင်း အမျိုးသားတစ်ဦးချင်း ပထမအဆင့်ပွဲစဉ်၌ အမှတ်ရပြီးနောက် အောင်ပွဲခံနေသည့် တရုတ်တင်းနစ်ကစားသမား ဆန်းကျွင့်ချိန်အား တွေ့ရစဉ် (ဆင်ဟွာ)

မဲလ်ဘုန်း၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

ဇန်နဝါရီ ၁၉ ရက်က ယှဉ်ပြိုင်ခဲ့သည့် ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ ဒုတိယနေ့ ပွဲစဉ်များတွင် တရုတ်တင်းနစ်ကစားသမား ဆန်းကျွင့်ချိန် အနိုင်ရရှိခဲ့သည့်အတွက် တရုတ်အမျိုးသား တင်းနစ်ကစားသမားတစ်ဦး ဒုတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သလို တင်းနစ်အကျော်အမော်များဖြစ်သည့် နိုဗက် ဂျိုကိုဗစ်နှင့် အီဂါ ဆဝိုင်ယာတက်ခ်တို့မှာလည်း ပြိုင်ဘက်များကို ပြတ်ပြတ်သားသား အနိုင်ယူကာ ချန်ပီယံဆုအတွက် စတင်အရှိန်ယူနိုင်ခဲ့သည်။
ရာသီဥတုပူနွေးသော မဲလ်ဘုန်းပါ့ခ် အားကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် ဒုတိယနေ့ ပွဲစဉ်များတွင် တရုတ်ကစားသမားသုံးဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာတွင် ဆန်းက ယခင် ထိပ်ဆုံးကစားသမား ၁၀ ဦး စာရင်းဝင် ရောဘတ်တို ဘော်တစ္စတာ-အာဂက်ကို ၂ နာရီနှင့် ၅၂ မိနစ်ကြာ ယှဉ်ပြိုင်ခဲ့ပြီးနောက် ၆-၄၊ ၆-၇ (၂)၊ ၆-၄၊ ၆-၀ ဖြင့် လက်စွမ်းပြအနိုင်ယူခဲ့သည့်အတွက် ပရိသတ်များ၏ အထူးအာရုံစိုက်မှုကို ရရှိခဲ့သည်။
အသက် ၂၀ အရွယ် ဆန်းမှာ ပြိုင်ဘက်မတုံ့ပြန်နိုင်သည့် ရိုက်ချက်ပေါင်း ၆၃ ကြိမ် ရိုက်နိုင်ခဲ့ကာ ၎င်းအနေဖြင့် ဆီဒင်-၂၇ ကစားသမား ဘရန်ဒန် နာကာရှိမကို လေးပွဲကစားပြီး အံ့အားသင့်ဖွယ်အနိုင်ရခဲ့သည့် ဘိုတစ် ဗန်ဒီဇန်ရှု(ပ်) နှင့် ဆက်လက်ရင်ဆိုင်ရမည်ဖြစ်သည်။
ရော့ဒ်လေဗာ အားကစားကွင်းတွင် ညအချိန်ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တွင် ဂျိုကိုဗစ်မှာ အကောင်းဆုံးပုံစံ၌ ရှိနေဆဲဖြစ်ကာ ဖျော်ဖြေမှုပေးနိုင်သော ရိုက်ချက်များနှင့်အတူ ပက်ဒရို မာတီနက်ဇ်ကို ပွဲချိန်နှစ်နာရီကြာ ယှဉ်ပြိုင်ခဲ့ပြီးနောက် ၆-၃၊ ၆-၂၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့သည်။
“ဒီည လက်စွမ်းက တော်တော်လေးကောင်းတယ်။ ကျွန်တော် ဘာကိုမှ မကျေနပ်စရာမရှိပါဘူး” ဟု ဩစတြေးလျအိုးပင်းတွင် ၎င်း၏ ရာပြည့်ပွဲစဉ်၌ အနိုင်ရခဲ့သည့် ဂျိုကိုဗစ်က ပြောသည်။
မဲလ်ဘုန်းပါ့ခ်တွင် ၁၀ ကြိမ် ချန်ပီယံဖြစ်ခဲ့သည့် ဂျိုကိုဗစ်က ပြိုင်ဘက်မတုံ့ပြန်နိုင်သည့် ရိုက်ချက် ၁၇ ချက်မှ အမှတ်ယူနိုင်ခဲ့သလို unforced error ၆ ကြိမ်သာရှိခဲ့ပြီး ၎င်းအတွက် ၂၅ ကြိမ်မြောက် ဂရင်းစလင်းဆုဖလားကို စံချိန်တင်ဆွတ်ခူးနိုင်ရေး မျှော်လင့်ချက်အတွက် အဖွင့်လှပခဲ့သည်။
အဆိုပါ ဆားဘီးယားတင်းနစ်ကစားသမားအနေဖြင့် ဒုတိယအဆင့်တွင် ဖရန်ဆက်စကို မေစထရယ်လီနှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။
အမျိုးသမီးတစ်ဦးချင်း ပွဲစဉ်များတွင် လက်ရည်စစ်ပွဲမှတစ်ဆင့် ဝင်ရောက်ယှဉ်ပြိုင်သည့် တရုတ်တင်းနစ်မယ် ယွမ်ယွဲ့မှာ ဆဝိုင်ယာတက်ခ်အား ဇွဲသတ္တိရှိရှိဖြင့် မဆုတ်မနစ် ယှဉ်ပြိုင်ခဲ့သော်လည်း နှစ်နာရီကြာ ယှဉ်ပြိုင်ပြီးနောက် ၇-၆ (၅)၊ ၆-၃ ဖြင့် အရေးနိမ့်ခဲ့သည်။
ဆီဒင်-၂ တင်းနစ်မယ် ဆဝိုင်ယာတက်ခ်မှာ အဓိကဆုဖလားအားလုံးကို ပိုင်ဆိုင်ခွင့်ရရေးအတွက် ၎င်းအတွက် ခက်ခဲသော ဩစတြေးလျအိုးပင်း ဆုဖလားကို ရယူနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
သို့သော် အဆိုပါ ပိုလန်တင်းနစ်မယ်မှာ ယွမ် (ကမ္ဘာ့အဆင့်-၁၃၀) ၏ အားကြိုးမာန်တက် ယှဉ်ပြိုင်ကစားပုံကို တုံ့ပြန်ရာ၌ အချို့သော အခိုက်အတန့်များတွင် ရုန်းကန်ခဲ့ရသည်။ ယွမ်မှာ အဆိုပါပွဲစဉ်တွင် တတိယပွဲလတ် ယှဉ်ပြိုင်စဉ်အတွင်း နောက်ကျောဝေဒနာကြောင့် ဆေးကုသမှု ခံယူခဲ့ရသည်။
“ပွဲအစပိုင်းမှာ ကျွန်မ နည်းနည်းလက်စွမ်းကျနေတာကို သူက အခွင့်အရေးယူနိုင်ခဲ့တယ်” ဟု unforced error ၃၅ ကြိမ် လုပ်မိခဲ့သည့် ဆဝိုင်ယာတက်ခ်က ပြောသည်။ “အနိမ့်အမြင့် အတက်အကျတွေ အများကြီးရှိခဲ့ပြီး ကျွန်မ အားစိုက်ပြင်ဆင်ရမယ့် အရာတချို့ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ဆီဒင်-၃ တင်းနစ်မယ် ကိုကိုဂတ်ဖ်က ဥဇဘက်ကစ္စတန်မှ ကာမီလာ ရာခီမိုဗာကို ၆-၂၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့်တွင် ဆားဘီးယားတင်းနစ်မယ် အိုလ်ဂါ ဒါနီလိုဗစ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဒါနီလိုဗစ်မှာ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရထားသည့် အသက် ၄၅ နှစ်အရွယ် ဝါရင့်တင်းနစ်မယ် ဗီးနပ်စ် ဝီလီယမ်စ်ကို ပထမနေ့ ပွဲစဉ်၌ သုံးပွဲကစားပြီး အနိုင်ယူထားသူဖြစ်သည်။
တတိယမြောက် ဂရင်းစလင်းချန်ပီယံဆု ရယူနိုင်ရန် ရည်မှန်းထားသည့် ဂတ်ဖ်မှာ စွမ်းဆောင်ရည် တစ်သမတ်တည်းမရှိသည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ၎င်း၏ အမှတ်သညာဖြစ်သည့် အမြန်နှုန်းမှာ အံ့မခန်းလောက်အောင်ပင်ဖြစ်သည်။
“လက်ရှိမှာ ကျွန်မ ဒီပြိုင်ပွဲမှာ ချန်ပီယံဖြစ်ချင်တာမို့ ပထမအဆင့်မှာပဲဖြစ်ဖြစ် ဗိုလ်လုပွဲမှာပဲဖြစ်ဖြစ် ရှုံးနိမ့်ခဲ့မယ်ဆိုရင် ကျွန်မအတွက် စိတ်ကျေနပ်စရာမဟုတ်ပါဘူး” ဟု ဂတ်ဖ်က ဆိုသည်။
ဆီဒင်-၄ အမေရိကန်တင်းနစ်မယ် အာမန်ဒါ အန်နီဆီမိုဗာက ဆွစ်ဇာလန်မှ ဆီမိုနာ ဝေါလ်တက်ထ်ကို ၆-၃၊ ၆-၂ ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့သည်။ (Xinhua)

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က စပိန်တင်းနစ်ကစားသမား ပက်ဒရို မာတီနက်ဇ်နှင့် ဆားဘီးယားတင်းနစ်ကစားသမား နိုဗက် ဂျိုကိုဗစ်တို့ ယှဉ်ပြိုင်ခဲ့သည့် ဩစတြေးလျအိုးပင်း အမျိုးသားတစ်ဦးချင်း ပထမအဆင့်ပွဲစဉ်၌ အားပေးနေသည့် ပရိသတ်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က တရုတ်တင်းနစ်မယ် ယွမ်ယွဲ့နှင့် ပိုလန်တင်းနစ်မယ် အီဂါ ဆဝိုင်ယာတက်ခ်တို့ ယှဉ်ပြိုင်ခဲ့သည့် ဩစတြေးလျအိုးပင်း အမျိုးသမီးတစ်ဦးချင်း ပထမအဆင့်ပွဲစဉ်၌ အီဂါ ဆဝိုင်ယာတက်ခ် စပေးဘောပေးနေစဉ် (ဆင်ဟွာ)

(260119) — MELBOURNE, Jan. 19, 2026 (Xinhua) — Coco Gauff of the United States serves during the women’s singles 1st round match against Kamilla Rakhimova of Uzbekistan at the Australian Open tennis tournament in Melbourne, Australia, Jan. 19, 2026. (Xinhua/Ma Ping)

……………..
(English Version)
Shang shines, Djokovic and Swiatek reach Australian Open 2nd round
MELBOURNE, Jan. 19 (Xinhua) — An aggressive Shang Juncheng ensured China will have a men’s player in the second round of the Australian Open, while Novak Djokovic and Iga Swiatek started their title quests with contrasting victories on Monday.
There were three Chinese players in action on a busy second day at a warm Melbourne Park, with Shang stealing the show after overpowering former top-10 player Roberto Bautista-Agut 6-4, 6-7 (2), 6-4, 6-0 in two hours and 52 minutes.
Shang, 20, blasted 63 winners and will next face Botic van de Zandschulp, who upset 27th seed Brandon Nakashima in four sets.
In the night session at Rod Laver Arena, Djokovic was in vintage form and produced several eye-catching shots in his 6-3, 6-2, 6-2 victory over Pedro Martinez in two hours.
“Tonight’s performance was definitely great. I cannot complain about anything,” said Djokovic, who won his 100th match at the Australian Open.
Djokovic, a 10-time champion at Melbourne Park, blasted 17 winners and had only six unforced errors in an ominous start to a campaign he hopes culminates in a record 25th grand slam title.
The Serb will play Francesco Maestrelli in the second round.
In the women’s draw, Chinese qualifier Yuan Yue produced a gutsy effort against Swiatek, who battled through 7-6 (5), 6-3 in two hours.
Second seed Swiatek is chasing an elusive Australian Open title to complete her slate of major trophies.
But the Pole struggled at times to counter the aggressive play of the 130th-ranked Yuan, who did require medical attention in the third set due to a back issue.
“I was a bit rusty in the beginning, and she took the opportunity,” said Swiatek, who had 35 unforced errors. “Many ups and downs, I have some stuff to work on.”
Third seed Coco Gauff brushed aside Uzbekistan’s Kamilla Rakhimova 6-2, 6-3 to set up a clash with Serbia’s Olga Danilovic, who progressed on day one after a three-set win over 45-year-old wildcard Venus Williams.
Gauff endured an erratic performance, but her trademark speed was notable as she eyes a third grand slam title.
“At this point, I just want to win the tournament, so if I lose in the first round or in the final, I don’t think I would be satisfied,” Gauff said.
American fourth seed Amanda Anisimova made a statement with a 6-3, 6-2 victory over Simona Waltert of Switzerland.
English Caption 1
Shang Juncheng of China celebrates scoring during the men’s singles 1st round match against Roberto Bautista Agut of Spain at the Australian Open tennis tournament in Melbourne, Australia, Jan. 19, 2026. (Xinhua/Ma Ping)
English Caption 2
The audience applauds during the men’s singles 1st round match between Pedro Martinez of Spain and Novak Djokovic of Serbia at the Australian Open tennis tournament in Melbourne, Australia, Jan. 19, 2026. (Photo by Wang Shen/Xinhua)
English Caption 3
Iga Swiatek serves during the women’s singles 1st round match between Yuan Yue of China and Iga Swiatek of Poland at the Australian Open tennis tournament in Melbourne, Australia, Jan. 19, 2026. (Photo by Wang Shen/Xinhua)