Europe
နီကိုလပ်စ်မာဒူရို၏ ပိုင်ဆိုင်မှုများကို ဆွစ်ဖက်ဒရယ်ကောင်စီက ထိန်းချုပ်ပိတ်ပင်
ဂျီနီဗာ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုလပ်စ်မာဒူရို၏ ဆွစ်ဇာလန်နိုင်ငံရှိ ပိုင်ဆိုင်သော ပိုင်ဆိုင်မှုအားလုံးကို ထိန်းချုပ်ပိတ်ပင်လိုက်ကြောင်း ကြေညာချက်တစ်စောင်ကို ဆွစ်ဇာလန်ဖက်ဒရယ်ကောင်စီက ဇန်နဝါရီ ၅ ရက်၌ ထုတ်ပြန်ခဲ့သည်။
သက်ဆိုင်ရာ ဖက်ဒရယ်အက်ဥပဒေနှင့်အညီ ဆွစ်ဇာလန်ဖက်ဒရယ်ကောင်စီက မာဒူရို၊ ၎င်းနှင့်ဆက်စပ်နေသော အခြားပုဂ္ဂိုလ်များ၏ ဆွစ်ဇာလန်နိုင်ငံရှိ ပိုင်ဆိုင်သော ပိုင်ဆိုင်မှုအားလုံးကို ထိန်းချုပ်ပိတ်ပင်ရန် ဆုံးဖြတ်လိုက်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါထိန်းချုပ်ပိတ်ဆို့မှုသည် ချက်ချင်းအကျိုးသက်ရောက်မှုရှိပြီး နောက်ထပ်အကြောင်းကြားစာ မထုတ်ပြန်မချင်း လေးနှစ်ကြာ အကျုံးဝင်နေမည်ဟု ကြေညာချက်၌ ဖော်ပြထားသည်။
အမေရိကန်တပ်ဖွဲ့များသည် မာဒူရိုနှင့် ၎င်း၏ဇနီး ဆီလီယာဖလောရက်စ်တို့ကို ဇန်နဝါရီ ၃ ရက်က ပြန်ပေးဆွဲကာ ဗင်နီဇွဲလားနိုင်ငံမှ ခေါ်ဆောင်သွားပြီးနောက် နယူးယောက်တွင် ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။
မာဒူရိုနှင့် ၎င်း၏ဇနီးအား အမေရိကန်၏ အတင်းအကြပ်ဖမ်းဆီးမှုက ကမ္ဘာကြီးကို အံ့အားသင့်စေပြီး အမျက်ဒေါသထွက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ (Xinhua)

ဆွစ်ဇာလန်နိုင်ငံ ဘန်းမြို့ရှိ ဖက်ဒရယ်နန်းတော်၌ အလံတိုင်တစ်ဝက်လွှင့်ထူထားသည့် ဆွစ်အမျိုးသားအလံကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………….
(English Version)
Swiss Federal Council freezes assets of Nicolas Maduro
GENEVA, Jan. 5 (Xinhua) — The Swiss Federal Council announced in a statement on Monday that it has frozen all assets held in Switzerland by Venezuelan President Nicolas Maduro.
The statement said that, in accordance with the relevant federal act, the Federal Council has decided to freeze all assets held in Switzerland by Maduro and other persons associated with him.
The statement noted that the freeze takes effect immediately and will remain valid for four years until further notice.
U.S. troops carried out a raid on Saturday to kidnap Maduro and his wife, Cilia Flores, and flew them out of Venezuela, then put them in custody in New York.
The U.S. forcible seizure of Maduro and his wife has stunned the world and sparked widespread outrage. ■
English Caption 1
This file photo shows Venezuelan President Nicolas Maduro and his wife attending an event in Caracas, capital of Venezuela, Dec. 10, 2025. (Xinhua)
English Caption 2
The Swiss national flag at the Federal Palace is flown at half-mast in Bern, Switzerland, Jan. 3, 2026. (Photo by Liu Sheng/Xinhua)
