Connect with us

International Organizations

ဩစတြေးလျအိုးပင်းတွင် ဆီဒင်အမြင့်ဆုံး ကစားသမားများဖြစ်သည့် အယ်လ်ကာရက်ဇ်နှင့် ဆာဘလန်ကာတို့ ဆီမီးဖိုင်နယ် တက်ရောက်

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၇ ရက်က ယှဉ်ပြိုင်ခဲ့သည့် ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ကွာတားဖိုင်နယ်ပွဲစဉ်အပြီးတွင် အမေရိကန်တင်းနစ်မယ် အီဗာ ဂျိုဗစ်နှင့် ဘီလာရုစ်တင်းနစ်မယ် အရီနာ ဆာဘလန်ကာ (ယာ) တို့ နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

မဲလ်ဘုန်း၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

ဇန်နဝါရီ ၂၇ ရက်က မဲလ်ဘုန်းမြို့၌ အပူလှိုင်းကျရောက်နေချိန် ယှဉ်ပြိုင်ခဲ့သည့် ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များတွင် ဆီဒင်အမြင့်ဆုံး ကစားသမားများဖြစ်သည့် ကားလို့စ် အယ်လ်ကာရက်ဇ်နှင့် အရီနာ ဆာဘလန်ကာတို့က ပြိုင်ဘက်များကို ပြတ်ပြတ်သားသား အနိုင်ယူကာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
သို့သော် ကမ္ဘာ့အဆင့်-၃ တင်းနစ်မယ် ကိုကိုဂေ့ါဖ်မှာမူ ဩစတြေးလျအိုးပင်းပြိုင်ပွဲ ၁၀ ရက်မြောက်နေ့တွင် စတင်ယှဉ်ပြိုင်ခဲ့သည့် ကွာတားဖိုင်နယ်ပွဲစဉ်များအနက် ကြီးကြီးမားမား ကမောက်ကမဖြစ်ခဲ့သည့် ပွဲရလဒ်အဖြစ် အယ်လီနာ ဆဗစ်တိုလီနာကို အရေးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည့် ဆီဒင်အမြင့်ဆုံး ကစားသမား ဖြစ်လာခဲ့သည်။
မဲလ်ဘုန်းမြို့တွင် ၄၃ ဒီဂရီ ဆဲစီးယပ်စ်အထိ အပူချိန်မြင့်တက်နေသည့်အတွက် ရော့ဒ်လေဗာ အားကစားကွင်း၏ ပင်မတင်းနစ်အားကစားကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် ကွာတားဖိုင်နယ် ပွဲစဉ်နှစ်ပွဲအား အမိုးပိတ်၍ ကစားခဲ့ရသည်။
သို့သော် အယ်လ်ကာရက်ဇ်ကမူ ပွဲစဉ်ဇယားအရ ညအချိန် ယှဉ်ပြိုင်ကစားရသည့်အတွက် အပူချိန် လျော့ကျနေပြီဖြစ်ရာ ရာသီဥတုဒဏ်ကို ပြင်းပြင်းထန်ထန် မခံစားခဲ့ရပေ။

ဂရင်းစလင်း ချန်ပီယံဆုကို ၆ ကြိမ် ရယူထားသည့် အယ်လ်ကာရက်ဇ်မှာ ၎င်း၏ကစားအားကို အလဟဿမဖြစ်အောင် ထိန်းကစားနိုင်ခဲ့ပြီး ပွဲကစားချိန် ၂ နာရီနှင့် ၁၅ မိနစ် ကြာမြင့်သည့် အဆိုပါပွဲစဉ်၌ ဩစတြေးလျ တင်းနစ်ကစားသမား အဲလက်စ် ဒီမနော်ယာကို ၇-၅၊ ၆-၂၊ ၆-၁ ဖြင့် အနိုင်ကစားခဲ့ပြီး အိမ်ရှင်ပရိသတ်များ၏ မျှော်လင့်ချက်ဖြစ်သော ဒီမနော်ယာ၏ အိပ်မက်များကို အဆုံးသတ်စေခဲ့သည်။
“ပွဲစဉ်တိုင်းမှာ ကျွန်တော့်ရဲ့ကစားပုံကို တကယ်ပဲ ကျေနပ်ပျော်ရွှင်မိပါတယ်။ ကျွန်တော့်ရဲ့လက်စွမ်းကို မြှင့်တင်နေပါတယ်” ဟု အယ်လ်ကာရက်ဇ်က ပြောကြားခဲ့သည်။ ၎င်းမှာ ပြိုင်ပွဲတစ်လျှောက်တွင် လက်ရှိအချိန်အထိ ပွဲလတ်တစ်ပွဲမှ ရှုံးနိမ့်ခဲ့ခြင်းမရှိပေ။
အယ်လ်ကာရက်ဇ်အနေဖြင့် ဆီမီးဖိုင်နယ်တွင် ကမ္ဘာ့အဆင့်-၃ ကစားသမားဖြစ်သူ အလက်ဇန်းဒါး ဇဲရက်ဗ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဇဲရက်ဗ်မှာ အမေရိကန် တင်းနစ်ကစားသမား လန်နာထျန်ကို ပွဲချိန် ၃ နာရီနှင့် ၁၁ မိနစ်ကြာ ယှဉ်ပြိုင်ခဲ့ပြီးနောက် ၆-၃၊ ၆-၇ (၅)၊ ၆-၁၊ ၇-၆ (၃) ဖြင့် အနိုင်ယူကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်။
အမျိုးသမီးပွဲစဉ်များတွင် မေဂျာဆုဖလား လေးကြိမ်ရရှိထားသည့် ဆာဘလန်ကာက နေ့ခင်းဘက် ပြင်းထန်သော အပူဒဏ်ကို အန်တုလျက် ဆယ်ကျော်သက် တင်းနစ်မယ် အီဗာ ဂျိုဗစ်ကို ၈၉ မိနစ်ကြာ ယှဉ်ပြိုင်ခဲ့ပြီးနောက် ၆-၃၊ ၆-၀ ဖြင့် အနိုင်ယူကာ ဂျိုဗစ်၏ စိတ်လှုပ်ရှားဖွယ် လက်စွမ်းပြမှုကို အဆုံးသတ်စေခဲ့သည်။
“ဒါက သိပ်ကိုခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲပါ။ ရမှတ်ကိုပဲ မကြည့်ပါနဲ့။ လုံးဝကို မလွယ်ကူခဲ့ပါဘူး” ဟု ပွဲအပြီးတွင် ဆာဘလန်ကာက နှိမ့်ချပြောဆိုခဲ့သည်။ “ဒီအနိုင်ရလဒ်အတွက် ကျွန်မ သိပ်ပျော်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ဆာဘလန်ကာအနေဖြင့် ပွဲကြီးပွဲကောင်းအဖြစ် ဆီမီးဖိုင်နယ်တွင် ပြိုင်ဘက်ဖြစ်သူ ကိုကိုဂေါ့ဖ်နှင့် ထိပ်တိုက်ရင်ဆိုင်တွေ့လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် အဆိုပါ အမေရိကန်တင်းနစ်မယ်မှာ ဆဗစ်တိုလီနာ (ဆီဒင်-၁၂) ကို အံ့အားသင့်ဖွယ် အရေးနိမ့်ခဲ့ပြီး တစ်နာရီနီးပါး ယှဉ်ပြိုင်ခဲ့သည့် ထိုပွဲစဉ်၌ ဆဗစ်တိုလီနာက ပြိုင်ဘက်၏ အကြိမ်ကြိမ် အမှားကျူးလွန်မှုကို မိမိရရ အသုံးချနိုင်ခဲ့သည်။
“အခုချိန်အထိတော့ ဒီပြိုင်ပွဲမှာ ကျွန်မရဲ့စွမ်းဆောင်ရည်ကို တော်တော်လေး ကျေနပ်မိပါတယ်” ဟု အဓိကပြိုင်ပွဲတစ်ခုတွင် ဆီမီးဖိုင်နယ်အဆင့်သို့ လေးကြိမ်မြောက် တက်ရောက်နိုင်ခဲ့သည့် ဆဗစ်တိုလီနာက ပြောကြားခဲ့ကာ ယခုတစ်ကြိမ်မှာ ၂၀၂၃ ခုနှစ် ဝင်ဘယ်ဒန်ပြိုင်ပွဲနောက်ပိုင်း ဆီမီးဖိုင်နယ်သို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။
ဂရင်းစလင်းချန်ပီယံဆု နှစ်ဆုရှင် ဂေ့ါဖ်မှာ unforced error အများအပြား ပြုလုပ်မိခဲ့သလို စပေးဘောရိုက်ချက်များမှာလည်း ထိရောက်မှုနည်းပါးခဲ့ပြီး ၎င်းအဖို့ စိတ်ပျက်စရာ လက်စွမ်းဖြစ်ခဲ့သည်။

“အားမလိုအားမရဖြစ်မှုတွေကို ဖွင့်ထုတ်လိုက်ဖို့ပဲ လိုပါတယ်” ဟု ဂေ့ါဖ်က ပြောကြားခဲ့ကာ ယမန်နှစ်က မဲလ်ဘုန်းတွင် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ခြင်းမှာ ဩစတြေးလျအိုးပင်းတွင် ၎င်း၏ အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်သည်။
အမျိုးသမီးနှစ်ယောက်တွဲ တတိယအဆင့် ပွဲစဉ်၌ တရုတ်တင်းနစ်မယ် ကျန်းစွိုက်နှင့် ဘယ်လ်ဂျီယမ် တင်းနစ်မယ် အဲလစ်စ် မာတင်စ်တို့အတွဲက အမေရိကန်တင်းနစ်မယ် အတွဲဖြစ်သည့် ဟေလီ ဘက်ပ်တိစ်နှင့် ပေတန် စတန်းစ်တို့ကို နှစ်ပွဲပြတ် အနိုင်ရရှိခဲ့သည်။ (Xinhua)

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၇ ရက်က အမေရိကန်တင်းနစ်မယ် အီဗာ ဂျိုဗစ်နှင့် ယှဉ်ပြိုင်ခဲ့သည့် ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ကွာတားဖိုင်နယ်ပွဲစဉ်၌ ဘီလာရုစ်တင်းနစ်မယ် အရီနာ ဆာဘလန်ကာ ပြိုင်ဘက်၏ စပေးဘောကို ပြန်ရိုက်နေစဉ် (ဆင်ဟွာ)

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၇ ရက်က ဩစတြေးလျ တင်းနစ်ကစားသမား အဲလက်စ် ဒီမနော်ယာနှင့် ယှဉ်ပြိုင်ခဲ့သည့် ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ကွာတားဖိုင်နယ်ပွဲစဉ်၌ စပိန်တင်းနစ်ကစားသမား ကားလို့စ် အယ်လ်ကာရက်ဇ် ပြိုင်ဘက်၏ စပေးဘောကို ပြန်ရိုက်နေစဉ် (ဆင်ဟွာ)

………………
(English Version)
Top seeds Alcaraz, Sabalenka motor into Australian Open semis
MELBOURNE, Jan. 27 (Xinhua) — Top seeds Carlos Alcaraz and Aryna Sabalenka on Tuesday produced ruthless performances to storm into the Australian Open semifinals amid a Melbourne heatwave.
But world No.3 Coco Gauff became the highest-seeded casualty of the tournament after being dispatched by Elina Svitolina in a major upset as the quarterfinals started on day 10.
Temperatures reached a searing 43 degrees Celsius in Melbourne, forcing the closure of the roof on the center court at Rod Laver Arena for two of the quarterfinals.
Alcaraz, however, was not fazed by the elements, with temperatures cooling by the time of his match in the night session.
The six-time grand slam champion wasted little energy and reached the final four in Melbourne for the first time after ending the dreams of Australian hope Alex de Minaur 7-5, 6-2, 6-1 in two hours and 15 minutes.
“I’m really happy with the way I’m playing every match. I’m increasing my level,” said Alcaraz, who has not dropped a set in the tournament.
Alcaraz will next play world No.3 Alexander Zverev, who edged American Learner Tien 6-3, 6-7 (5), 6-1, 7-6 (3) in three hours and 11 minutes.
In the women’s draw, four-time major champion Sabalenka defied stifling heat in the middle of the day to end the exciting run of teenager Iva Jovic 6-3, 6-0 in 89 minutes.
“It was a tough match. Don’t look at the score, it wasn’t easy at all,” Sabalenka said modestly. “I’m super happy with the win.”
There had been an expectation that Sabalenka would square off in a semifinal blockbuster against rival Coco Gauff. But the American was left stunned by 12th-seeded Svitolina, who capitalized on her opponent’s error-strewn performance 6-1, 6-2 in less than an hour.
“I’m very, very pleased with the tournament so far,” said Svitolina, who reached the semifinals for the fourth time at a major and the first since Wimbledon in 2023.
It was a dismal performance by Gauff, a two-time grand slam champion, who was plagued by unforced errors and misfiring serves.
“Just need to let the frustration out,” said Gauff, whose best effort in Melbourne was her semifinal finish last year.
In the women’s doubles third round, China’s Zhang Shuai and Elise Mertens of Belgium beat the American pairing of Hailey Baptiste and Peyton Stearns in straight sets.
English Caption 1
Aryna Sabalenka (R) of Belarus greets Iva Jovic of the United States after their women’s singles quarterfinal match at the Australian Open tennis tournament in Melbourne, Australia, Jan. 27, 2026. (Photo by Hu Jingchen/Xinhua)
English Caption 2
Aryna Sabalenka of Belarus hits a return during the women’s singles quarterfinal match between Aryna Sabalenka of Belarus and Iva Jovic of the United States at the Australian Open tennis tournament in Melbourne, Australia, Jan. 27, 2026. (Photo by Hu Jingchen/Xinhua)
English Caption 3
Carlos Alcaraz hits a return during the men’s singles quarterfinal match between Carlos Alcaraz of Spain and Alex de Minaur of Australia at the Australian Open tennis tournament in Melbourne, Australia, Jan. 27, 2026. (Photo by Wang Shen/Xinhua)