Connect with us

International Organizations

နည်းပြကာရစ် လက်ထက်တွင် ပုံစံကောင်းပြန်လည်ပြသနေသည့် မန်ချက်စတာယူနိုက်တက်က အာဆင်နယ်ကို အနိုင်ရရှိ၊ ချန်ပီယံဆုအတွက် အကြိတ်အနယ်ပြန်ရှိလာ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က အာဆင်နယ်အသင်းနှင့် ချဲလ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်၌ အာဆင်နယ်နည်းပြချုပ် မစ်ကယ် အာတေတာ လက်ဟန်ခြေဟန်ဖြင့် ညွှန်ကြားနေစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

ဇန်နဝါရီ ၂၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ နည်းပြ မိုက်ကယ်ကာရစ် လက်ထက်တွင် ပုံစံကောင်းပြသနေသည့် မန်ချက်စတာယူနိုက်တက်က အာဆင်နယ်ကို အဝေးကွင်းတွင် ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ယခုရလဒ်ကြောင့် မန်ချက်စတာစီးတီး၏ ချန်ပီယံမျှော်လင့်ချက်မှာလည်း ပိုမိုအသက်ဝင်လာခဲ့သည်။
ပွဲကစားချိန် ၂၉ မိနစ်တွင် ယူနိုက်တက်နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် ကိုယ့်ဂိုးကိုယ်သွင်းမိသဖြင့် အာဆင်နယ်က ဦးဆောင်ဂိုးရရှိခဲ့သော်လည်း သိပ်မကြာမီမှာပင် အာဆင်နယ်ခံစစ်၏ အမှားကို ပိုင်ပိုင်နိုင်နိုင်အသုံးချ၍ ဘရိုင်ယန် အမ်ဘူမိုက ချေပဂိုးသွင်းယူခဲ့သည်။
ဒုတိယပိုင်း ပွဲပြန်စပြီး ၅ မိနစ်အကြာတွင် ပက်ထရစ် ဒေါ်ဂူက ယူနိုက်တက်အတွက် ဦးဆောင်ဂိုး ပြန်လည်သွင်းယူခဲ့ရာ အမှတ်ပေးဇယားထိပ်ဆုံးမှ အာဆင်နယ်၏ အသာရမှုမှာ လေးမှတ်သာ ရှိတော့မည်ဖြစ်သဖြင့် ဖိအားအောက်သို့ ရောက်ရှိစေခဲ့သည်။
အကြိတ်အနယ်ရှိခဲ့သည့် အဆိုပါပွဲစဉ်၌ ပွဲချိန်နှောင်းပိုင်းတွင် အာဆင်နယ်ကစားသမား မစ်ကယ် မယ်ရီနိုက ထောင့်ကန်ဘောမှတစ်ဆင့် အနီးကပ်ပိတ်သွင်း၍ ချေပဂိုးသွင်းယူခဲ့ပြီးနောက် နှစ်မိနစ်အကြာ ပွဲချိန် ၈၇ မိနစ်တွင် မက်သီးယက်စ် ကွန်ညာက ယူနိုက်တက်အတွက် အနိုင်ဂိုးသွင်းယူခဲ့သည်။
အခြားပွဲစဉ်တွင် အက်စတွန်ဗီလာက နယူးကာဆယ်ယူနိုက်တက်ကို အဝေးကွင်းတွင် ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အတွက် မန်ချက်စတာစီးတီးနှင့် ရမှတ်တူအနေအထားဖြင့် အဆင့်-၃ တွင် ရပ်တည်နေသော်လည်း နယူးကာဆယ်မှာမူ ယခုရလဒ်ကြောင့် ဥရောပဝင်ခွင့် မျှော်လင့်ချက်များ မှေးမှိန်သွားခဲ့ရသည်။
ပွဲချိန် ၁၉ မိနစ်တွင် အမ်မီ ဘွမ်ဒီယာက အဖွင့်ဂိုးသွင်းယူခဲ့ပြီး ပုံမှန်ပွဲကစားချိန်ပြီးဆုံးရန် နှစ်မိနစ်အလို၌ အိုလီ ဝက်ကင်စ်က ခေါင်းတိုက်၍ ဒုတိယဂိုးသွင်းယူခဲ့သည်။
ချဲလ်ဆီးအသင်းကလည်း ခရစ္စတယ်ပဲလေ့စ်အသင်းကို အဝေးကွင်းတွင် ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဘရာဇီးလူငယ်ကြယ်ပွင့် အီစတေဗိုက အဖွင့်ဂိုးကို ကိုယ်တိုင်သွင်းယူခဲ့သလို ဂျာအို ပက်ဒရို သွင်းယူခဲ့သည့် ဒုတိယဂိုးကိုလည်း ဖန်တီးပေးခဲ့ပြီး အန်ဇို ဖာနန်ဒက်ဇ်က ပင်နယ်တီမှတစ်ဆင့် တတိယဂိုးသွင်းယူခဲ့သည်။ ထို့နောက် ပဲလေ့စ်အတွက် ချေပဂိုးတစ်ဂိုးကို ခရစ္စ ရစ်ချက်စ်က ပွဲပြီးခါနီးတွင် သွင်းယူခဲ့ပြီး ထိုပွဲစဉ်၌ ပဲလေ့စ်ကွင်းလယ်ကစားသမား အဒမ် ဝှါတန် ထုတ်ပယ်ခံခဲ့ရသည်။
နော်တင်ဟမ်ဖောရက်စ်က ဘရန့်ဖို့ဒ်ကို အဝေးကွင်းတွင် ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အနိုင်ဂိုးများကို ပထမပိုင်းတွင် အီဂေါ ဂျေးဆူးက ခေါင်းတိုက်၍လည်းကောင်း၊ ပွဲချိန် ၇၉ မိနစ်တွင် မော်ဂန် ဂစ်ဘ်-ဝှိုက်၏ ဖန်တီးပေးမှုကို တိုင်ဝို အာဝိုနီယီက အဆုံးသတ်၍လည်းကောင်း သွင်းယူခဲ့ခြင်းဖြစ်သည်။ (Xinhua)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က အာဆင်နယ်အသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပွဲစဉ်၌ အာဆင်နယ်ကစားသမား ဒက်ကလန်ရိုက်စ်၏ တုံ့ပြန်ပုံအား တွေ့ရစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က အာဆင်နယ်အသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပွဲစဉ်၌ အာဆင်နယ်ကစားသမား ဘူကာယို ဆာကာအား တွေ့ရစဉ် (ဆင်ဟွာ)

………………
(English Version)
Carrick inspired revival sees Manchester United open up title race again
LONDON, Jan. 25 (Xinhua) — Manchester United extended its strong form under Michael Carrick with a 3-2 win away to Arsenal on Sunday, a result that also boosted Manchester City’s title hopes.
Arsenal took the lead in the 29th minute when Lisandro Martinez turned the ball into his own net, but Bryan Mbeumo pounced on a defensive error to equalize soon afterwards.
Patrick Dorgu restored United’s lead five minutes into the second half, setting up a tense finish that cut Arsenal’s advantage at the top of the table to four points.
Matheus Cunha scored the winner in the 87th minute, two minutes after Mikel Merino’s close-range finish from a corner had pulled Arsenal level late in an end-to-end match.
Aston Villa stayed third and level on points with Manchester City after a 2-0 win away to Newcastle United, a result that also dented Newcastle’s European hopes.
Emi Buendia opened the scoring in the 19th minute, and Ollie Watkins headed in a second two minutes from time to reward Villa’s superiority.
Chelsea beat Crystal Palace 3-1 away, with young Brazilian Estevao scoring the opener and setting up Joao Pedro for the second before Enzo Fernandez added a penalty to make it 3-0. Chris Richards pulled one back late for Palace, which also had Adam Wharton sent off.
Nottingham Forest won 2-0 away to Brentford, with Igor Jesus heading in during the first half and Taiwo Awoniyi adding a second in the 79th minute from Morgan Gibbs-White’s assist.
English Caption 1
Arsenal’s head coach Mikel Arteta gestures during the English Premier League match between Arsenal FC and Chelsea FC in London, Britain, on Nov. 30, 2025. (Xinhua)
English Caption 2
Arsenal’s Declan Rice reacts during the UEFA Champions League football match between Arsenal and Bayern Munich in London, Britain, Nov. 26, 2025. (Xinhua/Li Ying)
English Caption 3
Arsenal’s Bukayo Saka reacts during the UEFA Champions League football match between Arsenal and Bayern Munich in London, Britain, Nov. 26, 2025. (Xinhua/Li Ying)