North America
အမေရိကန်၏ စစ်အင်အား အသုံးပြုခြင်း အပါအဝင် ဂရင်းလန်းကျွန်းအား ရယူနိုင်မည့် နည်းလမ်းများကို ထရမ့် ချိန်ဆနေဟု အိမ်ဖြူတော် ပြော
ဝါရှင်တန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ၎င်း၏အစိုးရအဖွဲ့မှာ ဒိန်းမတ်နိုင်ငံ၏ ဂရင်းလန်းကျွန်းအား ရယူနိုင်ရေးအတွက် “အမေရိကန်၏စစ်အင်အား အသုံးပြုခြင်း” အပါအဝင် နည်းလမ်းအမျိုးမျိုးကို ချိန်ဆလျက်ရှိသည်ဟု အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ကာရိုလိုင်း လဲဗစ်ထ်က ဇန်နဝါရီ ၆ ရက်၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
“သမ္မတကြီးနဲ့ သူ့ရဲ့အဖွဲ့ဟာ အဲဒီ အရေးကြီးနိုင်ငံခြားရေးမူဝါဒ မျှော်မှန်းချက်ကို ဖော်ဆောင်ဖို့ နည်းလမ်းအမျိုးမျိုးကို ဆွေးနွေးသုံးသပ်နေပြီး စစ်သေနာပတိချုပ်ရဲ့ သဘောဆန္ဒအလျောက် အမေရိကန်စစ်တပ်ကို အသုံးပြုခြင်းဟာလည်း ရွေးချယ်စရာနည်းလမ်းတစ်ခုအဖြစ် အမြဲရှိနေပါတယ်” ဟု လဲဗစ်ထ်က ဆင်ဟွာသတင်းဌာနသို့ အီးမေးလ်မှတစ်ဆင့် ပြောကြားခဲ့သည်။
ဂရင်းလန်းကျွန်းကို ရရှိရေးမှာ အမေရိကန်၏ အမျိုးသားလုံခြုံရေးဆိုင်ရာ ဦးစားပေးကိစ္စရပ်ဖြစ်သည်ကို သမ္မတ ထရမ့်က လူသိရှင်ကြား ပြောဆိုခဲ့ပြီးဖြစ်ကြောင်း၊ ယင်းသည် အာတိတ်ဒေသ၌ မိမိတို့၏ ရန်သူများကို ဟန့်တားရာတွင် အလွန်အရေးပါကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အိမ်ဖြူတော် လက်ထောက်ဦးစီးအရာရှိချုပ် စတီဖင် မေလာကလည်း အမေရိကန်က ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဖြစ်သော ဂရင်းလန်းကျွန်းအား သိမ်းယူရန် ကြိုးပမ်းမည်ဆိုလျှင်လည်း မည်သူကမှ အမေရိကန်ကို တိုက်ခိုက်ကြလိမ့်မည်မဟုတ်ကြောင်း ဇန်နဝါရီ ၅ ရက်က ပြောကြားခဲ့သည်။
ဂရင်းလန်းကျွန်းသည် အမေရိကန်၏ နယ်မြေအစိတ်အပိုင်း ဖြစ်သင့်သည်ဟူသော အချက်မှာ အမေရိကန်အစိုးရ၏ တရားဝင်သဘောထားဖြစ်ကြောင်း CNN သတင်းဌာနနှင့် အင်တာဗျူးတွင် မေလာက ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ဂရင်းလန်းကို မုချလိုအပ်ပါတယ်။ ကာကွယ်ရေးအတွက် ဂရင်းလန်းကို လိုအပ်ပါတယ်” ဟု ဇန်နဝါရီ ၄ ရက်က အတ္တလန်တစ် (Atlantic) မဂ္ဂဇင်းနှင့် တယ်လီဖုန်းအင်တာဗျူး၌ ထရ့မ်က ထပ်လောင်းပြောကြားခဲ့ကာ ဗင်နီဇွဲလားမှာ အမေရိကန်က ကြားဝင်စွက်ဖက်မှု လုပ်ဆောင်သည့် နောက်ဆုံးနိုင်ငံ ဖြစ်ဖွယ်မရှိဟု ထပ်လောင်းအတည်ပြုခဲ့သလို ဗင်နီဇွဲလားအား အမေရိကန်က အကြီးစားတိုက်ခိုက်မှု လုပ်ဆောင်ခြင်းမှာ ဂရင်းလန်းအတွက် မည်သို့အဓိပ္ပာယ်သက်ရောက်မှုရှိသည်ကို အခြားနိုင်ငံများက စဉ်းစားဆုံးဖြတ်သင့်သည်ဟုလည်း အခိုင်အမာပြောဆိုခဲ့သည်။
ဒိန်းမတ်ဝန်ကြီးချုပ် မက် ဖရက်ဒရစ်ဆင်ကမူ “အမေရိကန်က တခြား နေတိုးအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံကို စစ်ရေးအရ တိုက်ခိုက်ဖို့ ရွေးချယ်လိုက်မယ်ဆိုရင် နေတိုးအဖွဲ့ရော ဒုတိယကမ္ဘာစစ်အပြီးမှာ စတင်ထူထောင်ခဲ့တဲ့ လုံခြုံရေးစနစ်ပါ အပါအဝင် အရာအားလုံး ရပ်ဆိုင်းသွားပါလိမ့်မယ်” ဟု ဇန်နဝါရီ ၅ ရက်က တန်ပြန်သတိပေးခဲ့သည်။
ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ပိုလန်၊ စပိန်၊ ဗြိတိန်နှင့် ဒိန်းမတ်နိုင်ငံတို့မှ ခေါင်းဆောင်များက ဒိန်းမတ်၊ ဂရင်းလန်းကျွန်းတို့နှင့် သက်ဆိုင်သော အရေးကိစ္စများကို ဒိန်းမတ်နှင့် ဂရင်းလန်းတို့ ကိုယ်တိုင်သာလျှင် ဆုံးဖြတ်ရမည်ဟု ဇန်နဝါရီ ၆ ရက်က ပူးတွဲကြေညာချက် ထုတ်ပြန်ကာ ပြောကြားခဲ့သည်။
အာတိတ်ဒေသ၏ လုံခြုံရေးမှာ ဥရောပအတွက် အဓိကဦးစားပေးအဖြစ် ဆက်ရှိနေသကဲ့သို့ နိုင်ငံတကာနှင့် အတ္တလန္တိတ်ဖြတ်ကျော် လုံခြုံရေးအတွက်လည်း အလွန်အရေးပါကြောင်း၊ အာတိတ်ဒေသမှာ အဓိကဦးစားပေးဖြစ်ကာ ဥရောပမဟာမိတ်များသည်လည်း ယင်းဒေသ၌ တိုးမြှင့်အခြေချလျက်ရှိသည်ကို နေတိုးအဖွဲ့က ရှင်းရှင်းလင်းလင်း ပြောဆိုထားပြီးဖြစ်ကြောင်း ယင်းနိုင်ငံများ၏ ခေါင်းဆောင်များက အလေးထားပြောဆိုခဲ့ကြသည်။
ထရမ့်အနေဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် သမ္မတအဖြစ် တစ်ကျော့ပြန် တာဝန်ယူခဲ့ချိန်မှစ၍ ဂရင်းလန်းကျွန်းအား ထိန်းချုပ်ခြင်းမှ ရရှိလာမည့် အကျိုးစီးပွားများအကြောင်းကို ထပ်တလဲလဲ ပြောဆိုခဲ့သည့်အပြင် ထိုရည်မှန်းချက် ပြည့်မြောက်ရေးအတွက် စစ်ရေးအရ သို့မဟုတ် စီးပွားရေးအရ အင်အားသုံးလုပ်ဆောင်မည့် နည်းလမ်းကိုလည်း ပယ်ရှားမည်မဟုတ်ဟု ပြောဆိုခဲ့သည်။ (Xinhua)

ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ဂရင်းလန်းကျွန်း နုခ်မြို့၏ ရှုခင်းအား ၂၀၂၅ ခုနှစ် မတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………….
(English Version)
Trump weighs options to acquire Greenland including use of U.S. military: White House
WASHINGTON, Jan. 6 (Xinhua) — U.S. President Donald Trump and his team are weighing “a range of options” to acquire Denmark’s Greenland, including “utilizing the U.S. military,” White House Press Secretary Karoline Leavitt said in a statement on Tuesday.
“The president and his team are discussing a range of options to pursue this important foreign policy goal, and of course, utilizing the U.S. military is always an option at the commander-in-chief’s disposal,” Leavitt told Xinhua in an emailed statement.
She said that “President Trump has made it well known that acquiring Greenland is a national security priority of the United States, and it’s vital to deter our adversaries in the Arctic region.”
White House Deputy Chief of Staff Stephen Miller said Monday that nobody would fight the United States if it tried to seize Greenland, which is Denmark’s autonomous territory.
It was “the formal position of the U.S. government that Greenland should be part of the U.S.,” Miller said in an interview with CNN.
“We do need Greenland, absolutely. We need it for defense,” Trump reiterated in a phone interview with The Atlantic on Sunday, reaffirming that Venezuela may not be the last country subject to U.S. intervention while claiming it was up to others to decide what a U.S. large-scale strike against Venezuela means for Greenland.
“If the U.S. chooses to attack another NATO country militarily, then everything stops, including NATO and thus the security that has been established since the end of the Second World War,” Danish Prime Minister Mette Frederiksen warned on Monday in response.
Leaders of France, Germany, Italy, Poland, Spain, the United Kingdom and Denmark issued a joint statement on Tuesday, which said that “it is for Denmark and Greenland, and them only, to decide on matters concerning Denmark and Greenland.”
The leaders underscored that Arctic security remains a key priority for Europe, and it is critical for international and transatlantic security, noting that NATO has made clear that the Arctic region is a priority and European allies are increasing their presence in the area.
Since taking office again in January 2025, Trump has repeatedly expressed interest in gaining control of Greenland, saying that he would not rule out using “military or economic coercion” to achieve that goal.
English Caption 1
A screen shot taken from a video released by the White House shows U.S. President Donald Trump holding a press conference at the Mar-a-Lago estate in Palm Beach, Florida, the United States, Jan. 3, 2026. (Xinhua)
English Caption 2
This photo taken on March 20, 2025 shows the scenery of Nuuk, Greenland, an autonomous territory of Denmark. (Xinhua/Zhao Dingzhe)
