Connect with us

International Organizations

တိုက်စစ်မှူး အေဘရာဟမ် ဘက်ဆစ်တက်စ်အသင်းမှ အက်စတွန်ဗီလာအသင်းထံ ပြန်လည်ပြောင်းရွှေ့

အီတလီနိုင်ငံ ရောမမြို့တွင် ၂၀၂၂ ခုနှစ် မတ် ၂၀ ရက်က ရိုးမားအသင်းနှင့် လာဇီယိုအသင်းတို့ ယှဉ်ပြိုင်ကစားသည့် စီးရီးအေ ဘောလုံးပွဲစဉ်၌ ထိုစဉ်က ရိုးမားအသင်းကစားသမားဖြစ်သူ တမ်မီ အေဘရာဟမ် ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
လန်ဒန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)
အင်္ဂလန်တိုက်စစ်မှူး တမ်မီ အေဘရာဟမ်မှာ တူကီယဲကလပ် ဘက်ဆစ်တက်စ်မှ ပရီးမီးယားလိဂ် ဆုဖလားအတွက် ယှဉ်ပြိုင်နေသော အသင်းတစ်သင်းဖြစ်သည့် အက်စတွန်ဗီလာအသင်းထံ လေးနှစ်ခွဲသက်တမ်းရှိသော စာချုပ်ဖြင့် ပြန်လည်ပြောင်းရွှေ့လာခဲ့ကြောင်း သိရသည်။
အသက် ၂၈ နှစ်အရွယ် အေဘရာဟမ်မှာ ၂၀၂၁ ခုနှစ်တွင် ရိုးမားအသင်းထံ ပြောင်းရွှေ့ခဲ့ပြီးနောက် အင်္ဂလန်မြေသို့ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။ အေဘရာဟမ်မှာ ဘက်ဆစ်တက်စ်အသင်း၌ အငှားဖြင့် လာရောက်ကစားခဲ့ခြင်းဖြစ်သော်လည်း ဘက်ဆစ်တက်စ်က ရိုးမားအသင်းထံမှ ပေါင် ၁၁ သန်းဖြင့် အပြီးသတ်ဝယ်ယူခွင့်ကို ဇန်နဝါရီ ၂၆ ရက်က အသက်သွင်းခဲ့ခြင်းဖြစ်သည်။ ဗီလာအနေဖြင့် အေဘရာဟမ်၏ အပြောင်းအရွှေ့အတွက် ဘက်ဆစ်တက်စ်အား ယူရို ၂၁ သန်း ပေးချေရမည်ဟု သိရသည်။
အက်စတွန်ဗီလာအသင်း မန်နေဂျာ အူနိုင်း အမ်မရီမှာ တိုက်စစ်မှူး အိုလီ ဝက်ကင်စ်ကို ပံ့ပိုးနိုင်ရန် တိုက်စစ်ပိုင်းအတွက် ထပ်မံအားဖြည့်ပေးနိုင်မည့် ရွေးချယ်စရာများကို ရှာဖွေနေခြင်းဖြစ်ကာ အေဘရာဟမ်အား ကာလရှည် စိတ်ဝင်စားနေခဲ့ခြင်းဖြစ်သည်။ အေဘရာဟမ်မှာ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီက ဗီလာအသင်း၌ အငှားဖြင့် လာရောက်ကစားခဲ့ဖူးကာ ဗီလာအသင်း ချန်ပီယံရှစ်မှ ပရီးမီးယားလိဂ်သို့ တန်းတက်နိုင်ရန် အဓိကနေရာမှ စွမ်းဆောင်ပေးခဲ့သူဖြစ်ပြီး ပွဲ ၄၀ ပါဝင်ကစားခဲ့ရာ ၂၆ ဂိုး သွင်းယူနိုင်ခဲ့သည်။
“တချို့ကလပ်အသင်းတွေဟာ ကိုယ်လျှောက်လှမ်းတဲ့ ခရီးမှာ အဓိကနေရာကနေ ပါဝင်နေပြီး အမြဲအတူ ရှိနေတတ်တယ်” ဟု အေဘရာဟမ်က ဆိုသည်။
“ကျွန်တော် သွင်းဂိုးတွေ သွင်းယူရင်း၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်ရင်း ကစားသမားတစ်ယောက်အနေနဲ့ရော လူသားတစ်ယောက်အနေနဲ့ပါ ရင့်ကျက်လာခဲ့ပါပြီ။ ကျွန်တော် အက်စတွန်ဗီလာအသင်းဆီ ပြန်ရောက်လာပြီမို့ အသင်းအတွက် ကြိုးစားပြီး အရာအားလုံး ပေးဆပ်သွားဖို့ အသင့်ဖြစ်နေပါပြီ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယခုအပြောင်းအရွှေ့၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယခုရာသီတွင် အန်ဒါလက်ချ်အသင်း၌ အငှားထွက်ကစားနေသည့် ဗီလာအသင်း၏ ဆယ်ကျော်သက်ကွင်းလယ်လူ ယာဆင် အော့ဇ်ကန်မှာ ဘက်ဆစ်တက်စ်အသင်းထံ ပြောင်းရွှေ့မည်ဖြစ်သည်။ (Xinhua)

အီတလီနိုင်ငံ ရောမမြို့တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က ရိုးမားအသင်းနှင့် အမ်ပိုလီအသင်းတို့ ယှဉ်ပြိုင်ခဲ့သည့် စီးရီးအေ ဘောလုံးပွဲစဉ်၌ ထိုစဉ်က ရိုးမားအသင်းကစားသမားဖြစ်သူ တမ်မီ အေဘရာဟမ် ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က ချဲလ်ဆီးအသင်းနှင့် အက်စတွန်ဗီလာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်၌ ကစားသမားများကို ညွှန်ကြားနေသည့် အက်စတွန်ဗီလာအသင်း မန်နေဂျာ အူနိုင်း အမ်မရီအား တွေ့ရစဉ် (ဆင်ဟွာ)

………………
(English Version)
Abraham completes Aston Villa return from Besiktas
LONDON, Jan. 27 (Xinhua) — England striker Tammy Abraham has completed a reported move back to Aston Villa from Besiktas, signing a four-and-a-half-year contract with the Premier League title contenders.
The 28-year-old returns to English football for the first time since joining Roma in 2021. Abraham had been on loan at Besiktas, but the Turkish club activated their 11 million pounds purchase option from Roma on Monday. It was reported that Villa would pay Besiktas a fee of 21 million euros to secure his transfer.
Aston Villa manager Unai Emery has been searching for additional striking options to support Ollie Watkins and has maintained a long-standing interest in Abraham. The forward previously spent the 2018-19 season on loan at Villa, playing a key role in their promotion from the Championship with 26 goals in 40 appearances.
“Some clubs play a big part in your journey and stay with you,” Abraham said.
“I’ve scored goals, faced challenges, and grown as a player and as a man. I’m back at Aston Villa, ready to work and give everything,” he added.
As part of the deal, teenage Villa midfielder Yasin Ozcan, who has been on loan at Anderlecht this season, will join Besiktas.
English Caption 1
Roma’s Tammy Abraham celebrates his goal during a Serie A football match between Roma and Lazio in Rome, Italy, on March 20, 2022. (Photo by Alberto Lingria/Xinhua)
English Caption 2
Roma’s Tammy Abraham (front) celebrates his goal during a Serie A football match between Roma and Empoli in Rome, Italy, on Feb. 4, 2023. (Photo by Alberto Lingria/Xinhua)
English Caption 3
Aston Villa’s manager Unai Emery instructs during the English Premier League match between Chelsea and Aston Villa in London, Britain, Dec. 27, 2025. (Xinhua)