Connect with us

International Organizations

ဩစတြေးလျအိုးပင်းတွင် ရေဘက်ကီနာက ပက်ဂူလာကို အနိုင်ရရှိခဲ့သဖြင့် ဗိုလ်လုပွဲတွင် ဆာဘလန်ကာနှင့် ထိပ်တိုက်တွေ့ဆုံ

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က အမေရိကန်တင်းနစ်မယ် ဂျက်ဆီကာ ပက်ဂူလာနှင့် ယှဉ်ပြိုင်ခဲ့သည့် ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဆီမီးဖိုင်နယ်ပွဲစဉ်၌ ကာဇက်စတန်တင်းနစ်မယ် အယ်လီနာ ရေဘက်ကီနာ စပေးဘောအား ပြန်ရိုက်နေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

မဲလ်ဘုန်း၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

ဇန်နဝါရီ ၂၉ ရက်က ယှဉ်ပြိုင်ခဲ့သည့် ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်၌ အယ်လီနာ ရေဘက်ကီနာ (ဆီဒင်-၅) က အမေရိကန်တင်းနစ်မယ် ဂျက်ဆီကာ ပက်ဂူလာကို နှစ်ပွဲပြတ် အနိုင်ရရှိခဲ့ပြီးနောက် ဗိုလ်လုပွဲ၌ ကမ္ဘာ့အဆင့်-၁ တင်းနစ်မယ် အရီနာ ဆာဘလန်ကာနှင့် စိတ်လှုပ်ရှားဖွယ် ရင်ဆိုင်ရမည်ဖြစ်ရာ ရှုံးကြွေးပြန်ဆပ်နိုင်ရန် အခွင့်အရေး ရရှိသွားပြီဖြစ်သည်။
ရော့ဒ်လေဗာ အားကစားကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် ဒုတိယမြောက် ဆီမီးဖိုင်နယ်ပွဲစဉ်၌ ဝင်ဘယ်ဒန် ချန်ပီယံဟောင်းဖြစ်သူ ရေဘက်ကီနာက ပက်ဂူလာ (ဆီဒင်-၆) ကို နောက်မှလိုက်ကစားကာ ၆-၃၊ ၇-၆ (၇) ဖြင့် အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့ပြီး ပက်ဂူလာ၏ အကောင်းဆုံးအားထုတ်မှုများကို ကျော်လွှားနိုင်ခဲ့သည်။
ဒုတိယမြောက် ဂရင်းစလင်းဆုဖလားကို ဆွတ်ခူးနိုင်ရန် ကြိုးပမ်းနေသည့် ရေဘက်ကီနာမှာ အစောပိုင်း ဆီမီးဖိုင်နယ်ပွဲစဉ်၌ အယ်လီနာ ဆဗစ်တိုလီနာ (ဆီဒင်-၁၂) ကို အပြတ်အသတ်အနိုင်ယူခဲ့သည့် ဆာဘလန်ကာနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ယခုဗိုလ်လုပွဲမှာ ရေဘက်ကီနာအနေဖြင့် သုံးပွဲအထိ ရေကုန်ရေခမ်း ယှဉ်ပြိုင်ကစားပြီးမှ ဆာဘလန်ကာ၏ အနိုင်ယူခြင်းကို ခံခဲ့ရသည့် ၂၀၂၃ ခုနှစ် ဩစတြေးလျအိုးပင်း ဗိုလ်လုပွဲအတွက် မကျေပွဲဖြစ်လာမည်ဖြစ်သည်။
“တကယ့်ကို အကြိတ်အနယ်ရှိခဲ့တဲ့ ပွဲစဉ်တစ်ပွဲပါ။ ဒီပွဲမှာ အနိုင်ရခဲ့လို့ ပျော်ရွှင်ရသလို ဗိုလ်လုပွဲ တက်နိုင်ခဲ့လို့လည်း သိပ်ပျော်ပါတယ်” ဟု ပွဲချိန် ၁ နာရီနှင့် မိနစ် ၄၀ အကြာတွင် ပက်ဂူလာကို အနိုင်ရခဲ့သည့် ရေဘက်ကီနာက ဆိုသည်။
ယခုပြိုင်ပွဲမှာ အကြိတ်အနယ်ရှိသည့်ပွဲစဉ် နည်းပါးနေသည်ဟု ပရိသတ်အများအပြားက ဝေဖန်နေစဉ် ပွဲလတ်တစ်ပွဲမှ ရှုံးနိမ့်ခြင်းမရှိဘဲ ဆီမီးဖိုင်နယ်သို့ တက်‌လာသည့် ကစားသမားနှစ်ဦး၏ ပွဲကြီးပွဲကောင်းကို ကြီးကြီးမားမား မျှော်လင့်ထားကြသည်။
ရေဘက်ကီနာက ပရိသတ်များ၏ ညည်းညူဝေဖန်မှုများကို အမှုမထားဘဲ ‌ကွင်းဘေးစည်းနားသို့ ကပ်ရိုက်သည့် ရိုက်ချက်များဖြင့် ပြိုင်ဘက်အား စောစောစီးစီး အသာစီးယူနိုင်ခဲ့ပြီး ထောင့်ဖြတ်လက်သင့်ရိုက်ချက်ဖြင့် ပထမပွဲလတ်ကို ပြတ်ပြတ်သားသား အနိုင်ရခဲ့သည်။
၎င်းအနေဖြင့် ဒုတိယပွဲလတ်တွင်လည်း စောစီးစွာ break point ရရှိခဲ့ကာ အရှိန်မြှင့်ကစားနိုင်ခဲ့သော်လည်း မထင်မှတ်ထားသည့် အလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်ခဲ့သည်။
ရေဘက်ကီနာမှာ ပွဲငယ် ၉ ပွဲမြောက်တွင် ပွဲဖြတ်နိုင်မည့် အခွင့်အရေး ၃ ကြိမ်ကို ဖြုန်းတီးပစ်ခဲ့သလို စပေးဘောဖြင့် ပွဲသိမ်းနိုင်မည့် အခွင့်အရေးနှစ်ကြိမ်ကိုလည်း အသုံးမချနိုင်ခဲ့ပေ။
သို့သော် ရေဘက်ကီနာက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်လည်ကစားနိုင်ခဲ့ပြီး အဆုံးအဖြတ်ပွဲပိုတွင် အကြိတ်အနယ်ကစားရင်း ဘေးစည်းတည့်တည့်သို့ အားပါသော လက်ပြန်ရိုက်ချက်ဖြင့် ပွဲသိမ်းနိုင်ခဲ့သဖြင့် ဗိုလ်လုပွဲတွင် ဆာဘလန်ကာနှင့် မကျေပွဲယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီဖြစ်သည်။ (Xinhua)

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က အမေရိကန်တင်းနစ်မယ် ဂျက်ဆီကာ ပက်ဂူလာနှင့် ယှဉ်ပြိုင်ခဲ့သည့် ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးတွင် ကာဇက်စတန်တင်းနစ်မယ် အယ်လီနာ ရေဘက်ကီနာ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ကာဇက်စတန်တင်းနစ်မယ် အယ်လီနာ ရေဘက်ကီနာနှင့် ယှဉ်ပြိုင်ခဲ့သည့် ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဆီမီးဖိုင်နယ်ပွဲစဉ်၌ စိတ်ပျက်လက်ပျက်ဖြစ်နေသည့် အမေရိကန်တင်းနစ်မယ် ဂျက်ဆီကာ ပက်ဂူလာအား တွေ့ရစဉ် (ဆင်ဟွာ)

…………………
(English Version)
Rybakina overcomes Pegula to book Sabalenka showdown at Australian Open
MELBOURNE, Jan. 29 (Xinhua) — Fifth seed Elena Rybakina will get her chance to exact revenge against No.1 Aryna Sabalenka in an intriguing Australian Open final after a ruthless straight-sets victory over American Jessica Pegula on Thursday.
The former Wimbledon champion overcame the sixth-seeded Pegula’s best attempts at an unlikely comeback to prevail 6-3, 7-6 (7) in the second semifinal at Rod Laver Arena.
Rybakina’s bid for a second grand slam title will go through Sabalenka, who earlier thrashed 12th-seeded Elina Svitolina.
It will be a rematch of the 2023 Australian Open final, where Rybakina was left heartbroken after Sabalenka came from behind in a three-set classic.
“It was such a battle. I’m glad I was able to win it and super happy to be in the final,” Rybakina said of her one hour and 40-minute win over Pegula.
With many fans decrying the tournament for its lack of competitive matches, hopes were high for a belated epic between players who had not dropped a set en-route to the semifinal.
Rybakina wasn’t interested in fan lament as she claimed an early stranglehold by hitting the lines and finished off a dominant first set with a forehand crosscourt winner.
She kept the foot on the pedal with a break early in set two before an unexpected twist.
Rybakina squandered three match points in the ninth game and twice was unable to serve it out.
But she held her nerve and clinched a tense tiebreak with a booming backhand down the line to set up a rematch with Sabalenka.
English Caption 1
Elena Rybakina hits a return during the women’s singles semifinal match between Jessica Pegula of the United States and Elena Rybakina of Kazakhstan at the Australian Open tennis tournament in Melbourne, Australia, Jan. 29, 2026. (Photo by Wang Shen/Xinhua)
English Caption 2
Elena Rybakina reacts after the women’s singles semifinal match between Jessica Pegula of the United States and Elena Rybakina of Kazakhstan at the Australian Open tennis tournament in Melbourne, Australia, Jan. 29, 2026. (Photo by Wang Shen/Xinhua)
English Caption 3
Jessica Pegula reacts during the women’s singles semifinal match between Jessica Pegula of the United States and Elena Rybakina of Kazakhstan at the Australian Open tennis tournament in Melbourne, Australia, Jan. 29, 2026. (Photo by Wang Shen/Xinhua)