Connect with us

International Organizations

စပိန်စူပါဖလားပြိုင်ပွဲတွင် ဘာစီလိုနာအသင်း ဗိုလ်လုပွဲတက်ရောက်နိုင်မည်ဟု ပြတ်ပြတ်သားသား ရေပန်းစားနေ

စပိန်နိုင်ငံ ဘာစီလိုနာမြို့ ကော်နယ်လာအရပ်ရှိ RCDE အားကစားကွင်းတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃ ရက်က အက်စပန်ညိုနှင့် ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါဘောလုံးပွဲစဉ်၌ ဘာစီလိုနာအသင်းမှ ဒါနီ အိုလ်မို (အလယ်) ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့ရှိ ဘုရင်အဗ္ဗဒူလာ အားကစားမြို့တော် အားကစားကွင်းတွင် ဇန်နဝါရီ ၇ ရက်၌ ဘာစီလိုနာအသင်းနှင့် အက်သလက်တစ် ဘီဘာအိုအသင်းတို့ ယှဉ်ပြိုင်ကစားမည့် ဆီမီးဖိုင်နယ်ပွဲစဉ်ဖြင့် စပိန်စူပါဖလားပြိုင်ပွဲကို ဖွင့်လှစ်မည်ဖြစ်ကာ လာလီဂါအမှတ်ပေးဇယား ဦးဆောင်သူ ဘာစီလိုနာအသင်း ဗိုလ်လုပွဲတက်ရောက်နိုင်မည်ဟု ရေပန်းစားလျက်ရှိသည်။
ဘာစီလိုနာအနေဖြင့် ယမန်နှစ်ရာသီတွင် အဆင့်-၄ ဖြင့် အဆုံးသတ်နိုင်ခဲ့သော်လည်း ယခုရာသီတွင် ပုံမှန်ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသည့် ဘီဘာအိုထက် ခြေစွမ်းသာလွန်ကောင်းမွန်သည့် အသင်းအဖြစ် ပြိုင်ပွဲဆီသို့ ရောက်ရှိလာခြင်းဖြစ်သည်။

မြို့ခံပြိုင်ဘက် အက်စပန်ညိုကို အနိုင်ရခဲ့သည့် ဇန်နဝါရီ ၃ ရက် လာလီဂါပွဲစဉ်၌ ဘာစီလိုနာအသင်း ဂိုးသမား ယိုအန် ဂါစီယာမှာ အသင်းဟောင်းနှင့် ရင်ဆိုင်တွေ့ခဲ့သည့် ပွဲစဉ်၌ အကောင်းဆုံးလက်စွမ်းပြနိုင်ခဲ့သလို ဒါနီ အိုလ်မိုနှင့် ရောဘတ် လီဝန်ဒေါစကီးတို့ကလည်း အနိုင်သုံးမှတ်ရရှိစေမည့် သွင်းဂိုးများကို သွင်းယူပေးခဲ့သည်။
ဘာစီလိုနာနည်းပြ ဟန်ဆီ ဖလစ်ခ်အနေဖြင့် တိုက်စစ်ပိုင်းတွင် အပြောင်းအလဲပြုလုပ်နိုင်မည်ဖြစ်ပြီး အိုလ်မို၊ လီဝန်ဒေါစကီးတို့နှင့်အတူ ဖာမင် လိုပက်ဇ်နှင့် ပက်ဒရီတို့ကိုလည်း အသုံးပြုနိုင်မည်ဖြစ်ရာ အသင်း၏ လူအင်အားတောင့်တင်းမှုကို ပြသလျက်ရှိသည်။ သို့သော် ဘီဘာအိုအသင်းမှာမူ ယခုရာသီတစ်လျှောက်လုံးတွင် ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရပြီး မာရိုအန် ဆန်နာဒီ၊ ဘီနက် ပရာဒေ့ါစ်၊ အူနိုင်း အက်ဂီလက်ဇ်နှင့် အေမရစ် လာပေါ့ထ် စသည့် ကစားသမားများမှာ ပါဝင်ကစားနိုင်ခြင်းမရှိပေ။

ယခုပွဲစဉ်၌ အဓိကအားပြိုင်မှုတစ်ခုအဖြစ် လက်စွမ်းပြနေသော ဘာစီလိုနာဂိုးသမား ဂါစီယာနှင့် ဘီဘာအိုဂိုးသမား အူနိုင်း ဆီမွန်တို့ လက်စွမ်းချင်းပြိုင်ကြမည်ဖြစ်သည်။
စပိန်နည်းပြ လူးဝစ်စ် ဒယ်လာဖွန်တေးမှာ ယခုပွဲစဉ်ကိုကြည့်ရှုရန် ဂျက်ဒါမြို့သို့ ရောက်ရှိလာမည်ဖြစ်ကာ ထိုပွဲစဉ်၌ ဆီမွန်မှာ ပြိုင်ဘက်ဂိုးသမားဖြစ်သူ ဂါစီယာထက် ဂိုးပေါက်ကာကွယ်မှု ပိုမိုပြုလုပ်ရဖွယ်ရှိသည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ဘာစီလိုနာက ဘီဘာအိုကို အိမ်ကွင်း၌ ၄ ဂိုးပြတ် အနိုင်ရရှိထားသလို ဇန်နဝါရီ ၁၁ ရက် ဗိုလ်လုပွဲသို့ ဘာစီလိုနာအသင်း တက်ရောက်နိုင်မည်ဟု ရေပန်းစားလျက်ရှိသည်။ ဗိုလ်လုပွဲတွင် ဘာစီလိုနာအနေဖြင့် ဇန်နဝါရီ ၈ ရက်တွင် ရီးရဲလ်မက်ဒရစ်နှင့် အက်သလက်တီကိုမက်ဒရစ်တို့ ယှဉ်ပြိုင်ကစားမည့် ဆီမီးဖိုင်နယ်ပွဲစဉ်မှ အနိုင်ရရှိသည့်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ (Xinhua)

စပိန်နိုင်ငံ ဗီလာရီးရဲလ်မြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က ဗီလာရီးရဲလ်နှင့် ဘာစီလိုနာအသင်းတို့၏ လာလီဂါဘောလုံးပွဲစဉ်၌ ဘာစီလိုနာနည်းပြချုပ် ဟန်ဆီ ဖလစ်ခ်အား တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

စပိန်နိုင်ငံ ဗီလာရီးရဲလ်မြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က ဗီလာရီးရဲလ်နှင့် ဘာစီလိုနာအသင်းတို့၏ လာလီဂါဘောလုံးပွဲစဉ်၌ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေသည့် ဘာစီလိုနာကစားသမားများကို တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

…………………
(English Version)
Barcelona clear favorite in Spanish Supercup semifinal
MADRID, Jan. 6 (Xinhua) — FC Barcelona opens its Spanish Super Cup campaign against Athletic Bilbao on Wednesday at King Abdullah Sports City Stadium in Jeddah, with the La Liga leader favored to reach the final.
Barcelona arrives in stronger form than Athletic, which finished fourth last season but has struggled for consistency this year.
In Saturday’s win over city rival Espanyol, goalkeeper Joan Garcia produced a standout performance against his former club, while Dani Olmo and Robert Lewandowski scored to seal three points.
Barcelona coach Hansi Flick can rotate his attacking options, with Olmo and Lewandowski joined by Fermin Lopez and Pedri among the players available, underlining the team’s depth. Athletic, by contrast, has been hampered by injuries throughout the season, with Maroan Sannadi, Benat Prados, Unai Egiluz and Aymeric Laporte among those sidelined.
One of the key matchups will be between the in-form Garcia and Athletic goalkeeper Unai Simon.
Spain coach Luis de la Fuente will be in Jeddah to watch the game, though Simon is likely to be tested more often than his Barcelona counterpart.
Barcelona beat Athletic 4-0 at home in November 2025 and is favored to advance to Sunday’s final, where it would face either Real Madrid or Atletico Madrid, who meet in Thursday’s other semifinal.
English Caption 1
Barcelona’s Dani Olmo (C) celebrates his score during LaLiga football match between RCD Espanyol and FC Barcelona in RCDE Stadium, Cornella, Barcelona, Spain, Jan. 3, 2026. (Photo by Joan Gosa/Xinhua)
English Caption 2
Head coach of Barcelona Hansi Flick is seen during the La Liga football match between Villarreal and Barcelona in Vila-Real, Spain, Dec. 21, 2025. (Str/Xinhua)
English Caption 3
Players of Barcelona celebrates a goal during the La Liga football match between Villarreal and Barcelona in Vila-Real, Spain, Dec. 21, 2025. (Str/Xinhua)