Asia
အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်တွင် မြေပြိုကျမှုဖြစ်ပွားပြီးနောက် သေဆုံးသူအရေအတွက် ၁၆ ဦးအထိ မြင့်တက်လာ
ဂျကာတာ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ ရဲတပ်ဖွဲ့က အနောက်ဂျာဗားပြည်နယ်တွင် မြေပြိုကျမှုဖြစ်ပွားပြီးနောက် သေဆုံးသူ ၁၆ ဦး၏ ရုပ်အလောင်းများကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး သေဆုံးသူ ၇ ဦးအား မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားနိုင်ခဲ့သည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၂၄ ရက်၌ ပြောကြားခဲ့သည်။
သေဆုံးသူရုပ်အလောင်းများကို အနောက်ဘန်ဒေါင်းနယ်မြေရှိ Cisarua ဧရိယာတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အနောက်ဂျာဗားပြည်နယ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Hendra Rochmawan က ထုတ်ပြန်ချက်၌ ပြောခဲ့သည်။
သေဆုံးသူ ၁၆ ဦးအနက် ၇ ဦးအား မည်သူမည်ဝါဖြစ်ကြောင်း အောင်မြင်စွာခွဲခြားနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ကျန်သေဆုံးသူများကိုလည်း DNA စစ်ဆေးမှုမှတစ်ဆင့် ခွဲခြားမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ အမည်မသိရှိသေးသူများကိုမူ ဒေသန္တရဆေးရုံတွင် ယာယီသိမ်းဆည်းထားကြောင်း ၎င်းက ဆိုသည်။
တစ်ချိန်တည်းမှာပင် အင်ဒိုနီးရှားနိုင်ငံ အမျိုးသား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီက အပျက်အစီးများအောက်တွင် ဆက်လက်ပိတ်မိနေဖွယ်ရှိသော လူ ၈၀ ဦးခန့်ကို ရှာဖွေရန် လေ့ကျင့်ထားသော အဖွဲ့ဝင် ၂၅၀ ခန့်အား ဖြန့်ကြက်တာဝန်ပေးထားကြောင်း သိရသည်။
မတည်ငြိမ်သော မြေပြင်အနေအထားကြောင့် ယခုအကြိမ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အေဂျင်စီများစွာ ပါဝင်ကာ ဒရုန်းများ၊ ခြေရာခံခွေးများနှင့် စက်ယန္တရားများ၏ ပံ့ပိုးမှု အနည်းငယ်သာ ရရှိကြောင်း အေဂျင်စီက ဆိုသည်။ (Xinhua)

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် အနောက်ဘန်ဒေါင်းနယ်မြေရှိ Cisarua ခရိုင်ခွဲတွင် ရုတ်တရက်ရေကြီးရေလျှံမှုဖြစ်ပွားခြင်းနှင့်အတူ မြေပြိုကျခဲ့ပြီးနောက် ရှာဖွေရေးလုပ်ငန်း လုပ်ဆောင်သည့်နေရာ၌ ကယ်ဆယ်ရေးသမားများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………………..
(English Version)
Death toll rises to 16 following landslide in Indonesia’s West Java
JAKARTA, Jan. 25 (Xinhua) — Indonesian police have recovered 16 bodies following a landslide in West Java Province, with seven victims identified, a police spokesperson said on Saturday.
In a statement, West Java Police spokesman Hendra Rochmawan reported that the bodies were found at the Cisarua area in West Bandung Regency.
Of the 16 bodies, seven have been successfully identified. The remaining victims are undergoing identification through DNA analysis, with the unidentified bodies temporarily stored at a local hospital, he added.
Meanwhile, Indonesia’s National Search and Rescue Agency has deployed about 250 trained personnel to search for an estimated 80 people believed to remain buried.
The operation involves multiple agencies, supported by drones, tracking dogs and limited heavy equipment due to unstable terrain, the agency said.
Photo 1, 2: Rescue team members work on site during search operations after a landslide accompanied by flash floods struck Cisarua Sub-district in West Bandung Regency, West Java, Indonesia, Jan. 24, 2026. (Photo by Septianjar Muharam/Xinhua)
