Connect with us

International Organizations

ချန်ပီယံလိဂ်တွင် ရီးရဲလ်မက်ဒရစ်က မိုနာကိုကို ဂိုးပြတ်အနိုင်ရခဲ့ပြီး အမ်ဘာပေ နှစ်ဂိုးသွင်းယူ

အီတလီနိုင်ငံ မီလန်မြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က အင်တာမီလန်အသင်းနှင့် အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဘောလုံးပွဲစဉ်၌ အာဆင်နယ်အသင်းမှ ဗစ်တာ ယော်ကယ်ရက်စ် (ဝဲ) ဂိုးသွင်းယူနေစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

ဇန်နဝါရီ ၂၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ် ဘောလုံးပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်က မိုနာကိုကို အိမ်ကွင်းတွင် ၆-၁ ဂိုးဖြင့် သက်သောင့်သက်သာ အနိုင်ရရှိခဲ့ရာ ထိပ်ဆုံးရှစ်သင်းထဲတွင် ပါဝင်နိုင်ရန် အလားအလာ ပိုကောင်းသွားပြီဖြစ်ကာ ထိုပွဲစဉ်၌ ကီလီယန် အမ်ဘာပေက ၎င်း၏အသင်းဟောင်းဘက်သို့ နှစ်ဂိုးသွင်းယူခဲ့သည်။
မိုနာကိုအသင်းတွင် ကစားသမားဘဝ စတင်ခဲ့သည့် အမ်ဘာပေက ပွဲစတင်ပြီး ၅ မိနစ်အကြာတွင် ဖီဒီ ဗယ်လ်ဗာဒီ၏ အနေတော်မျှောထိုးပေးမှုကို ပိုင်ပိုင်နိုင်နိုင် အဆုံးသတ်၍ ရီးရဲလ်အတွက် အဖွင့်ဂိုးသွင်းယူခဲ့သလို မိနစ် ၂၀ အကြာတွင်လည်း အဝေးတိုင်ဆီသို့ အလိုက်သင့်ပိတ်သွင်းနိုင်ခဲ့သဖြင့် ပထမပိုင်း၌ပင် ရီးရဲလ်က ၂-၀ ဂိုးဖြင့် ဦးဆောင်ထားခဲ့သည်။

မိုနာကို ခံစစ်ကြောင်းတွင် နေရာလွတ်အများအပြား ဖြစ်ပေါ်နေခဲ့ရာ ပွဲချိန် ၅၁ မိနစ်တွင် ဖရန်ကို မာစတန်တူနိုက တတိယဂိုးသွင်းယူခဲ့ပြီးနောက် မိုနာကိုကစားသမား သီလို ကာရာ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ပြန်သည်။ ထို့နောက် ဗင်နီစီယက်စ် ဂျူနီယာက ပဥ္စမဂိုးသွင်းယူခဲ့ကာ ဂျော်ဒန် တီဇီက မိုနာကိုအတွက် နှစ်သိမ့်ဂိုးတစ်ဂိုး သွင်းယူခဲ့သော်လည်း ဂျုဒ် ဘယ်လင်ဟမ်က ရီးရဲလ်အတွက် ဆဋ္ဌမဂိုး သွင်းယူခဲ့သည်။
အခြားပွဲစဉ်များတွင် အာဆင်နယ်က အင်တာမီလန်ကို အဝေးကွင်းတွင် ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး တိုက်စစ်မှူး ဂါဘရီရယ် ဂျေးဆူးက ပထမပိုင်းတွင် နှစ်ဂိုးသွင်းယူခဲ့သည်။

ပွဲစပြီး ၁၀ မိနစ်အကြာတွင် ဂျေးဆူးက အဖွင့်ဂိုးသွင်းယူခဲ့သော်လည်း ၈ မိနစ်အကြာတွင် ပီတာ ဆူဆစ်ခ်က အရေးပါသော ချေပဂိုးကို သွင်းယူခဲ့သည်။ သို့သော် လီယန်ဒရို ထရော့ဆက်ဒ်က ထောင့်ကန်ဘောကန်တင်ပေးမှုကို ဂိုးရှေ့သို့ ခေါင်းတိုက်ချပေးခဲ့ရာ ဂျေးဆူးက အနီးကပ်အနေအထားမှ ဦးဆောင်ဂိုးပြန်လည်သွင်းယူခဲ့ပြီး ပုံမှန်ပွဲကစားချိန်ပြီးဆုံးရန် ၆ မိနစ်အလိုတွင် ဗစ်တာ ယော်ကယ်ရက်စ်က အနိုင်ဂိုးထပ်မံသွင်းယူခဲ့သဖြင့် မစ်ကယ် အာတေတာ၏အသင်းမှာ ချန်ပီယံလိဂ်တွင် ရာနှုန်းပြည့်နိုင်ပွဲ ရရှိထားသည့် မှတ်တမ်းကောင်းကို ဆက်လက်ထိန်းထားနိုင်ခဲ့သည်။

စပို့တင်းလစ္စဘွန်းက ပီအက်စ်ဂျီကို အိမ်ကွင်းတွင် ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အတွက် အဆင့်-၆ သို့ တက်လှမ်းနိုင်ခဲ့ပြီး လူးဝစ်စ် ဆွာရက်ဇ်က ပွဲချိန် ၇၄ မိနစ်နှင့် ၉၀ မိနစ်တို့တွင် ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။
ဆွာရက်ဇ်က စပို့တင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီးနောက် ပွဲချိန် ၇၉ မိနစ်တွင် ခဗီချာ ခဗာရာစခီလီယာက ချေပဂိုးသွင်းယူခဲ့သော်လည်း ထရင်ကာအို၏ကန်ချက် ပြန်လျှံထွက်လာစဉ် ဆွာရက်ဇ်က ခေါင်းတိုက်၍ အနိုင်ဂိုးသွင်းယူခဲ့သည်။
အာတိတ်စက်ဝိုင်း၏ မြောက်ပိုင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ဘိုဒို/ဂလင့်ထ်နှင့် မန်ချက်စတာစီးတီးအသင်း၏ ပွဲစဉ်၌ နော်ဝေကလပ် ဘိုဒို/ဂလင့်ထ်က ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သဖြင့် ထိပ်ဆုံး ၂၄ သင်းထဲတွင် ပါဝင်နိုင်ရန် မျှော်လင့်ချက်များ ရှင်သန်နေဆဲဖြစ်သော်လည်း စီးတီးမှာမူ ထိပ်ဆုံး ၈ သင်းထဲတွင် ပါဝင်နိုင်ရေးအတွက် လာမည့်သီတင်းပတ်၌ ဂါလာတာစာရေးအသင်းကို အိမ်ကွင်း၌ အနိုင်ကစားရန် လိုအပ်မည်ဖြစ်သည်။
ကက်စပါဟိုက စီးတီး၏ ခံစစ်ပိုင်းအားနည်းချက်ကို အမိအရအသုံးချ၍ ပွဲချိန် ၂၂ မိနစ်နှင့် ၂၄ မိနစ်တို့တွင် ဦးဆောင်ဂိုး နှစ်ဂိုးဆက်တိုက် သွင်းယူခဲ့သည်။ ထို့နောက် ယန်စ် ပက်တာဟောက်ဂ်က တတိယဂိုးသွင်းယူခဲ့ပြီးနောက် ချာကီက စီးတီးအတွက် ချေပဂိုးတစ်ဂိုး သွင်းယူခဲ့သော်လည်း ပွဲချိန် ၆၂ မိနစ်တွင် ကွင်းလယ်လူ ရိုဒရီ ဟာနန်ဒက်ဇ် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသည့်အတွက် စီးတီး၏ comeback မျှော်လင့်ချက်များ အဆုံးသတ်သွားခဲ့သည်။
တော့တင်ဟမ်က ဒေ့ါမွန်ကို အိမ်ကွင်းတွင် ၂-၀ ဂိုးရလဒ်ဖြင့် သက်သောင့်သက်သာ အနိုင်ရခဲ့ပြီး ဥရောပတွင် အိမ်ကွင်း ရာနှုန်းပြည့် နိုင်ပွဲရရှိထားသည့် မှတ်တမ်းကောင်းကို ဆက်လက်ထိန်းထားနိုင်ခဲ့သည်။
ခရစ်ရှန် ရိုမဲရိုးက ပွဲချိန် ၁၄ မိနစ်တွင် အဖွင့်ဂိုးသွင်းယူခဲ့သလို ဒေ့ါမွန်အသင်းမှ ဒါနီရယ် ဆဗင်ဆန် ဖျက်ထုတ်ပုံကြမ်းခဲ့သဖြင့် ထုတ်ပယ်ခံရပြီးနောက် ပွဲချိန် ၃၇ မိနစ်တွင် ဒေါမနစ် ဆိုလန်ကီက ဒုတိယဂိုးသွင်းယူကာ ၂-၀ ဂိုး ဖြစ်စေခဲ့သည်။ (Xinhua)

အီတလီနိုင်ငံ မီလန်မြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က အင်တာမီလန်အသင်းနှင့် အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဘောလုံးပွဲစဉ်မတိုင်မီ အာဆင်နယ်အသင်း၏ ပွဲထွက်ကစားသမားများ အသင်းလိုက်ဓာတ်ပုံရိုက်နေစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက် ရီးရဲလ်မက်ဒရစ်အသင်းနှင့် မိုနာကိုအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဘောလုံးပွဲစဉ်၌ ရီးရဲလ်မက်ဒရစ်အသင်းမှ ကီလီယန် အမ်ဘာပေ (ယာ) ဂိုးသွင်းပြီးနောက် အသင်းဖော် ဗင်နီစီယက်စ် ဂျူနီယာနှင့်အတူ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

……………….
(English Version)
Mbappe scores twice as Real Madrid thrash Monaco in Champions League
MADRID, Jan. 20 (Xinhua) — Kylian Mbappe scored twice against one of his former clubs as Real Madrid eased past Monaco 6-1 at home on Tuesday to boost its chances of finishing in the top eight of the Champions League league phase.
The striker, who began his career at Monaco, put Real Madrid ahead after five minutes with a clinical finish from a through ball by Fede Valverde, before sliding in at the far post 20 minutes later to make it 2-0 at halftime.
Franco Mastantuono added a third in the 51st minute as Monaco left big gaps at the back, and Thilo Kehrer then turned the ball into his own net. Vinicius Junior made it 5-0 and Jude Bellingham added a sixth after Jordan Teze pulled a goal back for Monaco.
Arsenal striker Gabriel Jesus also scored twice in the first half as the Gunners won 3-1 away to Inter Milan.
Jesus opened the scoring after 10 minutes, but Peter Sucic struck a thumping equalizer eight minutes later. Jesus restored Arsenal’s lead from close range after Leandro Trossard nodded a corner across the face of goal, and Viktor Gyokeres sealed the win six minutes from time as Mikel Arteta’s side maintained its 100 percent record in the competition.
Luis Suarez struck in the 74th and 90th minutes as Sporting Clube de Portugal beat Paris Saint Germain 2-1 at home to move up to sixth in the standings.
Suarez headed in the winner after Trincao’s shot was pushed out, having earlier given Sporting the lead before Khvicha Kvaratskhelia equalized with 11 minutes left.
Bodo/Glimt stunned Manchester City 3-1 north of the Arctic Circle to keep alive its hopes of finishing in the top 24. City, meanwhile, will need a home win over Galatasaray next week to secure a top-eight place.
Kasper Hogh punished poor defending to score twice in quick succession as Bodo/Glimt went 2-0 up with goals in the 22nd and 24th minutes. Jens Petter Hauge made it 3-0 before Rayan Cherki pulled one back for City, but any comeback hopes ended when Rodri Hernandez was sent off for a second yellow card in the 62nd minute.
Tottenham enjoyed a comfortable night at home to Borussia Dortmund, winning 2-0 to maintain its 100 percent home record in Europe.
Cristian Romero opened the scoring after 14 minutes and, after Daniel Svensson was sent off for a high challenge, Dominik Solanke made it 2-0 in the 37th minute.
English Caption 1
Arsenal’s Viktor Gyokeres (L) scores during the UEFA Champions League match between Inter Milan and Arsenal in Milan, Italy, Jan. 20, 2026. (Photo by Alberto Lingria/Xinhua)
English Caption 2
Arsenal’s starting players pose for photograph before during the UEFA Champions League match between Inter Milan and Arsenal in Milan, Italy, Jan. 20, 2026. (Photo by Alberto Lingria/Xinhua)
English Caption 3
Real Madrid’s Kylian Mbappe (R) celebrates his goal with Vinicius Junior during the UEFA Champions League match between Real Madrid and AS Monaco, Madrid, Spain, Jan. 20, 2026. (Photo by Gustavo Valiente/Xinhua)