Europe
တရုတ်နိုင်ငံနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေး ပိုမိုနက်နက်ရှိုင်းရှိုင်းရှိစေရန် လုပ်ဆောင်သွားမည်ဟု လူကာရှန်ကို ပြော
မင့်စ်ခ်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)
ဘီလာရုစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် အဆင့်မြင့်အလွှာ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တစ်ဆင့်တိုး ခိုင်မာအောင်လုပ်ဆောင်ရန် စီစဉ်ထားကြောင်း ဘီလာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက ဇန်နဝါရီ ၂၇ ရက်၌ ပြောကြားခဲ့သည်။
နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေး၌ လူကာရှန်ကိုက ကမ္ဘာ့ပထဝီနိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်နေခိုက် တရုတ်နိုင်ငံသည် ဘီလာရုစ်နိုင်ငံ၏ နိုင်ငံခြားရေးနှင့် စီးပွားရေးမူဝါဒအတွက် အဓိကထောက်တိုင်အဖြစ် ပိုမိုအရေးပါလာပုံကို မီးမောင်းထိုးပြောပြခဲ့သည်။ “တရုတ်နိုင်ငံဟာ ကျွန်တော်တို့ရဲ့ အရေးပါဆုံး မိတ်ဖက်ဖြစ်ရုံတင်မကဘဲ ဖွံ့ဖြိုးတိုးတက်ဖို့ ရည်မှန်းထားတဲ့ နိုင်ငံအားလုံးအတွက် အဓိက မိတ်ဖက်လည်းဖြစ်တယ်” ဟု လူကာရှန်ကိုက ဆိုသည်။
လက်ရှိတွင် တရုတ်နိုင်ငံသည် ဘီလာရုစ်နိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ကာ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှာ ဥရောပသမဂ္ဂသို့ တင်ပို့မှုထက် ကျော်လွန်လျက်ရှိကြောင်း လူကာရှန်ကိုက ဆက်လက်ပြောကြားသည်။ တရုတ်နိုင်ငံ၏ ဈေးကွက်အတွင်း ပိုမိုနေရာရရှိနိုင်ရေးနှင့် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ကြရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
ထို့ပြင် တရုတ်ကုမ္ပဏီ အများအပြား မှတ်ပုံတင်ထားပြီး ကြိုတင်ကြေညာထားသည့် စီမံကိန်းအားလုံးကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ကာ အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဟု ကတိပြုထားသော တရုတ်-ဘီလာရုစ် စက်မှုဥယျာဉ်၏ တိုးတက်မှုများကိုလည်း ၎င်းက အလေးပေးပြောဆိုခဲ့သည်။ (Xinhua)
………………
(English Version)
Lukashenko says Belarus to deepen strategic ties with China
MINSK, Jan. 28 (Xinhua) — Belarus plans to further strengthen its high-level strategic partnership with China, President Alexander Lukashenko said on Tuesday.
Speaking at a meeting on bilateral cooperation, Lukashenko highlighted China’s growing importance as a key pillar of Belarus’s foreign and economic policy amid global geopolitical shifts. “China is not only our most important partner, but also a major partner for all countries committed to development,” Lukashenko said.
China is now Belarus’s second-largest trading partner, with exports to China surpassing those to the EU, Lukashenko said. He called for more proactive efforts to expand market access to China and attract more Chinese investment.
He also underscored progress at the China-Belarus Industrial Park, where dozens of Chinese companies have registered, and pledged swift implementation and acceleration of all announced projects.
English Caption
Chinese President Xi Jinping meets with Belarusian President Alexander Lukashenko in Beijing, capital of China, June 4, 2025. (Xinhua/Huang Jingwen)
