International Organizations
ဘာစီလိုနာအသင်းက ဂိုးသမား တာစတီဂျန်ကို ဂျီရိုနာအသင်းထံ ရာသီကုန်အထိ အငှားချ
မက်ဒရစ်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)
လာလီဂါကလပ် ဘာစီလိုနာအသင်း၏ ဂိုးသမားဖြစ်သူ မာ့ခ်-အန်ဒရေ တာစတီဂျန်မှာ ဂျီရိုနာအသင်းထံ ရာသီကုန်အထိ အငှားဖြင့် ပြောင်းရွှေ့သွားပြီဟု အသင်းဘက်က ဇန်နဝါရီ ၂၀ ရက်၌ ကြေညာခဲ့သည်။
“ဘာစီလိုနာအသင်းဟာ မာ့ခ် တာစတီဂျန်ကို ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက်အထိ ဂျီရိုနာအသင်းဆီ အငှားချဖို့ ကလပ်အသင်းနှစ်သင်းကြား သဘောတူညီမှု ရရှိခဲ့ပါတယ်” ဟု ဘာစီလိုနာအသင်းက ယင်း၏ တရားဝင် ဝက်ဘ်ဆိုက်နှင့် ဆိုရှယ်မီဒီယာ ချန်နယ်များတွင် အတည်ပြုခဲ့သည်။
အဆိုပါ အသက် ၃၃ နှစ်အရွယ် တာစတီဂျန်မှာ ဘာစီလိုနာ ပထမအသင်း ဂိုးသမားနေရာကို နွေရာသီက ခေါ်ယူခဲ့သည့် ဂိုးသမားသစ် ယိုအန် ဂါစီယာထံ လက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် ယခုကဲ့သို့ အသင်းပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ယခုနွေရာသီတွင် နောက်ကျောဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရသလို လွန်ခဲ့သည့်ရာသီကလည်း ဒူးဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ခြင်းကြောင့် ပွဲထွက်ခွင့်အနည်းငယ်သာ ရရှိခဲ့သည်။
တာစတီဂျန်မှာ ရေးဆင်းဆန်တန်ဒါအသင်းကို အဝေးကွင်းတွင် ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် စပိန်ဘုရင့်ဖလားပြိုင်ပွဲ လူစာရင်းမှ ချန်လှပ်ခံရပြီးနောက် အသင်းမှထွက်ခွာရန် ပိုမိုနီးစပ်လာခဲ့ပုံရသည်။ ထိုပွဲစဉ်၌ ဂါစီယာက ပွဲထွက်လူစာရင်းတွင် ပါဝင်ခဲ့ပြီး ရှက်ဇနီမှာမူ အရန်ခုံပေါ်တွင် ရှိနေခဲ့သည်။ ထို့ပြင် ၎င်းမှာ လွန်ခဲ့သည့် သီတင်းပတ်ကုန်က ရီးရဲလ်ဆိုစီဒက်အသင်းနှင့် ပွဲစဉ်အတွက် ဆန်ဆီဘက်ရှန်သို့ ထွက်ခွာခဲ့သည့် လူစာရင်းတွင် ပါဝင်ခဲ့ခြင်းမရှိသလို ဇန်နဝါရီ ၂၁ ရက်တွင် ဆလားဗီးယား ပရပ်ဂ်အသင်းနှင့် ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်မည့် လူစာရင်းမှလည်း ချန်လှပ်ခံခဲ့ရသည်။
ယခုနွေရာသီတွင် ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမည်ဖြစ်ရာ တာစတီဂျန်အနေဖြင့် ဂျာမနီလက်ရွေးစင်အသင်းတွင် နေရာအခိုင်အမာ ရရှိနိုင်ရန် ပုံမှန်ပွဲကစားချိန် ပိုမိုလိုအပ်မည်ဖြစ်ကာ ဂျီရိုနာအသင်းတွင်လည်း ပွဲထွက်ခွင့်နေရာအတွက် ပေါလ် ဂက်ဇာနီဂါနှင့် ယှဉ်ပြိုင်ရဖွယ်ရှိသည်။
တာစတီဂျန်မှာ ၂၀၁၄ ခုနှစ်တွင် မွန်ချန်ဂလာဘတ်ချ်အသင်းမှ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကာ အသင်းအတွက် ၄၂၃ ပွဲ ပါဝင်ကစားထားပြီး လာလီဂါဆုဖလား ခြောက်ကြိမ်၊ စပိန်ဘုရင့်ဖလား ခြောက်ကြိမ်၊ ချန်ပီယံလိဂ်ဆုဖလား၊ စပိန်စူပါဖလားနှင့် ဥရောပစူပါဖလားတို့ကိုလည်း တစ်ကြိမ်စီ ဆွတ်ခူးနိုင်ခဲ့သည်။
ဂျီရိုနာအသင်းမှာ ဇန်နဝါရီ ၁၈ ရက်က မန်ချက်စတာစီးတီးအသင်းမှ ကွင်းလယ်တိုက်စစ်ကစားသမား ကလော်ဒီယို အီချီဗာရီကိုလည်း အငှားဖြင့်ခေါ်ယူနိုင်ခဲ့သည်။ (Xinhua)

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ဆန်တီယာဂို ဘာနေဗျူး အားကစားကွင်းတွင် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၆ ရက်က ရီးရဲလ်မက်ဒရစ်အသင်းနှင့် ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ ဘာစီလိုနာအသင်းမှ မာ့ခ်-အန်ဒရေ တာစတီဂျန် (အလယ်) ဂိုးပေါက်ကာကွယ်နေပုံကို တွေ့ရစဉ် (ဆင်ဟွာ)
……………..
(English Version)
Barcelona loans goalkeeper Ter Stegen to Girona until end of season
MADRID, Jan. 20 (Xinhua) — FC Barcelona goalkeeper Marc-Andre ter Stegen has joined Girona on loan until the end of the current season, the La Liga club announced on Tuesday.
“FC Barcelona has reached an agreement with Girona FC for the loan of Marc ter Stegen until 30 June 2026,” Barcelona confirmed on its official website and social media channels.
The 33-year-old moves after losing his place in Barcelona’s first team to summer signing Joan Garcia. He also needs a back operation in the summer, while a serious knee injury last season limited him to just a handful of appearances.
Ter Stegen’s departure appeared closer last week when he was left out of the Copa del Rey squad that won 2-0 away to Racing Santander, with Garcia starting and Wojciech Szczesny on the substitutes’ bench. He was also omitted from the squad for the weekend trip to San Sebastian and Wednesday’s Champions League tie away to Slavia Prague.
With the World Cup finals this summer, Ter Stegen needs regular playing time to strengthen his case for Germany’s squad, and is expected to compete with Paul Gazzaniga for Girona’s starting spot.
Ter Stegen joined Barcelona from Borussia Monchengladbach in 2014 and has made 423 appearances for the club, winning six La Liga titles, six Copa del Rey titles, one Champions League and one Spanish and European Super Cup title.
Girona completed the loan signing of attacking midfielder Claudio Echevarri from Manchester City on Sunday.
English Caption 1
Germany’s goalkeeper Marc Andre ter Stegen fails to save the goal during the UEFA Nations League A semifinal match between Germany and Portugal in Munich, Germany, June 4, 2025. (Photo by Philippe Ruiz/Xinhua)
English Caption 2
Marc-Andre ter Stegen (C) of Barcelona saves the ball during a La Liga football match between Real Madrid and FC Barcelona in Santiago Bernabeu Stadium, Madrid, Spain, Oct. 16, 2022. (Xinhua/Meng Dingbo)
