International Organizations
ဩစတြေးလျအိုးပင်း ဆီမီးဖိုင်နယ်တွင် ဆင်နာနှင့် ဂျိုကိုဗစ် တွေ့ဆုံ၊ ကမ္ဘာ့အဆင့်-၂ တင်းနစ်မယ် ရှီအွန်တက်ခ် ပြိုင်ပွဲမှထွက်ခွာခဲ့ရ
မဲလ်ဘုန်း၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)
ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်-၂ (အမျိုးသား) ဂျန်းနစ်ခ် ဆင်နာမှာ ချန်ပီယံဆုအား သုံးနှစ်ဆက်တိုက် ရယူနိုင်ရေးအတွက် ကံကြမ္မာဖေးမမှုဖြင့် နောက်တစ်ဆင့်တက်ရောက်လာသည့် နိုဗက် ဂျိုကိုဗစ်ကို ဆီမီးဖိုင်နယ်တွင် ရင်ဆိုင်ကျော်ဖြတ်ရမည်ဖြစ်ကာ ကမ္ဘာ့အဆင့်-၂ (အမျိုးသမီး) အီဂါ ရှီအွန်တက်ခ်မှာမူ ဇန်နဝါရီ ၂၈ ရက် ကွာတားဖိုင်နယ်ပွဲစဉ်၌ အယ်လီနာ ရေဘက်ကီနာကို အရေးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်။
ဇန်နဝါရီ ၂၇ ရက်က မဲလ်ဘုန်းမြို့တွင် အပူလှိုင်းဒဏ်ကြောင့် အပူချိန်ပြင်းထန်ခဲ့မှုနှင့် နှိုင်းယှဉ်ပါက ဇန်နဝါရီ ၂၈ ရက် ကွာတားဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်မှုများမှာ သိသိသာသာ ပိုမိုအေးမြသော ရာသီဥတုအောက်တွင် ပြီးဆုံးခဲ့သည်။
ဂရင်းစလင်းချန်ပီယံဆု လေးဆုရှင် ဆင်နာက အမေရိကန်တင်းနစ်ကစားသမား ဘန်ရှယ်လ်တန် (ဆီဒင်-၈) ကို ၆-၃၊ ၆-၄၊ ၆-၄ ဖြင့် အနိုင်ယူကာ မဲလ်ဘုန်းပါ့ခ်တွင် ၁၉ ပွဲဆက်တိုက် အနိုင်ရရှိသည့် မှတ်တမ်းကို ရေးထိုးနိုင်ခဲ့သည်။
ဆင်နာက ပြိုင်ဘက်ပြန်မဆယ်နိုင်သည့် ရိုက်ချက်များမှ ၃၃ မှတ် ရယူနိုင်ခဲ့ပြီး ၎င်း၏ လက်စွမ်းတည်တည်ငြိမ်ငြိမ်ဖြင့် ဖိအားပေးမှုကြောင့် ရှယ်လ်တန်မှာ unforced error အကြိမ်ရေ နှစ်ဆကျော်ပိုလုပ်မိခဲ့သည်။
၂ နာရီနှင့် ၂၃ မိနစ်ကြာ ယှဉ်ပြိုင်ကာ အနိုင်ရခဲ့ပြီးနောက် ဆင်နာက အားမာန်အပြည့်ဖြင့် အောင်ပွဲခံခဲ့ကာ ၎င်းအနေဖြင့် ငါးကြိမ်မြောက် ဂရင်းစလင်း ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အသက် ၃၈ နှစ်အရွယ် ဂျိုကိုဗစ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
“နိုဗက်ဟာ သူ့ရဲ့အသက်အရွယ်မှာ မယုံနိုင်လောက်အောင် လက်စွမ်းပြကစားနိုင်သေးတာကို မြင်ရတာ ကျွန်တော်တို့အတွက် သိပ်ကံကောင်းပါတယ်။ သိပ်ကောင်းတဲ့ယှဉ်ပြိုင်မှု ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု ဆင်နာက ဆိုသည်။
အဆိုပါ အီတလီကစားသမားအနေဖြင့် ဩစတြေးလျအိုးပင်း ဆုဖလားကို ၁၀ ကြိမ် ဆွတ်ခူးထားသည့် ဂျိုကိုဗစ်ကို ၂၀၂၄ ခုနှစ်က အနိုင်ယူခဲ့ပြီးနောက် ရော့ဒ်လေဗာ အားကစားကွင်း၌ ၎င်းတို့နှစ်ဦး ထပ်မံရင်ဆိုင်ကြမည့် စိတ်လှုပ်ရှားဖွယ် ဆီမီးဖိုင်နယ်ပွဲစဉ်က စောင့်ကြိုလျက်ရှိသည်။
ဂျိုကိုဗစ် (ဆီဒင်-၄) မှာ လော်ရန်ဇို မူဆက်တီ (ဆီဒင်-၅) အား နှစ်ပွဲပြတ် အရေးနိမ့်နေသော်လည်း မူဆက်တီမှာ ဒဏ်ရာကြောင့် ဆက်လက်မကစားနိုင်တော့သဖြင့် ကံကောင်းထောက်မစွာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
အီတလီတင်းနစ်ကစားသမား မူဆက်တီက ဂျိုကိုဗစ်ကို ၆-၄၊ ၆-၃ ဖြင့် ဦးဆောင်ထားကာ ၎င်း၏ ကစားသမားဘဝတစ်လျှောက် အကြီးမားဆုံးနိုင်ပွဲ ရယူရန် အခြေအနေကောင်းနေသော်လည်း ညာဘက်ပေါင်တွင် ဒဏ်ရာရရှိခဲ့ပြီးနောက် အကြီးအကျယ် ရုန်းကန်ခဲ့ရသည်။
၎င်းမှာ အားတင်း၍ ဆက်လက်ပြိုင်ပွဲဝင်ခဲ့သော်လည်း ၎င်း၏လှုပ်ရှားပုံမှာ ဆိုးဆိုးရွားရွား အကန့်အသတ်ရှိလာပြီးနောက် တတိယပွဲလတ်တွင် ၁-၃ မှတ် ဖြစ်နေစဉ် ပွဲကိုရပ်နားခဲ့ရသည်။
အံ့အားသင့်ဖွယ် အလှည့်အပြောင်းမဖြစ်မီက ဂျိုကိုဗစ်မှာ ဒုတိယပွဲလတ်အပြီးတွင် ဆေးကုသမှုခံယူခဲ့ရပြီး အရည်ကြည်ဖုများကြောင့် ၎င်း၏ ညာဘက်ခြေထောက်ကို ပတ်တီးစည်း၍ ကစားခဲ့ရသည်။
အသက် ၂၃ နှစ်အရွယ် မူဆက်တီမှာ ပရော်ဖက်ရှင်နယ် တင်းနစ်လောက၌ အဓိကပြိုင်ပွဲတစ်ပွဲ၏ ကွာတားဖိုင်နယ်ပွဲစဉ်တွင် ပထမပွဲလတ်နှစ်ပွဲ အနိုင်ရပြီးမှ အရှုံးပေးခဲ့ရသည့် ပထမဆုံးကစားသမား ဖြစ်လာခဲ့သည်။
အမျိုးသမီးတစ်ဦးချင်း ပွဲစဉ်များတွင် ဂရင်းစလင်းချန်ပီယံဆု ခြောက်ကြိမ်ရရှိထားသည့် ရှီအွန်တက်ခ်က ရေဘက်ကီနာကို ရှုံးနိမ့်ခဲ့သည့်အတွက် ဩစတြေးလျအိုးပင်း ချန်ပီယံဆုကို ဆွတ်ခူးနိုင်ရန် ထပ်မံစောင့်ဆိုင်းရတော့မည်ဖြစ်သည်။
၂၀၂၂ ခုနှစ် ဝင်ဘယ်ဒန်ချန်ပီယံ ရေဘက်ကီနာမှာ လက်စွမ်းကျဆင်းနေသည့် ပြိုင်ဘက်ကို အကောင်းဆုံးယှဉ်ပြိုင်ကစားခဲ့ပြီး ပွဲကစားချိန် ၁ နာရီနှင့် ၃၅ မိနစ်အကြာတွင် ၇-၅၊ ၆-၁ ဖြင့် ထိုက်ထိုက်တန်တန် အနိုင်ရရှိခဲ့သည်။
ရှီအွန်တက်ခ်မှာ မဲလ်ဘုန်းတွင် ရလဒ်ကောင်းများ ရယူနိုင်ခြင်းမရှိသော်လည်း ရေဘက်ကီနာမှာမူ အမှားအယွင်းမရှိသလောက်နီးနီး ကစားနိုင်ခဲ့ကာ ပွဲလတ်တစ်ပွဲမှ ရှုံးနိမ့်ခြင်းမရှိဘဲ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
ရေဘက်ကီနာမှာ ၎င်းကဲ့သို့ပင် လက်စွမ်းပြနေသည့် ဂျက်ဆီကာ ပက်ဂူလာနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ၎င်းမှာ အမေရိကန်သူနှစ်ဦး ယှဉ်ပြိုင်ခဲ့သည့် ကွာတားဖိုင်နယ်ပွဲစဉ်၌ အာမန်ဒါ အန်နီဆီမိုဗာကို ၆-၂၊ ၇-၆ (၁) ဖြင့် သက်သောင့်သက်သာ အနိုင်ယူကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်လာခြင်းဖြစ်သည်။
ပြင်းထန်အားပါသော ရိုက်ချက်များဖြင့် အမှတ် ၂၀ ရယူနိုင်ခဲ့သလို ယခုပြိုင်ပွဲတွင် ပွဲလတ်တစ်ပွဲမှ ရှုံးနိမ့်ခြင်းမရှိသည့် ၂၀၂၄ ခုနှစ် ယူအက်စ်အိုးပင်း ဒုတိယဆုရှင် ပက်ဂူလာမှာ ၎င်း ဆွတ်ခူးနိုင်ခြင်းမရှိသေးသည့် ဂရင်းစလင်းဆုဖလားကို အရယူနိုင်ရန် အလားအလာရှိနေဆဲဖြစ်သည်။ (Xinhua)

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်က အီတလီတင်းနစ်ကစားသမား လော်ရန်ဇို မူဆက်တီနှင့် ယှဉ်ပြိုင်ခဲ့သည့် ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ကွာတားဖိုင်နယ်ပွဲစဉ်၌ ပရိသတ်များကို နှုတ်ဆက်နေသည့် ဆားဘီးယားတင်းနစ်ကစားသမား နိုဗက် ဂျိုကိုဗစ်အား တွေ့ရစဉ် (ဆင်ဟွာ)

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်က ကာဇက်စတန်တင်းနစ်မယ် အယ်လီနာ ရေဘက်ကီနာနှင့် ယှဉ်ပြိုင်ခဲ့သည့် ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ကွာတားဖိုင်နယ်ပွဲစဉ်၌ အီဂါ ရှီအွန်တက်ခ်၏ တုံ့ပြန်ပုံအား တွေ့ရစဉ် (ဆင်ဟွာ)



………………..
(English Version)
Sinner, Djokovic to meet in Australian Open semifinal as world No.2 Swiatek flames out
MELBOURNE, Jan. 28 (Xinhua) — World number two Jannik Sinner’s next step towards a third straight Australian Open title will go through a fortunate Novak Djokovic, while world No.2 Iga Swiatek crashed out after a quarterfinal capitulation against Elena Rybakina on Wednesday.
Quarterfinal action wrapped up in much cooler conditions compared to the heatwave that had scorched Melbourne on Tuesday.
Sinner, a four-time Grand Slam champion, defeated American eighth seed Ben Shelton 6-3, 6-4, 6-4 to record his 19th straight victory at Melbourne Park.
Sinner hit 33 winners and his consistency ensured Shelton made more than double the number of unforced errors.
After two hours and 23 minutes, Sinner held his arms aloft in steely celebration as he locked in a fifth Grand Slam semifinal against 38-year-old Djokovic.
“We are still lucky to have Novak here playing incredible tennis at his age. Hopefully, it will be a great battle,” Sinner said.
Another salivating semifinal at Rod Laver Arena awaits, after the Italian had usurped 10-time tournament winner Djokovic in 2024.
Fourth seed Djokovic was extremely lucky to move forward after fifth-seeded Lorenzo Musetti retired hurt when leading by two sets.
The Italian was headed for the biggest win of his career after rolling to a 6-4, 6-3 lead before severely struggling with an injury to his upper right leg.
He battled on but was severely limited with his movement before pulling the pin at 1-3 in the third set.
Just before the dramatic turn of events, Djokovic needed a medical timeout after the second set and had his right foot strapped up due to a blister.
The 23-year-old Italian became the first player in the professional era to retire in a major quarterfinal after winning the first two sets.
In the women’s draw, six-time Grand Slam champion Swiatek will have to wait longer for an elusive Australian Open title after falling well short against Rybakina.
The 2022 Wimbledon champion was all over her slumping opponent and thoroughly deserved her 7-5, 6-1 victory in one hour and 35 minutes.
While Swiatek could never get going in Melbourne, Rybakina has been near flawless and will enter the semifinals having not dropped a set.
Rybakina will face a similarly in-form Jessica Pegula, who strolled to a comfortable 6-2, 7-6 (1) win over Amanda Anisimova in an all-American quarterfinal.
The 2024 US Open finalist remains on track for an elusive grand slam triumph after whacking 20 winners and she has also not dropped a set in the tournament.
English Caption 1
Jannik Sinner reacts after the men’s singles quarterfinal match between Ben Shelton of the United States and Jannik Sinner of Italy at the Australian Open tennis tournament in Melbourne, Australia, Jan. 28, 2026. (Photo by Wang Shen/Xinhua)
English Caption 2
Novak Djokovic of Serbia greets the audience during the men’s singles quarterfinal match between Novak Djokovic of Serbia and Lorenzo Musetti of Italy at the Australian Open tennis tournament in Melbourne, Australia, Jan. 28, 2026. (Xinhua/Ma Ping)
English Caption 3
Iga Swiatek reacts during the women’s singles quarterfinal match between Elena Rybakina of Kazakhstan and Iga Swiatek of Poland at the Australian Open tennis tournament in Melbourne, Australia, Jan. 28, 2026. (Photo by Hu Jingchen/Xinhua)
