International Organizations
တရုတ်နိုင်ငံမှ ဝမ်နှင့် ဂျပန်နိုင်ငံမှ ဟာရီမိုတိုတို့က ဒိုဟာ WTT ချန်ပီယံပြိုင်ပွဲတွင် ဒုတိယအဆင့်သို့ တက်လှမ်း
ဒိုဟာ၊ ဇန်န၀ါရီ ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံမှ ကမ္ဘာ့နံပါတ် ၂ တင်းနစ်မယ် ဝမ်မန့်ယွိက ဂျပန်နိုင်ငံမှ ဆာဆူကီ အိုဒိုအား ဇန်န၀ါရီ ၈ ရက်၌ ဆက်တိုက်အနိုင်ယူခဲ့ပြီး ဂျပန်နိုင်ငံမှ တတိယအဆင့်ရှိ ကစားသမား တိုမိုကာဇူ ဟာရီမိုတိုက တရုတ်နိုင်ငံမှ ရှန့်ဖုန်အား အနိုင်ရရှိကာ ၂၀၂၆ ခုနှစ် ဒိုဟာ ကမ္ဘာ့စားပွဲတင်တင်းနစ်ချန်ပီယံပြိုင်ပွဲ ဒုတိယအဆင့်သို့ တက်လှမ်းသွားကြောင်း သိရသည်။
ဝမ်က ယခုနှစ်တွင် ၎င်း၏ ပထမဆုံးပွဲ၌ ပုံစံကောင်းပြသခဲ့ပြီး wildcard ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အိုဒိုအား ရမှတ် ၁၂-၁၀၊ ၁၁-၅၊ ၁၁-၆ ဖြင့် အလွယ်တကူအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ အသက် ၂၆ နှစ်အရွယ် ကစားသမား ဝမ်သည် ဒုတိယအဆင့်တွင် ပြင်သစ်နိုင်ငံမှ Prithika Pavade နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
“ပထမဆုံးပွဲမှာတင် တစ်ကျော့ပြန်အနိုင်ရရှိခြင်းက ကျွန်မရဲ့အရှိန်ကို ရှာဖွေရာမှာ အများကြီးအထောက်အကူဖြစ်စေခဲ့ပါတယ်။ ကျွန်မကတော့ အလိုက်သင့်တုံ့ပြန်ဖို့ ပြင်ဆင်ထားပါတယ်။ ဒီနှစ်မှာ ကျွန်မရဲ့စွမ်းဆောင်ရည်ကို ပိုကောင်းအောင်ကြိုးစားသွားမှာပါ” ဟု ပွဲအပြီးတွင် ဝမ်က ပြောကြားခဲ့သည်။
ဟာရီမိုတိုကလည်း လွန်ခဲ့သည့်လက WTT ဗိုလ်လုပွဲတွင် အနိုင်ရပြီးနောက် ၎င်း၏အရှိန်အဟုန်အား နှစ်သစ်သို့ ဆက်လက်သယ်ဆောင်၍ ရှန့်ကို ရမှတ် ၁၁-၄၊ ၁၁-၇၊ ၁၁-၈ ဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်သည်။
ဟာရီမိုတိုသည် တောင်ကိုရီးယားနိုင်ငံမှ အန်ဂျေဟွန်းကို ရမှတ် ၇-၁၁၊ ၁၁-၈၊ ၁၁-၆၊ ၁၁-၇ ဖြင့် အနိုင်ရရှိခဲ့သည့် တရုတ်မှ ကျိုးချီဟောင်နှင့် ရင်ဆိုင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
တရုတ်နိုင်ငံမှ လျန်ကျင့်ခွန်း၊ ချန်ယွမ်ယွီ၊ ချန်ရှင့်ထုန်နှင့် ချန်ရိတို့ကလည်း အဆင့်တက်ခဲ့ကြသည်။
ထိပ်တန်းကစားသမားများဖြစ်သည့် ဝမ်ချူချင်းနှင့် စွန်းရင်ဆားတို့ မပါဝင်ခြင်းကြောင့် တရုတ်နိုင်ငံမှ ပါဝင်ယှဉ်ပြိုင်သူ ဆယ်ဦးတွင် ကိုးဦးက နောက်ဆုံး ၁၆ သင်းအဆင့်၌ နေရာများ ရရှိခဲ့ကြကြောင်း သိရသည်။ (Xinhua)

၂၀၂၆ ခုနှစ် ဒိုဟာ ကမ္ဘာ့စားပွဲတင်တင်းနစ်ချန်ပီယံပြိုင်ပွဲ၌ ရှန့်ဖုန်နှင့် အမျိုးသား တစ်ဦးချင်း ၃၂ ပွဲအဆင့် ပွဲစဉ်အတွင်း ဘောလုံးအား ပြန်ရိုက်နေသည့် တိုမိုကာဇူ ဟာရီမိုတိုကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………….
(English Version)
Wang, Harimoto cruise into second round at WTT Champions Doha
DOHA, Jan. 9 (Xinhua) — Women’s world No. 2 Wang Manyu of China defeated Japan’s Satsuki Odo in straight games, while men’s third seed Tomokazu Harimoto of Japan eliminated China’s Xiang Peng to reach the second round of the 2026 World Table Tennis Champions Doha tournament on Thursday.
Wang was in good form in her first match of the year, breezing past wildcard Odo 12-10, 11-5, 11-6. The 26-year-old will confront France’s Prithika Pavade in the second round.
“A comeback win in the first game helped a lot in finding my pace. I was prepared to make response accordingly. I will strive to further improve my performance this year,” Wang said after the match.
After winning last month’s WTT Finals, Harimoto continued his momentum into the new year to claim an 11-4, 11-7, 11-8 victory over Xiang.
Harimoto next faces China’s Zhou Qihao, who saw off South Korea’s An Jae-hyun 7-11, 11-8, 11-6, 11-7.
China’s Liang Jingkun, Chen Yuanyu, Chen Xingtong and Chen Yi also advanced.
With the absence of top-ranked players Wang Chuqin and Sun Yingsha, nine out of ten Chinese participants secured berths in the last 16. ■
English Caption 1
Wang Manyu (top) hits a return during the women’s singles round of 32 match against Satsuki Odo at the 2026 WTT Champions Doha on Jan. 8, 2026. (Photo by Nikku/Xinhua)
English Caption 2
Tomokazu Harimoto hits a return during the men’s singles round of 32 match against Xiang Peng. (Photo by Nikku/Xinhua)
