Latin America
လူ ၁၅ ဦး လိုက်ပါလာသည့် ပျောက်ဆုံးလေယာဉ်ကို ကိုလံဘီယာအာဏာပိုင်များ ရှာဖွေတွေ့ရှိ၊ အသက်ရှင်သူ မရှိကြောင်း ကြေညာ
ဘိုဂိုတာ၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)
ကိုလံဘီယာအာဏာပိုင်များက လူ ၁၅ ဦး တင်ဆောင်ထားသည့် ပျောက်ဆုံးနေသော ခရီးသည်တင်လေယာဉ်ကို ဇန်နဝါရီ ၂၈ ရက်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး အသက်ရှင်သူ မရှိကြောင်း ကြေညာခဲ့သည်။
ကိုလံဘီယာနိုင်ငံပိုင် လေကြောင်းလိုင်း Satena ၏ Beechcraft 1900 အမျိုးအစား လေယာဉ်အပျက်အစီးများကို ဒေသခံများနှင့် အမျိုးသားရဲတပ်ဖွဲ့တို့က ကိုလံဘီယာနိုင်ငံ အရှေ့မြောက်ပိုင်း Norte de Santander ဒေသတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကိုလံဘီယာ သတင်းမီဒီယာ RTVC Noticias က ဖော်ပြခဲ့သည်။
အဆိုပါ လေယာဉ်သည် ပြည်တွင်းလေကြောင်းခရီးစဉ် အမှတ် NSE 8849 ဖြင့် ပျံသန်းပြေးဆွဲနေခြင်း ဖြစ်ပြီး ခရီးစဉ်လမ်းကြောင်းမှာ Cucuta မှ Ocana သို့ ပျံသန်းခြင်းဖြစ်ကြောင်း၊ ယင်းလေယာဉ်သည် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၄၂ မိနစ်တွင် ထွက်ခွာခဲ့ပြီး ၁၁ နာရီ ၅၄ မိနစ်တွင် လေကြောင်းသွားလာရေး ထိန်းချုပ်သူများနှင့် နောက်ဆုံး ဆက်သွယ်မှုရှိခဲ့ကြောင်း Satena ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ လေယာဉ်ပေါ်တွင် ခရီးသည် ၁၃ ဦးနှင့် လေယာဉ်ဝန်ထမ်း ၂ ဦး လိုက်ပါသွားကြောင်း သိရသည်။
ကိုလံဘီယာ အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့က အရေးပေါ်အစီအမံများကို စတင်လုပ်ဆောင်ခဲ့ပြီး လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို စုဆောင်းရန် ပူးတွဲကွပ်ကဲရေး စင်တာတစ်ခုကို ဖွဲ့စည်းခဲ့သည်။ (Xinhua)
…………………..
(English Version)
Colombian authorities locate missing plane with 15 aboard, no survivors reported
BOGOTA, Jan. 28 (Xinhua) — Colombian authorities have located a missing passenger plane carrying 15 people on Wednesday, with no survivors reported.
The Beechcraft 1900 aircraft, operated by state airline Satena, was located in the Norte de Santander region in northeastern Colombia, after local residents and the National Police found the wreckage, according to Colombian news outlet RTVC Noticias.
The aircraft, operating domestic flight NSE 8849 on the Cucuta-Ocana route, made its last contact with air traffic controllers at 11:54 a.m. after taking off at 11:42 a.m. local time, Satena said in a statement. The plane was carrying 13 passengers and two crew members.
Colombia’s civil aviation authority activated emergency protocols and launched a unified command post to gather information on the crash. Enditem
English Caption: This photo provided by RTVC Noticias on Jan. 28, 2026 shows the wreckage of a crashed aircraft in the Norte de Santander region in northeastern Colombia. (RTVC Noticias/Handout via Xinhua)
