International Organizations
ကမ္ဘာ့အဆင့်-၁ တင်းနစ်မယ် ဆာဘလန်ကာ ဩစတြေးလျအိုးပင်း ကွာတားဖိုင်နယ်သို့ တက်ရောက်
မဲလ်ဘုန်း၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)
ဇန်နဝါရီ ၂၅ ရက်က ယှဉ်ပြိုင်ခဲ့သည့် ဩစတြေးလျအိုးပင်း စတုတ္ထအဆင့် ပွဲစဉ်၌ ကမ္ဘာ့အဆင့်-၁ တင်းနစ်မယ် အရီနာ ဆာဘလန်ကာက ဗစ်တိုးရီးယား အမ်ဘိုကို (ဆီဒင် ၁၇) အား နှစ်ပွဲပြတ်အနိုင်ယူကာ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်သည်။
ဂရင်းစလင်းချန်ပီယံဆု လေးဆုရှင် ဆာဘလန်ကာက ရော့ဒ်လေဗာ အားကစားကွင်း၌ အချိန် ၁ နာရီနှင့် ၂၆ မိနစ် ကြာမြင့်ခဲ့သည့် ယခုပွဲစဉ်၌ ပြိုင်ဘက်ဖြစ်သူအား ၆-၁၊ ၇-၆ (၁) ဖြင့် သက်သောင့်သက်သာ အနိုင်ရခဲ့ပြီး ရမှတ် ၃၁ မှတ် ရယူနိုင်ခဲ့သည်။
“သူ ကျွန်မကို တော်တော်လေး ဖိအားပေးနိုင်ခဲ့ပေမဲ့ အဲဒါကိုကျော်ဖြတ်နိုင်ခဲ့လို့ ကျွန်မ သိပ်ပျော်ပါတယ်” ဟု ဆာဘလန်ကာက ဆိုသည်။
ဩစတြေးလျအိုးပင်းပြိုင်ပွဲ ၈ ရက်မြောက်တွင် ယှဉ်ပြိုင်ခဲ့သည့် စတုတ္ထအဆင့် ပွဲစဉ်များမှာ ယခင်နေ့ကကဲ့သို့ ရာသီဥတု ဆိုးရွားခဲ့ခြင်းမရှိဘဲ ပိုမိုအေးမြသော ရာသီဥတုအောက်တွင် စတင်နိုင်ခဲ့သည်။
တင်းနစ်လောကတွင် အနာဂတ် စူပါစတားတစ်ဦး ဖြစ်လာမည်ဟု ချီးကျူးခံထားရသည့် အသက် ၁၉ နှစ်အရွယ် အမ်ဘိုကိုမှာ ဂရင်းစလင်းပြိုင်ပွဲကြီးတစ်ခုတွင် နောက်ဆုံး ၁၆ ဦးအဆင့်သို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ပြီး ချီးကျူးမှုများနှင့် ထိုက်တန်သူဖြစ်ကြောင်း ပြသခဲ့သည်။
သို့သော် အဆိုပါ ကနေဒါတင်းနစ်မယ်မှာ မဲလ်ဘုန်းတွင် တတိယအကြိမ် ချန်ပီယံဆု ဆွတ်ခူးနိုင်ရန် အပြင်းအထန်ကြိုးပမ်းနေသည့် ဆာဘလန်ကာ၏ လက်စွမ်းကိုမူ မည်သို့မျှမယှဉ်နိုင်ခဲ့ပေ။
ဆာဘလန်ကာက သက်သောင့်သက်သာရှိသော နိုင်ပွဲတစ်ပွဲ ဖန်တီးရန် ကြိုးစားခဲ့သော်လည်း ဒုတိယပွဲလတ်၏ ပွဲငယ် ၁၀ ပွဲမြောက်တွင် ပွဲဖြတ်နိုင်ခဲ့ခြင်းမရှိပေ။
သို့သော် အသက် ၂၇ နှစ်အရွယ် ဆာဘလန်ကာက နောက်ထပ်အမှားမခံတော့ဘဲ အဆုံးအဖြတ်ပွဲပိုတွင် အနိုင်ကစားနိုင်ခဲ့သည်။ ဆာဘလန်ကာမှာ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် အမေရိကန်တင်းနစ်မယ် အီဗာ ဂျိုဗစ် (ဆီဒင်-၂၉) နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ (Xinhua)

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က ဘီလာရုစ်တင်းနစ်မယ် အရီနာ ဆာဘလန်ကာနှင့် ကနေဒါတင်းနစ်မယ် ဗစ်တိုးရီးယား အမ်ဘိုကိုတို့ ယှဉ်ပြိုင်ခဲ့သည့် ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း စတုတ္ထအဆင့်ပွဲစဉ်အပြီးတွင် အရီနာ ဆာဘလန်ကာ (ယာ) နှင့် ဗစ်တိုးရီးယား အမ်ဘိုကိုတို့ နှုတ်ဆက်နေစဉ် (ဆင်ဟွာ)


………………
(English Version)
No. 1 Sabalenka cruises into Australian Open quarters
MELBOURNE, Jan. 25 (Xinhua) — World number one Aryna Sabalenka made a statement on Sunday after powering into the Australian Open quarterfinals with a straight-sets win over 17th seed Victoria Mboko.
The four-time Grand Slam champion hit 31 winners in her comfortable 6-1, 7-6 (1) victory in one hour and 26 minutes at Rod Laver Arena.
“She pushed me so much, but was super happy to get through,” Sabalenka said.
Fourth round action started on day eight in cooler conditions than the oppressive weather the day before.
Touted as a future superstar, the 19-year-old Mboko had lived up to the billing by reaching the last 16 of a Grand Slam for the first time.
But the Canadian was totally overwhelmed by the power of Sabalenka, whose bid for a third title in Melbourne gained steam.
Sabalenka was storming to a comfortable victory before she unexpectedly could not close it out in the 10th game of the second set.
But the 27-year-old was not to be denied and clinched victory on a tiebreak.
Sabalenka will next play 29th seed Iva Jovic of the United States in the last eight.
English Caption 1
Aryna Sabalenka hits a return during the women’s singles 4th round match between Aryna Sabalenka of Belarus and Victoria Mboko of Canada at the Australian Open tennis tournament in Melbourne, Australia, Jan. 25, 2026. (Xinhua/Ma Ping)
English Caption 2
Aryna Sabalenka (R) greets Victoria Mboko after the women’s singles 4th round match between Aryna Sabalenka of Belarus and Victoria Mboko of Canada at the Australian Open tennis tournament in Melbourne, Australia, Jan. 25, 2026. (Xinhua/Ma Ping)
