Connect with us

International Organizations

၂၀၂၆ ခုနှစ် ဖီဖာစီးရီးဘောလုံးပြိုင်ပွဲတွင် နမီးဘီးယား ပါဝင်ယှဉ်ပြိုင်မည်

ကာတာနိုင်ငံ မြို့တော်ဒိုဟာ၌ ကျင်းပသည့် ကာတာအသင်း၏ အုပ်စုအေနောက်ဆုံးခြေစစ်ပွဲ၌ ယူအေအီးအသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရပြီးနောက် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲသို့ တက်လှမ်းသွားခြင်းအတွက် အောင်ပွဲခံနေသည့် ကာတာအသင်းသားများကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝင်းဟုခ်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က မတ်နှင့် ဧပြီတို့၌ ကျင်းပရန် စီစဉ်ထားသည့် ဖိတ်ခေါ်ပြိုင်ပွဲဖြစ်သော ဒုတိယအကြိမ်မြောက် ဖီဖာစီးရီးဘောလုံးပြိုင်ပွဲတွင် နမီးဘီးယား အမျိုးသားအသင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ကာဇက်စတန်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အုပ်စုအဆင့်ပွဲစဉ်များတွင် နမီးဘီးယားအသင်းက ကူဝိတ်၊ ကိုမိုရို့စ်နှင့် ကာဇက်စတန်အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း နမီးဘီးယားဘောလုံးအဖွဲ့ချုပ်က ဇန်နဝါရီ ၂၈ ရက်၌ ကြေညာခဲ့သည်။
နည်းပြချုပ် ကောလင်းဘင်ဂျမင်က ၎င်းတို့အသင်းအား ဖီဖာ၏ ဖိတ်ခေါ်မှုကို ကြိုဆိုခဲ့ပြီး ယင်းဖိတ်ခေါ်မှုကို ၎င်း၏ကစားသမားများအား နိုင်ငံတကာအတွေ့အကြုံများ ရရှိစေကာ ဘောလုံးအားကစား၏ ပိုမိုကျယ်ပြန့်သော ဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးပေးနိုင်မည့် အခွင့်အရေးအဖြစ် ထင်ရှားပေါ်လွင်စေခဲ့သည်။
“ဒီပြိုင်ပွဲက ကမ္ဘာလုံးဆိုင်ရာ ဘောလုံးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့ ဖီဖာရဲ့ ပိုမိုကျယ်ပြန့်တဲ့ ကြိုးပမ်းအားထုတ်မှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ကစားသမားတွေကို အဖိုးတန် နိုင်ငံတကာပွဲစဉ်တွေနဲ့ ထိတွေ့ဆက်ဆံနိုင်စေမှာပါ” ဟု ဘင်ဂျမင်က ပြောကြားခဲ့သည်။
ဖီဖာစီးရီးပြိုင်ပွဲတွင် အသင်း ၄၈ သင်းကို အုပ်စု ၁၂ စု ခွဲထားပြီး ပွဲစဉ်အားလုံးကို ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်များ၌ ထည့်သွင်းရေတွက်ထားသည်။ ယှဉ်ပြိုင်မှုရှိသော နိုင်ငံတကာ ချစ်ကြည်ရေးပုံစံအဖြစ် စီစဉ်တင်ဆက်ထားသည့် အဆိုပါပြိုင်ပွဲသည် နည်းပြများအနေဖြင့် ကစားသမားများကို အကဲဖြတ်ပြီး နည်းဗျူဟာများ ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်စေမည့် အဓိပ္ပာယ်ရှိသော ယှဉ်ပြိုင်မှုကို ပေးစွမ်းရန် ရည်ရွယ်ကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
Namibia to participate in 2026 FIFA Series
WINDHOEK, Jan. 28 (Xinhua) — Namibia’s men’s national team will take part in the second edition of the FIFA Series, an invitational tournament promoted by FIFA and scheduled for March and April.
Namibia will face Kuwait, Comoros and Kazakhstan in group-stage matches, all to be hosted in Kazakhstan, the Namibia Football Association announced on Wednesday.
Head coach Collin Benjamin welcomed the invitation, highlighting the chance for his players to gain international experience while contributing to football’s wider development.
“The platform will provide players with valuable international match exposure as part of FIFA’s broader efforts to enhance global football development,” Benjamin said.
The FIFA Series features 48 teams divided into 12 groups, with all matches counting toward the FIFA World Rankings. Introduced as a competitive international friendly format, the tournament aims to provide meaningful competition while allowing coaches to assess players and refine tactics. ■
English Caption
Qatar players celebrate reaching the 2026 FIFA World Cup after beating the United Arab Emirates 2-1 in their final Group A qualifier in Doha, Qatar, on Oct. 14, 2025. (Photo by Nikku/Xinhua)