Connect with us

International Organizations

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ကက်စီမီရို ရာသီကုန်တွင် အသင်းမှထွက်ခွာမည်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်က မန်ချက်စတာယူနိုက်တက်နှင့် နယူးကာဆယ် ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လိဂ်ဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ဆုပေးပွဲအခမ်းအနားအပြီးတွင် ဆုဖလားကိုင်မြှောက်၍ အောင်ပွဲခံနေသည့် မန်ချက်စတာယူနိုက်တက်အသင်းမှ ကက်စီမီရိုအား တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ကက်စီမီရိုမှာ ရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အသင်းမှထွက်ခွာတော့မည်ဟု အသင်းဘက်က ဇန်နဝါရီ ၂၂ ရက်၌ ကြေညာခဲ့သည်။
“ကက်စီမီရိုဟာ ဒီနှစ်နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အသင်းကနေ ထွက်ခွာတော့မှာပါ” ဟု မန်ချက်စတာယူနိုက်တက်က ဇန်နဝါရီ ၂၂ ရက်၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
“အထင်ကရ ကွင်းလယ်ကစားသမားဟာ အသင်းမှာ လေးရာသီကြာ ဖြတ်သန်းခဲ့ပြီး ၁၄၆ ပွဲ ပါဝင်ကစားထားကာ လက်ရှိအချိန်အထိ ၂၁ ဂိုး သွင်းယူထားပါတယ်” ဟုလည်း အသင်း၏ ကြေညာချက်၌ ဖော်ပြထားသည်။
အသက် ၃၃ နှစ်အရွယ် ကက်စီမီရိုမှာ ၂၀၂၂ ခုနှစ်တွင် ရီးရဲလ်မက်ဒရစ်မှ ယူနိုက်တက်သို့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ ဖြင့် ‌ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ အသင်း၏ အဓိက ကစားသမားတစ်ဦးလည်းဖြစ်သည်။

၎င်းအနေဖြင့် ၂၀၂၃ ခုနှစ် ကာရာဘောင်းဖလား ဗိုလ်လုပွဲ၌ နယူးကာဆယ်အသင်းဘက်သို့ အဖွင့်ဂိုးသွင်းယူခဲ့ကာ ထိုရာသီ၌ ယူနိုက်တက်မှာ ပရီးမီးယားလိဂ်တွင်လည်း အဆင့်-၃ ချိတ်ခဲ့သည်။
သို့သော် အသင်း၏ ပူးတွဲပိုင်ရှင်သစ်ဖြစ်သူ ဂျင်မ် ရက်ကလစ်ဖ်က ကစားသမားအချို့မှာ လုံလုံလောက်လောက် ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ လုပ်ခလစာ များလွန်းနေသည်ဟု ယမန်နှစ်က အရိပ်အမြွက်ပြောဆိုခဲ့ပြီးနောက် ကက်စီမီရို၏ အနာဂတ်မှာလည်း လှုပ်လှုပ်ခတ်ခတ် ဖြစ်လာခဲ့သည်။
ဘရာဇီးလက်‌ရွေးစင်ဖြစ်သူ ကက်စီမီရိုက ၎င်းအနေဖြင့် ရာသီကုန်အထိ အသင်းအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။
“နှုတ်ဆက်စကားပြောဖို့ အချိန်မကျသေးပါဘူး။ လာမယ့်လေးလအတွင်းမှာ နောက်ထပ် အမှတ်ရစရာတွေ အများကြီးကို ဖန်တီးရပါဦးမယ်” ဟု ၎င်းက ပြောသည်။
“ကျွန်တော်တို့ အတူတူတိုက်ပွဲဝင်ရမယ့် အရာတွေ အများကြီးကျန်ပါသေးတယ်။ အသင်းအောင်မြင်ဖို့အတွက် အစွမ်းကုန်ပေးဆပ်ဖို့ ကျွန်တော် ခါတိုင်းလိုပဲ အပြည့်အဝအာရုံစိုက်ထားတုန်းပါပဲ” ဟု ကက်စီမီရိုက ဆက်လက်ပြောသည်။ (Xinhua)

ကာတာနိုင်ငံ ဒိုဟာမြို့ရှိ Ras Abu Aboud (974) အားကစားကွင်း၌ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၈ ရက်က ၂၀၂၂ ဖီဖာကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ်စု-G ပွဲစဉ်အဖြစ် ဆွစ်ဇာလန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်အပြီးတွင် ဘရာဇီးအသင်းမှ ကက်စီမီရို အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က ဘာစီလိုနာအသင်းနှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူရိုပါလိဂ် ပွဲစဉ်၌ ဘာစီလိုနာအသင်းမှ ဂါဗီ (ဝဲ) နှင့် မန်ချက်စတာယူနိုက်တက်အသင်းမှ ကက်စီမီရိုတို့၏ ယှဉ်ပြိုင်ကစားဟန်ကို တွေ့ရစဉ် (ဆင်ဟွာ)

…………………
(English Version)
Casemiro to leave Manchester United at end of season
LONDON, Jan. 22 (Xinhua) — Manchester United said on Thursday that midfielder Casemiro will leave the club when his contract expires at the end of the season.
“Casemiro will leave Manchester United this summer, upon the expiry of his contract,” Manchester United said in a statement on Thursday.
“The legendary midfielder has enjoyed four seasons at the club, playing 146 games and scoring 21 goals to date,” the statement added.
The 33-year-old joined United from Real Madrid for 70 million pounds in 2022 and has played a key role for the club.
He scored the opening goal in Manchester United’s 2023 Carabao Cup final victory over Newcastle, as United finished third in the Premier League.
His future came under scrutiny last year when new co-owner Jim Ratcliffe suggested some players were “not good enough” and “overpaid.”
The Brazil international said he would continue to fight until the end of the season.
“It is not time to say goodbye; there are many more memories to create during the next four months,” he said.
“We still have a lot to fight for together; my complete focus will, as always, remain on giving my everything to help our club to succeed,” he said.
English Caption 1
Manchester United’s Casemiro celebrates with the trophy after the awarding ceremony for the Football League Cup Final match between Manchester United and Newcastle United in London, Britain, on Feb. 26, 2023. (Xinhua)
English Caption 2
Casemiro of Brazil celebrates after the Group G match against Switzerland at the 2022 FIFA World Cup at Ras Abu Aboud (974) Stadium in Doha, Qatar on Nov. 28, 2022. (Xinhua/Zheng Huansong)
English Caption 3
Gavi (L) of Barcelona vies with Casemiro of Manchester United during an Europa League football match between Barcelona and Manchester United in Barcelona, Spain, Feb. 16, 2023. (Photo by Joan Gosa/Xinhua)