Europe
ဂရင်းလန်းအရေးနှင့် ပတ်သက်၍ အခြေအနေတင်းမာမှုများက ဥရောပအတွက် မဟာဗျူဟာအရ သတိပေးနှိုးဆော်မှုဖြစ်ဟု မက်ခရွန် ပြော
ပဲရစ်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)
ဂရင်းလန်းအရေးနှင့်ပတ်သက်၍ အမေရိကန်နှင့် တင်းမာမှုများ အရှိန်မြင့်တက်နေခြင်းမှာ ဥရောပတိုက် တစ်ခုလုံးအတွက် မဟာဗျူဟာအရ သတိပေးနှိုးဆော်မှုဖြစ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဇန်နဝါရီ ၂၈ ရက်၌ ပြောကြားခဲ့ကာ တစ်ချိန်တည်းတွင် ဒိန်းမတ်၊ ဂရင်းလန်းတို့နှင့်အတူ တညီတညွတ်တည်းရှိကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။
“ဂရင်းလန်းကျွန်းရဲ့ အခြေအနေဟာ ဥရောပရဲ့ အချုပ်အခြာအာဏာကို အခိုင်အမာ ရပ်တည်ကာကွယ်ဖို့၊ အာတိတ်ဒေသ လုံခြုံရေးအတွက် ဝိုင်းဝန်းအားဖြည့်ဆောင်ရွက်ဖို့၊ ပြည်ပ ကြားဝင်စွက်ဖက်မှုနဲ့ လုပ်ကြံသတင်း ဖန်တီးမှုကို တိုက်ဖျက်ဖို့၊ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ဖို့၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ထူးခြားကောင်းမွန်တဲ့ မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ဖို့နဲ့ မဟာဗျူဟာအရ မှီခိုမှုတွေကို လျှော့ချဖို့ ဥရောပတိုက်တစ်ခုလုံးအတွက် မဟာဗျူဟာအရ သတိပေးနှိုးဆော်မှု ဖြစ်တယ်ဆိုတာကို မကြာသေးခင်က ဖြစ်ရပ်တွေက ပိုမိုခိုင်မာစေခဲ့ပါတယ်” ဟု ပဲရစ်မြို့၌ ဒိန်းမတ်နှင့် ဂရင်းလန်း ခေါင်းဆောင်များနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် မက်ခရွန်က ပြောကြားခဲ့သည်။
ပြင်သစ်နိုင်ငံအနေဖြင့် အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက် ပြည့်စုံမှုဆိုင်ရာ မူဝါဒတွေကို ဥရောပသမဂ္ဂ မိတ်ဖက်အားလုံးနှင့်အတူ နက်နက်ရှိုင်းရှိုင်း ကတိကဝတ်ပြုကြောင်း၊ ထို့အတူ ယင်းမူဝါဒများကိုလည်း ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့်အညီ ဆက်လက်ကာကွယ်သွားမည်ဖြစ်ကြောင်း မက်ခရွန်က ပြောသည်။
ဒိန်းမတ်ဝန်ကြီးချုပ် မက် ဖရက်ဒရစ်ဆင်က နေတိုးမဟာမိတ်အဖွဲ့အနေဖြင့် ဒေသတွင်း၌ဖြစ်စေ၊ ဂရင်းလန်းကျွန်းနှင့် အနီးတစ်ဝိုက် အပါအဝင် အာတိတ်ဒေသ၌ဖြစ်စေ များစွာပိုမိုအရေးပါသော အခန်းကဏ္ဍမှ ပါဝင်ရန် တိုက်တွန်းခဲ့သည်။
ကမ္ဘာ့အကြီးဆုံးကျွန်းဖြစ်သည့် ဂရင်းလန်းကျွန်းမှာ ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဖြစ်ကာ ယင်း၏ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးမူဝါဒတို့ကို ဒိန်းမတ်က ထိန်းချုပ်ထားသည်။ ၂၀၂၅ ခုနှစ်တွင် အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရမ့် တစ်ကျော့ပြန် တာဝန်ယူခဲ့ပြီးနောက် ဂရင်းလန်းကျွန်းအား အရယူရန် ဆန္ဒရှိကြောင်း ထပ်တလဲလဲ ထုတ်ဖော်ပြောဆိုထားကာ ယင်းအပေါ် ဥရောပနိုင်ငံများက အကြိမ်ကြိမ် ဆန့်ကျင်ပယ်ချခဲ့သည်။ (Xinhua)

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (ဝဲ) က ဒိန်းမတ်ဝန်ကြီးချုပ် မက် ဖရက်ဒရစ်ဆင်အား ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ အီလီဇီးနန်းတော်၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်က ကြိုဆိုနေစဉ် (ဆင်ဟွာ)

ဂရင်းလန်းကျွန်းအား ထိန်းချုပ်မည်ဟူသော အမေရိကန်၏ ပြောဆိုချက်များနှင့် လုပ်ရပ်များအပေါ် ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ဂရင်းလန်းကျွန်း၏မြို့တော် နုခ်၌ ပြုလုပ်သည့် ဆန့်ကျင်ဆန္ဒပြမှုအတွင်း ဂရင်းလန်းဝန်ကြီးချုပ် ဂျန်စ်-ဖရီးဒရစ် နီရယ်လ်ဆင် (ဝဲ-ဆီးနှင်းပေါ်တွင် ရပ်နေသူ) အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………
(English Version)
Greenland tensions “strategic wake-up call” for Europe: Macron
PARIS, Jan. 28 (Xinhua) — French President Emmanuel Macron said on Wednesday that escalating tensions with the United States over Greenland constitute a strategic wake-up call for Europe as a whole, while reiterating France’s solidarity with Denmark and Greenland.
“Recent events confirm that the situation in Greenland is a strategic wake-up call for all of Europe: on asserting our European sovereignty, on our contribution to Arctic security, on combating foreign interference and disinformation, on the fight against climate change, and on a privileged partnership for sustainable development and reducing strategic dependencies,” Macron said at a joint press conference with the leaders of Denmark and Greenland in Paris.
Macron said France is deeply committed to the principles of sovereignty and territorial integrity with all its partners in the European Union, adding that France will continue to defend these principles in accordance with the Charter of the United Nations.
Danish Prime Minister Mette Frederiksen called for NATO to play a much more significant role in the region and in the High North, including in and around Greenland.
Greenland, the world’s largest island, is a self-governing territory within the Kingdom of Denmark, with Copenhagen retaining control over defense and foreign policy. Since returning to office in 2025, U.S. President Donald Trump has repeatedly expressed a desire to “obtain” Greenland, a move that has been repeatedly rejected by Europe.
English Caption 1
French President Emmanuel Macron (C) greets Danish Prime Minister Mette Frederiksen (R) and Greenlandic Prime Minister Jens-Frederik Nielsen at the Elysee Palace in Paris, France, Jan. 28, 2026. (Photo by Henri Szwarc/Xinhua)
English Caption 2
French President Emmanuel Macron (L) greets Danish Prime Minister Mette Frederiksen at the Elysee Palace in Paris, France, Jan. 28, 2026.
English Caption 3
Greenland’s Prime Minister Jens-Frederik Nielsen (L, on the snow) is seen during a demonstration against U.S. actions and remarks suggesting control over Greenland in Nuuk, capital of Greenland, an autonomous territory of Denmark, Jan. 17, 2026. (Photo by Anders Kongshaug/Xinhua)
