Connect with us

North America

ဗင်နီဇွဲလားတွင် ရက် ၃၀ အတွင်း ရွေးကောက်ပွဲမရှိဟု ထရမ့်ပြောကြား

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ပါးလ်မ်ကမ်းခြေရှိ မာ-အာ-လာဂိုအပန်းဖြေစခန်း၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃ ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်၏ ဓာတ်ပုံအား အိမ်ဖြူတော်မှ ထုတ်ပြန်စဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံအနေဖြင့် လာမည့် ရက် ၃၀ အတွင်း ရွေးကောက်ပွဲများ ကျင်းပမည်မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၅ ရက်၌ ပြောကြားခဲ့သည်။
“ကျွန်တော်တို့ နိုင်ငံကို အရင်ပြုပြင်ရမယ်။ ရွေးကောက်ပွဲ ကျင်းပလို့ မရဘူး။ ပြည်သူတွေ မဲပေးလို့ရမယ့် နည်းလမ်း မရှိပါဘူး” ဟု ထရမ့်က NBC News သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုအား အမေရိကန်တပ်ဖွဲ့များက မြို့တော် ကရာကတ်စ်မှ ခေါ်ဆောင်သွားပြီး နှစ်ရက်အကြာတွင် ထရမ့်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗင်နီဇွဲလား၏ စွမ်းအင်အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံရန်နှင့် ပြန်လည်တည်ဆောက်ရန် အမေရိကန်ရေနံကုမ္ပဏီများ၏ ကြိုးပမ်းအားထုတ်မှုများကို ၎င်း၏အစိုးရမှ ထောက်ပံ့နိုင်ကြောင်းလည်း ထရမ့်က ပြောကြားခဲ့ပြီး ယင်းလုပ်ငန်းစဉ်သည် ၁၈ လမျှ အချိန်ယူရနိုင်သည်ဟု ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ပါးလ်မ်ကမ်းခြေရှိ မာ-အာ-လာဂိုအပန်းဖြေစခန်း၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃ ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်၏ ဓာတ်ပုံအား အိမ်ဖြူတော်မှ ထုတ်ပြန်စဉ် (ဆင်ဟွာ)

………………
(English Version)
Trump says no election in Venezuela within 30 days
WASHINGTON, Jan. 5 (Xinhua) — U.S. President Donald Trump said on Monday that Venezuela will not hold elections in the next 30 days.
“We have to fix the country first. You can’t have an election. There’s no way the people could even vote,” Trump said in an interview with NBC News.
The remarks came two days after Venezuelan President Nicolas Maduro was taken from the capital Caracas by U.S. forces.
Trump also said that his administration may subsidize efforts by U.S. oil companies to invest in and rebuild Venezuela’s energy infrastructure, adding that the process could take less than 18 months. ■
English Caption 1, 2
A screen shot taken from a video released by the White House shows U.S. President Donald Trump holding a press conference at the Mar-a-Lago estate in Palm Beach, Florida, the United States, Jan. 3, 2026. (Xinhua)