Connect with us

North America

အမေရိကန် ဆောင်းရာသီ လေပြင်းမုန်တိုင်းကြောင့် အသုံးပြုသူ ၉၀၀,၀၀၀ ကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်၊ လေယာဉ်ခရီးစဉ် ၁၀,၀၀၀ ကျော် ဖျက်သိမ်း

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ လာဂါဒီယာလေဆိပ်တွင် လေယာဉ်ခရီးစဉ် အချက်အလက်ဖော်ပြသည့် ဖန်သားပြင်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

မကြာသေးမီရက်များတွင် ဆောင်းရာသီ လေပြင်းမုန်တိုင်း ကျယ်ကျယ်ပြန့်ပြန့် ဆက်တိုက် တိုက်ခတ်မှုကြောင့် အမေရိကန်နိုင်ငံတစ်ဝန်းရှိ အသုံးပြုသူ ၉၀၀,၀၀၀ ကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရကြောင်း အမေရိကန်မီဒီယာများ၏ ဇန်နဝါရီ ၂၅ ရက် သတင်းအရ သိရသည်။ နောက်ဆုံးရရှိသော အချက်အလက်များအရ ဇန်နဝါရီ ၂၅ ရက်တွင် အမေရိကန်နိုင်ငံတစ်ဝန်းရှိ လေယာဉ်ခရီးစဉ် ၁၀,၀၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

ထိုနေ့ မွန်းတည့်ချိန်အထိ အမေရိကန်နိုင်ငံတစ်ဝန်းရှိ အသုံးပြုသူ ၉၀၀,၀၀၀ ကျော်သည် ဤဆောင်းရာသီ လေပြင်းမုန်တိုင်း ကျယ်ကျယ်ပြန့်ပြန့် တိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရပြီး တောင်ပိုင်းပြည်နယ်များဖြစ်သည့် တင်နက်ဆီ၊ မစ္စစ္စပီ၊ လူဝီစီးယားနားနှင့် တက္ကဆက်ပြည်နယ်များတွင် သက်ရောက်မှုမှာ အဆိုးရွားဆုံး ဖြစ်ကြောင်း ABC သတင်းဌာန၏ အဆိုအရ သိရသည်။ သတင်းထုတ်ပြန်ချိန်အထိ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခံရသည့် အရေအတွက်မှာ ဆက်လက်တိုးပွားနေဆဲဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံတစ်ဝန်းရှိ ပြည်နယ် ၂၁ ခုသည် အရေးပေါ်အခြေအနေတွင် ရှိနေဆဲဖြစ်ပြီး လေယာဉ်ခရီးစဉ် ၂၈,၅၀၀ အပေါ် သက်ရောက်မှုရှိခဲ့ကြောင်း Fox မိုးလေဝသသတင်းဖော်ပြချက်အရ သိရသည်။ ဇန်နဝါရီ ၂၅ ရက် မွန်းတည့်ချိန်အထိ ထိုနေ့အမေရိကန်နိုင်ငံတစ်ဝန်းတွင် လေယာဉ်ခရီးစဉ် ၁၀,၄၈၅ ခု ဖျက်သိမ်းခဲ့ကြောင်း အမေရိကန် လေယာဉ်ခရီးစဉ်ခြေရာခံဝက်ဘ်ဆိုက်၏ နောက်ဆုံး အချက်အလက်များတွင် ပြသထားသည်။ ယင်းအနက် ဝါရှင်တန်မြို့ရှိ ရေဂင်အမျိုးသားလေဆိပ်သည် ဖျက်သိမ်းမှုနှုန်းမှာ ၁၀၀ ရာခိုင်နှုန်း နီးပါးရှိပြီး နယူးယောက်မြို့ရှိ လာဂါဒီယာလေဆိပ်တွင် ဖျက်သိမ်းမှုနှုန်းမှာ ၉၀ ရာခိုင်နှုန်း ကျော်လွန်ကြောင်း သိရသည်။

ဤ ကျယ်ပြန့်စွာ တိုက်ခတ်သော ဆောင်းရာသီ လေပြင်းမုန်တိုင်းသည် ဇန်နဝါရီ ၂၃ ရက်မှစ၍ အမေရိကန်ဒေသအများစုကို ဖြတ်သန်းတိုက်ခတ်မည်ဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆီးနှင်းထူထပ်စွာကျဆင်းခြင်း၊ နှင်းမိုး၊ ရေခဲမိုးရွာသွန်းမှုနှင့် အလွန်အမင်းအေးခဲရာသီဥတုများ ဖြစ်ပေါ်စေမည်ဖြစ်ပြီး ဇန်နဝါရီ ၂၅ ရက်အထိ ဆက်လက်ဖြစ်ပေါ်နေမည်ဟု အမေရိကန်အမျိုးသားမိုးလေဝသဌာန (NWS) က ယင်းမတိုင်မီတွင် ခန့်မှန်းထုတ်ပြန်ခဲ့သည်။ NWS က အမေရိကန်နိုင်ငံသား သန်း ၁၆၀ ကျော်အပေါ် သက်ရောက်မှုရှိမည်ဟု ခန့်မှန်းရပြီး ပြင်းထန်သောအအေးဒဏ်သည် အသက်အန္တရာယ်လည်းရှိနိုင်ကြောင်း သတိပေးခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ လာဂါဒီယာလေဆိပ်တွင် စုပုံနေသည့်နှင်းများအား ရှင်းလင်းနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………….
(Chinese Version)
美国冬季风暴致超90万户断电  逾万架次航班取消
新华社华盛顿1月25日电 据美国媒体25日报道,连日来的大规模冬季风暴已导致全美境内超过90万用户断电。最新数据显示,25日当天,全美仍有超过1万架次航班取消。
据美国广播公司报道,截至当天中午,全美超过90万用户因这场大规模冬季风暴断电,南部的田纳西州、密西西比州、路易斯安那州和得克萨斯州受影响最为严重。截至记者发稿时,断电户数还在增加。
据福克斯气象台报道,全美仍有21个州处于紧急状态,2.85万架次航班受到影响。美国航班跟踪网站最新数据显示,截至25日午间,全美当天已有10485架次航班取消。其中,华盛顿里根国家机场取消率接近100%,纽约拉瓜迪亚机场取消率超过90%。
美国国家气象局此前预报,这场大规模冬季强风暴从23日起席卷美国大部分地区,带来大范围强降雪、雨夹雪和冻雨以及极寒天气,将持续至25日。美国国家气象局预计超过1.6亿美国人将受影响,并警告严寒可能致命。(完)
图说1:这是1月25日在美国纽约拉瓜迪亚机场拍摄的航班信息显示屏。新华社记者 张凤国 摄
图说2:1月25日,铲雪车在美国纽约拉瓜迪亚机场清理积雪。新华社记者 张凤国 摄